ကျွန်တော်နဲ့ ထူးဆန်းသော သစ်သားရုပ်ထုလေး
ရေးသားသူ – Chann Ko (ချမ်းကို)
[ဂမ္ဘီရအပြာဇာတ်လမ်းရှည်ကြီး]
🏵️အပိုင်း (၂)🏵️
ကျနော် အခု အိမ်ပြန်မအိပ်တာ ၄ ရက်ရှိခဲ့ပြီဗျ။ ဘာကိုမှ နားမလည်နိုင်တော့ဘူး။ အိမ်ပြန်မအိပ်တဲ့ရက်တွေမှာ ညဖက် လိင်စိတ်ဖောက်ပြန်နေတဲ့ သရဲလိုလိုအကောင်အဖြစ် အသွင်ပြောင်းတာမျိုး လုံး၀ ထပ်ဖြစ်မလာဘူးဆိုတာ သိလိုက်ရတယ်။ အိမ်မှာ မအိပ်တော့ ဘယ်သွားအိပ်တာလဲလို့မေးရင် လောလောဆယ် ရပ်ကွက်ထဲမှာ နာရေးတစ်ခုရှိနေတော့ အဲ့ဒီ အသုဘအိမ်မှာပဲ ညတိုင်းစောင့်အိပ်သလိုလိုလုပ်ရင်း အိပ်ရတော့တာပေါ့။
နေ့ခင်းဖက် အိမ်ပြန်လာပြီး အိမ်အလုပ်ကူလုပ်၊ ညနေစောင်း ရေမိုးချိုးပြီးတာနဲ့ အသုဘအိမ်မှာ သွားပြီး သတင်းလာမေးတဲ့ ဧည့်သည်တွေကို စားဖို့သောက်ဖို့ စီစဉ်ချက်ပြုတ်ရတာတွေ၊ အသုဘချဖို့ အခေါင်းပျဉ်စပ်တာက အစ၊ ဖဲဝိုင်းက ဆရာသမားတွေ ညလယ်စာစားဖို့တစ်ဖုံ အကုန်ကူညီလုပ်ကိုင်ပေးရင်း ဆူညံနေတဲ့ ဖဲဝိုင်းတွေဘေးမှာပဲ ကွေးကွေးလေး ထိုးအိပ်ရင်း မိုးလင်းလင်းသွားရတာ ညအတော်များလာပြီ။ ကိုယ့်ဒုက္ခကြီးက ဘယ်သူ့ကိုမှ ဖွင့်ဟတိုင်ပင်လို့လည်း မရတာကိုးဗျ။ ရက်ဆက်ဖြစ်လာတော့ လူကလည်း အိပ်ရေးမဝပဲ မျက်နှာက ခဏလေးနဲ့ ချောင်ကျလာကရော။
ဒီကြားထဲ တစ်ဖက်ရပ်ကွက်က အမေ့ညီမအငယ်ဆုံး ကျနော့်ဒေါ်လေးက အိမ်ထောင်ပြုပါလေရောလား။ အဲ့ဒီမင်္ဂလာဆောင်မှာ ကြိုဆိုဧည့်ခံနေလိုက်သေးတယ်။ လူက အိပ်ချင်မူးတူးရုပ်နဲ့ ထမင်းဟင်းတွေ စားပွဲဝိုင်းတကာ လိုက်ဖြည့်ပေးရင်း လူနည်းနည်းရှင်းသွားတဲ့ မွန်းတည့်ချိန်ရောက်မှ ဗိုက်ဆာဆာနဲ့ မင်္ဂလာမဏ္ဏပ် ထောင့်ကျကျစားပွဲတစ်ခုမှာ ထမင်းနဲ့ဟင်းတွေကို ကျကျနနပြင်ပြီး တစ်ယောက်ထဲ ထိုင်ကြိတ်ဖို့ပြင်ဆင်၊ ကိုယ့်ရပ်ကွက်မဟုတ်တော့ ကာလသားအုပ်စုနဲ့ ခပ်ရောရောမလုပ်မိပဲ တစ်ယောက်ထဲပေါ့လေ။
“ဟေး! သူငယ်ချင်း နောက်ကျလှချေလား။ လာလာ ဒီဖက်ကို..။ ငါ့တူလေးနဲ့ တူတူဝင်စားလိုက်တော့”
ကျနော့်ဒေါ်လေးရဲ့ အသံတစာစာကို ကြားလိုက်ရလို့ ဆာဆာနဲ့ ထမင်းငုံ့လွေးနေရာက ပလုတ်ပလောင်းနဲ့ မော့ကြည့်လိုက်မိတယ်။
ဟိုက်! သေရောဗျာ။ ဒေါ်ခင်ချိုမေ.. အထက်အောက် အစိမ်းနုရောင်ဝမ်းဆက် ချပ်ချပ်ရပ်ရပ်ကလေးနဲ့ လှတပတလေး ဝတ်စားထားတဲ့ ရူပဗေဒသင်တဲ့ ဆရာမလေး။ ဆံပင်အရှည်ကြီးကို ကျစ်ဆံမြီး တုတ်တုတ်ကြီးကျစ်ပြီး အရှေ့ဖက်ကို ချထားတယ်။ ကျနော့်ဒေါ်လေးရဲ့ ငယ်သူငယ်ချင်းအရင်းကြီးကိုးဗျ။ စားလက်စ ထမင်းလုတ်တောင် မျိုချလို့မရအောင် လည်ချောင်းထဲ တစ်ဆို့သွားတယ်။ သူကတော့ ခပ်တည်တည်ပဲ ကျနော့်မျက်နှာချင်းဆိုင်မှာ စွေ့ကနဲ ဝင်ထိုင်လိုက်တယ်။
“သားဖိုးသက်.. နင့်မမ ဆရာမကို ဟင်းတွေထည့်ပေးလိုက်ဦး..။ သူငယ်ချင်း အားရပါးရစားနော်..။ ငါ ဟိုဖက်က ဧည့်သည်တွေကို သွားနှုတ်ဆက်လိုက်ဦးမယ်..”
သတို့သမီး ကျနော့်ဒေါ်လေးက လစ်ကနဲထွက်သွားတယ်။ ခပ်တောင့်တောင့်ကလေး ထိုင်နေတဲ့ ဒေါ်ခင်ချိုမေရယ်၊ ခေါင်းငုံ့ပီး ဘာဆက်လုပ်ရမှန်းမသိ ငူတူတူဖြစ်နေတဲ့ ကျနော်ရယ် စားပွဲဟိုဖက်ဒီဖက် မျက်နှာချင်းဆိုင်ထိုင်ရင်း ကျန်ရစ်ခဲ့တယ်။ မဖြစ်သေးပါဘူးဆိုပြီး ရဲစိတ်မွေးရင်း တုန်နေတဲ့ လက်တွေကို မသိသာအောင်ထိန်းရင်း ပန်းကန်တစ်ချပ်ထဲ ထမင်းအုပ်ထဲက ထမင်းတွေခူးပြီး ဇွန်းခရင်းတွေတပ်၊ သူ့ရှေ့မှာ ချပေးလိုက်တယ်။ သူ့မျက်နှာကို သေချာမော့မကြည့်ရဲတော့ သွယ်လျလျ လက်ချောင်းဖြူဖြူလေးတွေက ကျနော်ပြင်ပေးလိုက်တဲ့ ထမင်းပန်းကန်ကို ဆွဲယူပြီး ဇွန်းခရင်းတွေကို ကိုင်လိုက်တာကိုပဲ မြင်နေရတယ်။
“အဲ့ဒီနားက ခရမ်းသီးသုတ်ပန်းကန်လေး ပေးပါ..။ ဝက်သားနီချက် နည်းနည်းလှမ်း”
…………………………………………………………….
ကျနော် လုံးဝမော့မကြည့်ရဲပဲ သူတောင်းတဲ့ ဟင်းပန်းကန်တွေကို လှမ်းလှမ်းပြီး ယူပေးနေလိုက်တယ်။ ချိုမြမြသူမရဲ့ အသံလေးတွေထဲမှာ လှောင်ပြောင်နေသံတွေက အပြည့်ဆိုတာ ကျနော် ရိပ်မိနေတယ်။ စိတ်ကိုတည်ငြိမ်အောင် ထိန်းထားပေမယ့် လက်ချောင်းတွေက ထိန်းလို့မရဘူး။ တဆတ်ဆတ် တုန်နေတယ်။ ဟန်မပျက် ဆက်ပြီး စားနေရပေမယ့် ဝါးနေတဲ့ ထမင်းဟင်းတွေက ဘာအရသာမှန်းတောင် မသိတော့လောက်အောင် အနေရခက်နေပြီ။ တတ်နိုင်ရင် ကျနော် ဖတ်ကနဲ ကိုယ်ပျောက်ပြီး ထွက်ပြေးသွားချင်တယ်။ ဒီလိုအခြေအနေမျိုးကြတော့ ဟိုလူနီကြီးက လာမကယ်ဘူးသတဲ့လားလို့ တွေးလိုက်မိပြီး စိတ်က ဒင်းအပေါ် မျက်ကနဲ ဖြစ်သွားမိသေးတယ်။
ထမင်းစားသောက်ပြီးသွားတော့ ကျောက်ကျော၊ နနွင်းမကင်းနဲ့ လက်ဖက် ပန်းကန်လေးတွေ သူ့ဖက်ကို တိုးပေးလိုက်ရင်း ရေနွေးကြမ်းခွက်ကလေးထဲ ရေနွေးငဲ့ပေးနေတုန်း ဒေါ်ခင်ချိုမေက စကားစပြောလာတယ်။
“ဘာလဲ.. သိပ်ကြောက်နေတာမျိုးလား..”
(ငေါက်ငမ်းသလို စလာတဲ့ သူမရဲ့ လေသံမာမာကို ကြားရပေမယ့် ခေါင်းမော့ပြီး မကြည့်ရဲသေးဘူး)
…….. ………
“ဟိုတနေ့ညကတော့ မင်းပုံစံက အင်မတန်ရဲရင့်တဲ့ ကျားဆိုးလေးပါ…။ အခု လူရှေ့သူရှေ့ကြမှ ယုန်သူငယ်လေးလို ခြေတုန်လက်တုန် လုပ်ပြမနေစမ်းပါနဲ့ ဟဟ”
…….. ………
“မင်းယောကျ်ားမဟုတ်ဘူးလားကွ..။ လုပ်ရဲရင် ခံရဲရမှာပေါ့ မဟုတ်ဘူးလား…။ ငါနဲ့မင်း ဖြစ်ခဲ့တဲ့ပြဿနာက ကျောင်းသားနဲ့ ဆရာမကြားကကိစ္စ..။ ဒါကို မင်းက အင်မတန်လူမဆန်တဲ့နည်းနဲ့ ငါ့ကို လက်စားချေတာပေါ့လေ ဟုတ်လား”
“ငါ့ကို ပန်းကောင်းအညွှန့်ချိုးလိုက်တာပေါ့ ဟုတ်လား ဖိုးသက်…။ နင့်ဒေါ်လေးကို ငါအမှန်တိုင်းပြောလိုက်ရင် ဘာတွေဖြစ်ကုန်မယ်ထင်သလဲ”
သူဟိန်းဟောက်သမျှ မော့မကြည့်ရဲပဲ ခေါင်းငုံ့ပြီးခံနေရတဲ့ အချိန်မှာပဲ
“ချိုမေရေ..”
ဆိုပြီး ကျနော့်ဒေါ်လေးက အနားပြန်ရောက်လာတယ်။ တိုင်ပြောတော့မလားဆိုတဲ့ စိတ်ကြောင့် ကျနော် လန့်ဖျန့်သွားပြီး ဆတ်ကနဲ မော့ကြည့်လိုက်တယ်။ အစိမ်းရောင်ဝတ်စုံလေးနဲ့ မြန်မာဆန်ဆန် ကျက်သရေရှိစွာလှပနေတဲ့ သူမခင်မျာ မျက်ရည်တွေ ရစ်ဝဲနေရင်း ကျနော့်ကို စိုက်ကြည့်နေတယ်။ အောက်နှုတ်ခမ်းကို သွားစွယ်လေးနဲ့ ပြတ်ထွက်မတတ် ကိုက်ထားတာကိုကြည့်ရတာ အတော်နာကျည်းနေပုံရတယ်။ တောင်းပန်တိုးရှိုးသလို ပြန်ငေးကြည့်ရုံကလွှဲပြီး ကျနော် ဘာမှမတတ်နိုင်ပါဘူးဗျာ။
“ခင်ခက်ရေ.. နင့် သတို့သားက အချောစားကြီးပဲဟ..”
Continue Reading