(၁၀)
မဟာဒေဝ၏ မိုက်ရိုင်းမှုသည် ပြင်းထန်လွန်းလှ၏။ ကြမ်းတမ်းလွန်းလှ၏။ ခက်ထန်လွန်းလှ၏။
ယခုလည်း ညီညွတ်နေသည့် သံဃာကို နှစ်ခြမ်း (နှစ်ဂိုဏ်း) ဖြစ်သွားအောင် ဂိုဏ်းခွဲလိုက်ပြန်ပြီတည်း။
ထိုသည်ကို သံဃဘေဒကကံ ကျူးလွန်သည်ဟု ခေါ်၏။
သံဃဘေဒကကံသည် ပဉ္စာနန္တရိယကံ ငါးပါးထဲမှ တစ်ပါးဖြစ်၏။
ပြန်၍ ရေတွက်ကြည့်သော် ပဉ္စာနန္တရိယကံ ငါးပါးထဲမှ အမိသတ်၊ အဖသတ်၊ ရဟန္တာသတ်၊
သံဃာသင်းခွဲ ဟူသည့် ကံကြီးလေးပါးကို မဟာဒေဝ ကျူးလွန်ခဲ့ပြီဖြစ်၏။
ဘုရားကို သွေးစိမ်းတည်အောင်ပြုလုပ်သည့် ကံသာ ကျန်တော့၏။
အကယ်၍ ဗုဒ္ဓဘုရား ထင်ရှားရှိခဲ့ငြားအံ့၊–ထိုကံကိုလည်း–မဟာဒေဝ–ကျူးလွန်ကောင်း–ကျူးလွန်နိုင်၏။
မဟာဒေဝသည် မဟာသင်္ဃ ိကဂိုဏ်းကို ဦးစီးပြီး အုပ်ချုပ်၏။ သာသနာပြု၏။ တိုးတက်ရေးကို ရှေ ့ရှု၏။
ထို့ကြောင့် သူ၏အယူဝါဒသည် လူကြိုက် များလာ၏။–
ယုံကြည်ကြည်ညိုသူ–များလာ၏။–သူ၏–လုပ်ဆောင်ချက်သည်–အောင်မြင်လေ၏။
နှစ်အနည်းငယ်ကြာသောအခါ မဟာဒေဝသည် နာမကျန်းဖြစ်လာ၏။
အင်အားတွေ ဆုတ်ယုတ်လာ၏။ အသွေးအသားတွေ ခန်းခြောက်လာ၏။ သွေးခဏခဏအန်၏။
စိတ်ကယောင်ခြောက်ခြားဖြစ်၏။ ယောင်တိယောင်နဖြစ်၏။ ဝေဒနာခံစားရ၍ ကျယ်လောင်စွာအော်ဟစ်လေ၏။
ထိုလက္ခဏာသည် ရဟန္တာပုဂ္ဂိုလ်တို့၏ လက္ခဏာမဟုတ်ပေ။
သို့သော် လူတိုင်းက သူ့ကို ရဟန္တာဟုလက်ခံထားကြ၏။
သူအဆိုတင်သွင်းခဲ့သည့် အချက်ငါးချက်ထဲမှ နောက်ဆုံးအချက်၌ ရဟန္တာများသည်လည်း
ဒုက္ခဝေဒနာကို သည်းမခံ(မကျော်လွန်)နိုင်ဟု ဆိုထားခဲ့သည် ဖြစ်၏။ ထိုလောက်ထိ သူသည် အမြှော်အမြင်ကြီး၏။
ထိုအမျိုးမျိုးသော ဝေဒနာဆိုးတို့ နှိပ်စက်ပြီး မဟာဒေဝသည် အနိစ္စရောက်သွားလေ၏။
ထို့နောက် အဝီစိငရဲသို့–ကျရောက်သွားလေတော့သတည်း။
(အချို ့ပညာရှင်တို့အဆိုအရ) သူသေဆုံးပြီး သူ၏အလောင်းတော်ကို မီးသင်္ဂြိုဟ်ရန် နိုင်ငံတော် ဈာပနအနေဖြင့် မင်းကြီးစီစဉ်၏။
သူ၏ ဈာပနပွဲသည် နိုင်ငံတော်ဈာပနပွဲဖြစ်သည့်အားလျော်စွာ အလွန်စည်ကားလှ၏။
မင်းပရိသတ် လူပရိသတ် သံဃာပရိသတ်တို့ဖြင့် ပြည့်လျှံနေလေ၏။
သူ၏ အလောင်းကို လောင်တိုက်ပေါ်တင်ပြီး အများရှေ ့၌ မီးသဂြိုဟ်မှု ပြုကြ၏။ မီးအတန်တန်ရှို ့ကြ၏။
သို့သော် မီးသည် သူ့ခန္ဓာကိုယ်ကို ကူးစက်မလောင်ကျွမ်းပေ။
ဘုရားရှင်၏ အလောင်းတော်သည် မီးမကူးနိုင်ဘဲရှိရာမှ အရှင်မဟာကဿပကြွရောက်လာပြီး
ဦးသုံးကြိမ်တိုက်မှ အလိုလို တေဇောဓါတ်လောင်ကျွမ်းခဲ့သည်ကို သူ၏ တပည့်သံဃာများသိ၏။
ထို့ကြောင့် ထိုနည်းကိုသူတို့ ကျင့်သုံးကြ၏။ တပည့်ကြီးများက သူ၏ရုပ်အလောင်းကို ဦးတိုက်ကြ၏။ သို့သော် ထူးမခြားနားပေ။
ထိုအချိန်၌ ထိုပရိသတ်ထဲမှ သူ့ကို မလိုလားသည့် သူတစ်ယောက်က မုန်းတီးစွာဖြင့်
အနီးရှိ ခွေးချေးတုံးကို ကောက်ယူကာ သူ၏ အလောင်းကို ရုတ်တရက် ပစ်ပေါက်လိုက်၏။
ထိုအခါမှ ခွေးချေး၏အစွမ်းဖြင့် သူ၏ရုပ်ကလာပ်ကို မီးလောင်ကျွမ်းသွားလေတော့၏။
အံ့ဩဖွယ်ပင်တည်း။ မဟာဒေဝ၏ အောက်တန်းကျလှသည့် လက္ခဏာပင်ဖြစ်၏။
ဤတွင် မောင်နတ်ကြီးခေါ် မဟာဒေဝ၏ ဖြစ်ရပ်မှန်ဇာတ်ကြောင်းသည် ပြီးဆုံးခြင်းသို့ ရောက်လေတော့၏။
သို့သော် သူ၏ဇာတ်သိမ်းခန်းသည် စာဖတ်သူပရိသတ်မျှော်လင့်ထားသကဲ့သို့ မသိမ်းခဲ့ပေ။
စာရေးသူ ဖြစ်စေချင်သည့် ဇာတ်သိမ်းမျိုးလည်း မဟုတ်ခဲ့ပေ။
ဇာတ်သိမ်းမကောင်းသည့် တရုတ်ဇာတ်လမ်းတွဲ ကြည့်ရသကဲ့သို့ ခံစားရ၏။
သူသည် မကောင်းမှုများစွာကို ရက်ရက်စက်စက် ကျူးလွန်ခဲ့၏။
ထိုပြစ်ဒဏ်အတွက် သူ့ကို ဝဋ်လည်စေချင်၏။ ပြန်ခံစားရစေချင်၏။ အသေဆိုးဖြင့် မရှုမလှ သေဆုံးစေချင်၏။
သို့မဟုတ် အရှင်လတ်လတ်–မြေမျိုခံရပြီး–အရှင်လတ်လတ်ပင်–ငရဲသို့–ကျရောက်စေချင်၏။
ဖခင်ကိုသာ သတ်ခဲ့သည့် အဇာတသတ်မင်းကြီးသည် ကောင်းမှုများစွာ ပြုလုပ်ခဲ့သော်လည်း အပါယ်ငရဲသို့ ကျရောက်ခဲ့၏။
ဘုရားရှင်အား သွေးစိမ်းတည်အောင်ပြုလုပ်ခဲ့ပြီး သံဃာသင်းခွဲခဲ့သည့် ဒေဝဒတ်သည် အရှင်လတ်လတ်မြေမျိုပြီး ငရဲသို့ ကျရောက်ရလေ၏။
မဟာဒေဝသည် အဇာတသတ်ထက်လည်း အပြစ်ကြီး၏။ ဒေဝဒတ်ထက်လည်း အပြစ်ကြီး၏။
မိုက်တွင်းနက်ခဲ့၏။ ဆိုးဝါးခဲ့၏။ ထို့ကြောင့် သူ့ကို အဇာတသတ်ခံရသည်ထက် ပိုခံရစေချင်၏။
ဒေဝဒတ်ခံရသည်ထက် ပိုခံရစေချင်၏။
သို့သော် ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို မိမိဖြစ်စေချင်သည့် ဇာတ်သိမ်းမျိုး–သိမ်းပေး၍မရပေ။
နောက်ဆက်တွဲ။
မဟာဒေဝသေဆုံးပြီးနောက်ပိုင်း မင်းကြီးသည် အမြင်မှန်ရကာ သူ့အမိန့်ဖြင့် ပြည်နှယ်ဒဏ်ပေးခဲ့သည့်
ဗုဒ္ဓဝါဒီ ရဟန်းတော်များအားလုံးကို ပြန်လည်ပင့်ဖိတ်၏။ တောင်းပန်၏။ ခယဝပ်တွား၏။ ကိုးကွယ်ဆည်းကပ်၏။
ထို့နောက် ထိုသံဃာတော်တို့ကိုပင် ညီညွတ်စွာ ဗုဒ္ဓတရားတော်များအား ရွတ်ဖတ်သရဇ္ဈာယ်မှု ပြုစေ၏။
သို့သော် ကွဲသွားသည့် သံဃာ့ဂိုဏ်းကြီးနှစ်ခုကိုကား ပြန်ညှိပေး၍ မရတော့ပြီတည်း။
ဘီစီ ၅ဝ ခန့်၌ မဟာသင်္ဃိကဂိုဏ်းအရှိန်သည် တစ်ဟုန်ထိုး ကြီးပွါးအောင်မြင်လာလေ၏။
သူ၏ ဂိုဏ်းဝင်ရဟန်းတော်များသည်လည်း သူ၏ ဂိုဏ်းကို–မဟာသင်္ဃိကဂိုဏ်းအမည်မှ–မဟာယာနဂိုဏ်းဟု–အမည်ပြောင်းလိုက်ကြလေ၏။
ထိုမဟာယာနဂိုဏ်းသည် မြောက်ဘက်သို့ ဆန်တက်ပြီး ပြန့်ပွါးလေ၏။
နီပေါ၊ ဘူတန်၊ တိဗက်၊ တရုတ်၊ မွန်ဂိုလီးယား၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန်စသည့် မြောက်ဘက်နိုင်ငံတို့၌ ပိုပြီးထွန်းကားလေ၏။
ထိုကြောင့် မဟာယာနဂိုဏ်းကို မြောက်ပိုင်းဗုဒ္ဓဘာသာဟု ခေါ်တွင်၏။
ထေရဝါဒသည် တောင်ဘက်သို့ စုန်ဆင်းပြီး သာသနာပြန့်ပွါးလေ၏။
မြန်မာ၊ ထိုင်း၊ ကမ္ဗောဒီးယား၊ လာအို၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊
အာဖန်နစ္စတန် စသည့် တောင်ပိုင်းနိုင်ငံများ၌ ထွန်းကားခဲ့လေ၏။
ထို့ကြောင့် ထေရဝါဒဂိုဏ်းကို တောင်ပိုင်း ဗုဒ္ဓဘာသာဟု ခေါ်တွင်၏။
သို့သော် ယခုအခါ၌မူ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ အာဖန်နစ္စတန်
စသည့်နိုင်ငံတို့၌ ဗုဒ္ဓသာသနာ–ကွယ်ခဲ့ပြီဖြစ်၏။–အနည်းငယ်မျှသာ–ကျန်ရှိတော့၏။
နောက်ဆက်တွဲ၏–နောက်ဆက်တွဲ
မဟာဒေဝသည် ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်းတစ်ရာကျော် (ဘီစီ ၃၂ဝ ခန့်)
ဒုတိယသံဂါယနာနှင့် တတိယသံဂါယနာအကြား ပေါ်ပေါက်ခဲ့သည့်
မဟာသင်္ဃိကဂိုဏ်းကို–တည်ထောင်သူဖြစ်၏။
မဟာဒေဝနှင့်ပတ်သက်၍ အယူအဆအမျိုးမျိုးရှိကြ၏။ မဟာဒေဝသည် မာရ်နတ်ဖြစ်၏။
လူယောင်ဖန်ဆင်းပြီး သာသနာဖျက်ဖို့ ဆင်းသက်လာ၏ ဟုလည်း–ဆိုကြ၏။
မဟာဒေဝသည် ရဟန္တာအရှင်မြတ်ဖြစ်၏။ သူ့ကို မလိုသူတို့က သမိုင်းအမှားလုပ်ပြီး
မကောင်းမှုကျူးလွန်သည် ဟုစွပ်စွဲကြ၏ ဟူ၍လည်းဆိုကြ၏။
မဟာဒေဝသည် လူယုတ်မာရဟန်းတုဖြစ်၏။ သို့သော် သူသေဆုံးပြီး မင်းကြီးက ပြည်နှယ်ဒဏ်ပေးသည့်
ရဟန်းတော်များကို ခေါ်ယူကာ သံဂါယနာတင်၏။–ထိုရဟန်းတို့၏–အယူသည်ပင်–မဟာသင်္ဃိကဂိုဏ်းဖြစ်သည်ဟုလည်း–ဆိုကြ၏။
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏–သမိုင်းသည်–ရှုပ်ထွေးလွန်းစွတကား။
ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ။
သူကြီးမင်း(တုံးဖလား)
မှတ်ချက်။
The Heresy of Mahadeva ကို ဖွဲ့နွဲ့ရေးသားပါသည်။
မူရင်းရေးသားသူ kokomaunguk blogspot မှ blogger သူကြီးမင်း (တုံးဖလား) ကို Credit ပေးပါ၏။
(ကူးယူတင်ပြပေးသူ – လမင်းကြီး)
(တိတ်တခိုးအဖွဲ့ဝင်များအတွက် ဃရာဝါသစာများကိုသာတင်နေသောသည်ဆိုက်တွင် ဘာသာရေးဆိုင်ရာစာများလာတင်သည်ဟုစိတ်မကွက်ကြပါနှင့်။
အဖွဲ့ဝင်များထံတွင် တစ်စုံတခုသော ဗဟုသုတများ၊ ဆင်ခြင်တုံတရားအသိအမြင်များကျန်ရှိခဲ့မည်ဆိုလျှင် တင်ပေးရကျိုးနပ်ပါပြီ။)