အခန်း ၁/၁
ကျွန်ုပ်တို့ဗမာလူမျိုးတို့သည် ပျူ၊ သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးခေတ်မှ စတင်ခဲ့သည်ဟုဆိုကြသည်။ အချို့ကလည်း တကောင်းခေတ်က စတင်ခဲ့သည်ဟု ဆိုပြန်သည်။ မည်သို့ပင်ဆိုစေကာမူ ဗမာလူမျိုးအစဉ်အဆက်သည် ကိုယ့်မြို့၊ ကိုယ့်နယ်၊ ကိုယ့်အသိုက်အဝန်းမှာ ပဒေသရာဇ်စနစ်ဖြင့် အုပ်ချုပ်ခဲ့ကြသည်ကား အထင်အရှားဖြစ်၏။ ပထမဗမာနိုင်ငံတော်ဟူဆိုအပ်သော ပုဂံခေတ်၊ ဒုတိယဗမာနိုင်ငံတော်ဟုဆိုအပ်သော တောင်ငူခေတ်၊ တတိယဗမာနိုင်ငံတော်ဟူသော ကုန်းဘောင်ခေတ်တို့သည် ဗမာလူမျိုးတို့၏ တန်ခိုးအထွားဆုံး၊ အင်အားအကြီးဆုံးမင်းတို့ အုပ်စိုးခဲ့သည့် ကာလကီုရည်ညွှန်းထားခြင်းဖြစ်၏။ တကယ်တမ်းတော့ ဗမာနိုင်ငံသည် အင်အားနှင့်ဘုန်းတန်ခိုးကြီးသော မင်းဧကရာဇ်မစိုးစံမီ မြို့ငယ်များအသွင် ပျံ့ကျဲနေခဲ့ရလေသည်။ အုပ်ချုပ်သည့်မင်းတို့သည်လဲ မြို့ငယ်ပြည်ငယ်များကို စုစည်းနိုင်စွမ်းမရှိဘဲ တစ်မြို့တစ်ဘုရင်သဖွယ် အင်အားကြီးသူက အုပ်ချုပ်၏။ ထိုသူထက် အင်အားကြီးသူက မြို့ဘုရင်ကိုလုပ်ကြံနိုင်လျှင် ထိုသူသည် မြို့ဘုရင်အဖြစ်ကို ရလေသည်။ ဤသို့ဖြင့် အမှန်တကယ် ဘုန်း၊ လက်ရုံးနှင့် ပြည့်စုံသော မင်းလောင်းပေါ်ထွန်းလာ၍ အမြို့မြို့အနယ်နယ်ကို လိုက်လံတိုက်ခိုက်၊ သိမ်းပိုက် စုစည်းသောအခါတွင်မှ ဗမာနိုင်ငံသည် နိုင်ငံတစ်ခုအသွင် မင်းတစ်ပါးတည်း၏ အုပ်ချုပ်မှုကို ရလေသည်။ ထိုဘုန်းလက်ရုံးနှင်းပြည့်စုံသော မင်း လွန်သောအခါ နောက်ထပ် သားစဉ်မြေးဆက် အုပ်ချုပ်သွားကြပြီးနောက် အရည်အချင်းမရှိသော မင်း၏လက်သို့ရောက်သောအခါ မြို့စား၊ နယ်စားတို့မှ ပုန်ကန်ခြားနားအုံကြွကုန်လျှက် အမြို့မြို့အနယ်နယ် ကျဲပြန့်ကုန်ပြန်သည်။ ထို သူပုန်သူကန်တို့က ကိုယ့်မြို့ ကိုယ်နယ်ကို ကိုယ်တိုင်နန်းစိုက်ပြီး ကိုယ်တိုင်ဘုရင်ပြန်လုပ်ကာ နေလေတော့သည်။ ဤသို့ဖြင့် ဗမာနိုင်ငံသည် ဘုန်း၊ လက်ရုံးနှင့်ပြည့်စုံသော မင်းတစ်ပါး၏လက်ထဲတွင် နိုင်ငံအသွင်ဖြစ်ပေါ်လာကာ ခေတ်တစ်ခတ်ကို ထူထောင်လိုက်ပြန်၊ ထိုမင်းဆက်မှ အရည်အချင်းမရှိသောမင်းလက်ထက်တွင် ပြိုကွဲလိုက်ပြန်ပြီး အစိတ်စိတ် ပြန့်ကျဲသွားလိုက်နှင့် တစ်ခေတ်ပြီးတစ်ခေတ် သံသရာလည်နေခဲ့သည်မှာ အကြိမ်ရေမနည်းပေ။ ထို့ကြောင့် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်ဟူ၍ ခေတ်တွေကို တည်ထောင်သူဘုရင်နှင့် နန်းစိုက်ရာမြို့ကိုအစွဲပြု၍ ဆင့်ကဲ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။ ထို တစ်ခေတ်နှင့် တစ်ခေတ်ကြားမှာလဲ မြို့နယ်တွေပြန့်ကျဲကုန်လျှက် ဝါးအစည်းပြေသကဲ့သို့ မြို့တိုင်း နယ်တိုင်းမှာ သူတစ်လူငါတစ်မင်း အုပ်ချုပ်မင်းလုပ်ကြသည့် ခေတ်ပျက်ကာလများ ရှိခဲ့လသည်။ ကျွန်ုပ် ဤအကြောင်းကို အကျယ်တဝင့်ဖော်ပြနေသည်မှာ အကြောင်းအရင်းရှိ၏။ ယခုကျွန်ုပ်ရေးမည့် ဇတ်လမ်းသည် ဗမာနိုင်ငံ၏ မင်းဆက်တစ်ဆက်ကုန်ဆုံးပြီး မြို့များတွင် သူတစ်လူ ငါတစ်မင်းအုပ်ချုပ်ကြကုန်လျှက် စုစည်းတည်ထောင်မည့် မင်းလောင်းလဲ မပေါ်ထွန်းမီ ကြားကာလကို အခြေခံထားကြောင်း စာဖတ်သူတို့ သိစေရန် ရည်ရွယ်ပါသည်။
“ဟဲ့နွား… သယ်… ဖြောင့်ဖြောင့်ဆွဲစမ်းဟဲ့….”
ညနက်သန်းခေါင်ကျော်အချိန်။ လှည်းတစ်စီးကား တစ်ရွာမှ �ပွဲလမ်းသဘင်ကိုသွားပြီး ခပ်စောစောပြန်လာကြရာ အဖော်လှည်းများလည်း မပါချေ။ လှည်းပေါ်တွင် အသက်၂၀ခန့် လူရွယ်တစ်ဦးက နွားနှင်တံကိုကိုင်လျှက်လှည်းမောင်းနေပြီး ဖျာခင်းထားသော လှည်းအိမ်အပေါ်တွင် အဖွားအိုတစ်ဦး၊ မိန်းမပျိုနှစ်ဦးနှင့်အတူ ကလေးတစ်ယောက်က အိပ်လျှက်လိုက်ပါလာ၏။ ရွာအလွန်တောစပ်အနီးရှိ လှည်းလမ်းမပေါ်တွင် တကျီကျီနဲ့ တအိအိသွားနေသော လှည်းလေးတစ်စီးမှာ လပြည့်ညရဲ့ လရောင်ဖွေးဖွေးအောက်ဝယ် လှုပ်လီလှုပ်လဲအသွင် ရှိချေ၏။ ကျန်လေခဲ့သော ပွဲလမ်းရှိရာ ရွာမှ တီးမှုတ်သီဆိုသံများသည်လဲ သဲ့သဲ့မျှသာ ကြားရလေတော့၏။ ပြန်မည့်ရွာသည်ကား ဝေးသေး၏။ မိုးလေကင်းလွတ်သော ယခုလို ဂိမ္ဘာန်နွေကာလမှာ ညလေတစ်ဖြူးဖြူးနှင့် ပွဲလမ်းသဘင်သွားရသည်မှာ ပျော်ရွှင်ဖွယ်ကောင်းလေစွ။ အဖွားအိုမှာ ဆေးပေါ့လိပ်ကြီးကိုခဲလျှက်နေသည်မှာ မီးတရဲရဲရှိချေ၏။
“နှမ… မောင်ကြီးကို ကွမ်းတစ်ယာပေးစမ်းကွယ်…”
“အင်းပါ မောင်ကြီးရဲ့…”
လှည်းမောင်းသူမှာ လှည်းကိုမောင်းနေရင်းက အနောက်က ထိုင်လျှက်စကားတွတ်ထိုးနေသော မိန်းမငယ်နှစ်ယောက်ကို လှည့်ပြောလိုက်၏။ ပြန်ဖြေသော မိန်းမငယ်က ကွမ်းအစ်ကိုလှမ်းကိုင်ယူ၍ကွမ်းယာရန်ပြင်သောအခါ သူ့အနီးမှ ကလေးငယ်ကို ပေါင်ပေါ်ခေါင်းအုံးစေလျှက် အိပ်နေစေသော အမျိုးသမီးက ကွမ်းအစ်ကို လှမ်းယူပြန်၏။
“အစ်မယာပေးမယ် ယောက်မ… ညည်းမောင်ကြီးအကြိုက် ဆေးအစပ်ကို အစ်မကမှသိတာ…”
“သိလို့လဲ ယောက်မက မောင်ကြီးရဲ့ရှုမငြီးတဲ့ ချစ်ဇနီး ဖြစ်နေရတာပ… မဟုတ်ဘူးလား မောင်ကြီး…”
“ဟုတ်တာပ… ဟဲ ဟဲ…”
ယောက်မဖြစ်သူရဲ့စကားကြောင့် ကွမ်းယာနေသည့်အမျိုးသမီးမှာ ပြုံးစေ့စေ့ဖြစ်သွားရ သကဲ့သို့ ဘေးတစ်ဘက်မှာ ထိုင်နေသော အဖွားအိုမှာလဲ ပြုံးလျှက်ရှိပေ၏။ လှည်းမောင်းနေသော လူငယ်က သူ့ဇနီးကမ်းပေးသော ကွမ်းယာကို လှမ်းယူကာ ပါးစောင်တွင်ငုံလိုက်ပြီး လှည်းကို တစ်ငြိမ့်ငြိမ့်ဆက်နှင်လာ၏။ ထိုအခိုက် တောစပ်ဆီမှ မြင်းခွာသံ တစ်ခွပ်ခွပ်ကို အနှီသူငယ်က ကြားလိုက်ရပေရာ ခေါင်းထောင်လျှက် နားစွင့်ပြန်၏။ ပတ်ဝန်းကျင်ကို စူးစမ်းလျှက် အသံလာရာဖြစ်တန်ချေရှိူသော တောစပ်အရပ်သို့ မျှော်၍လည်းကြည့်၏။
“လုံမ… တိတ်ကြစမ်း… ငါ့နားထဲ မြင်းခွာသံလိုလိုကြားမိသကွဲ့…”
လူငယ်က စကားတွတ်ထိုးရယ်မောနေကြသော အမျိုးသမီးနှစ်ဦးကို ခပ်ငေါက်ငေါက် ဆိုလိုက်မှ ထိုအမျိုးသမီးများ၏စကားသံ တိတ်ဆိတ်သွား၏။ ဘေးတွင် ငိုက်မြည်းစပြုနေသော အဖွားအိုပင်လန့်၍ တောကြည့်တောင်ကြည့် ကြည့်နေချေ၏။
“လူလေး… တောပုန်းဓားပြတွေများလား…”
“ကျွန်ုပ်မသိပြီ အမေ… လှည်းကို အသော့နှင့်မှဖြစ်ချေမည်… ခတ္တာ ကလေးကိုပေါင်ပေါ်တင်ထားချေ… အားလုံး လှည်းကြန်တိုင်ကို မြဲမြဲသာ ကိုင်ထားကြပေရော့… ဟဲ့နွား… ဟဲ့…”
“ဘုရား… ဘုရား…”
လှည်းပေါ်မှ အမျိုးသမီးများ၏ ဘုရားတသံနှင့်အတူ လှည်းမှာ လမ်းပေါ်တွင် ကဆုန်ပေါက်၍ ပြေးနေလေ၏။ မကြာသေးမီက ကြားရသော မြင်းခွာသံသည်လဲ တစ်စတစ်စ သဲကွဲလာပြီ။ အနောက်မှ မြင်းခြောက်ကောင်စီးလျှက်သား လူခြောက်ယောက်သည် လှည်းအနောက်သို့ ဒုန်းစိုင်း၍လိုက်လာ၏။ မြင်းနှင့်နွားသည်လဲ ပြေးအားကကွာပြန်၊ လှည်းကိုဆွဲ၍ပြေးရသောနွားနှင့် လူကိုအလွတ်တင်ပြေးရသောမြင်းတို့ ဝန်ရုန်းရခြင်းကလဲ ကွာပြန်မူကား များမကြာမီ မီလာတော့မည်က သေချာပေ၏။
“ဟိတ်… ဟိုလှည်း… ရပ်စမ်း… မောင်ရင်တို့ အသက်နှင့်ကိုယ် အိုးစားကွဲချင်ပြီထင်ပါ့…”
“အဘယ်ကြောင့် ရပ်ရအံ့… မရပ်နိုင်…”
အနောက်မှ မြင်းစီးသူတို့၏ တားဆီးသံကို လှည်းမောင်းနေလျှက်က ဟစ်အော်ပြန်ပြောသည်။ မြင်းစီးလူအုပ်သည်လဲ နွားလှည်းကို မီလာလုပြီဖြစ်၍ လရောင်အောက်တွင် သဲသဲကွဲကွဲ မြင်နိုင်ပေပြီ။ ထိုလူအုပ်သည် မြင်းကိုယ်စီနှင့် မျက်နှာများကိုလဲ အဝတ်စည်းလျှက် ထား၏။ ဓားရှည်များကို ကျောတွင်လွယ်ကာထားသည်ကလဲ အကျအနဖြစ်ရကား ကိုယ်ခံပညာကျွမ်းကျင်ရုံမျှမက ဓားရေးကိုလဲ ကျွမ်းကျင်ကြသူများဖြစ်ဟန်တူသည်။ လူငယ်သည် သူ၏အနောက်ထံပါး လှည်းကြန်တိုင်ကိုင်လျှက် ထိတ်လန့်လျှက်ရှိကြကုန်သော အမျိုးသမီးတို့နှင့် အမယ်အို ၊ ပြီးတော့ ငိုယိုနေသော ကလေးငယ်ကို ငဲ့စောင်းကြည့်လျှက် အံကြိတ်မိချေပြီ။ ပြေး၍ မလွတ်နိုင်ကြောင်းကိုလဲ ရိပ်စားမိ၏။ ထို့ကြောင့် ထိပ်တိုက်ရင်ဆိုင်ရုံမှတစ်ပါးအခြားမရှိပြီမို့ အတင်းဒုန်းစိုင်းပြေးနေသော နွားကို ဇက်ကြိုးဆွဲရပ်စေလိုက်တော့၏။ မျက်နှာဖုံးစွပ်မြင်းစီးသမားခြောက်ယောက်တို့သည် နွားလှည်းကို ပတ်ခြာလှည့်ဝန်းရံထားလေတော့သည်။ လှည်းပေါ်ရှိမိန်းမသားများမှာ ကြောက်လွန်း၍ အသားများပင်တုန်နေရှာ၏။
“ဆက်မပြေးတော့ဘူးလား သူငယ်… ဟဲ ဟဲ…”
“ပြေးလို့မှ မလွတ်နိုင်ဘဲလေ… ခင်ဗျားတို့ အဘယ်အတွက် ကျွန်ုပ်တို့အနောက်ကို လိုက်လာကြသလဲ…”
“စောစာကတည်းက သိသင့်တယ် မောင်ရင်… ဟင်း ဟင်း ဟင်း… အဘယ်အတွက်ဆိုရကား… အလှူခံဖို့ဆိုပါတော့လေ… မောင်ရင်တို့မှာပါတဲ့ ရွှေငွေနှင့် အသပြာတွေကို ကျွန်ုပ်တို့ထံ လှူခဲ့ဖို့ အလှူခံပါရစေ… ဟဲ ဟဲ ဟဲ… ကဲ ကဲ… လှည်းပေါ်ကဆင်းကြစမ်း…”
အဖွားအိုနှင့် အမျိုးသမီးတို့သည်လဲ ကြောက်ကြောက်လန့်လန့်နှင့် လှည်းပေါ်မှ ဆင်းရလေသည်။ ငိုလည်းငိုနေကြ၏။ အမျိုးသမီးတို့သည် မြေပြင်တွင် စီတန်းလျှက် လှည်းကိုကျောပေးကာကျုံ့ကျုံ့ထိုင်လိုပ်ကြပြီးမှ လူငယ်က နောက်ဆုံးမှ ဆင်းကာ သူ့နှမငယ်နံဘေးတွေ ဝင်ထိုင်၏။ အမယ်အိုသည် လက်ဝဲဘက်အစွန်တွင်ထိုင်၏။ အမယ်အိုနံဘေးတွင်ကား ကလေးချီလျှက် လူငယ်၏မယားအိမ်သူက ထိုင်သည်။ ထိုအမျိုးသမီးနံဘေးတွင်မှ မောင်နှမနှစ်ယောက်က ထိုင်နေ၏။
“လူသူလက်နက်အားကိုးနဲ့ ဓားပြတိုက်ကာမှ… အလှူခံသလေးဘာလေးလို့ … ဆိုတတ်ပလေ…”
လူငယ်က မကျေမချမ်းနှင့်ဆိုသည်။ ဓားပြတစ်က လက်ဟန်ပြလိုက်လျှင် လူငါးဦးသည် မြင်းပေါ်မှ ဆင်းလာကြလေသည်။
“ဓားပြဆိုတော့လဲ ဓားပြပေါ့ကွယ်… ကဲ အမိတို့ ပါသမျှ အသပြာနှင့်လက်ဝတ်လက်စားတွေကို သည်ပုဝါနဲ့ ထည့်လေ… ကျန်နေလို့ ကျွန်ုပ်ကိုယ်တိုင်လာယူရလျှင်ဖြင့် အသားပါနာလိမ့်မည်ကွဲ့… ကြားရဲ့လား…”
အမျိုးသမီးတို့သည် ခေါင်းတစ်ချက်ငြိမ့်ပြလေလျှင် ဓားပြဗိုလ်ဖြစ်ဟန်တူသူက သူ့လူတစ်ယောက်ထံ ပုဝါကမ်းပေးလိုက်သည်။ ထိုလူသည် ထိုင်နေသော အမျိုးသမီးများအရှေ့သို ပုဝါကိုဖြန့်ခင်းပေးလိုက်လေလျှင် အမျိုးသမီးတို့လဲ ဝတ်ဆင်ထားသော လက်ဝတ်ရတနာများကို ချွတ်လျှက် ပုဝါထဲသို့ ထည့်ကြလေသည်။ လက်ကောက်၊ နားတောင်း၊ လည်ဆွဲ၊ ခြေကျင်းများပါမကျန် ချွတ်၍ထည့်ရ၏။ လူရွယ်မှာလဲ တရှုံ့ရှုံ့ငိုရင်း လက်ဝတ်လက်စားများကို ပုဝါထဲ နှမြေတသဖြင့် ထည့်ပေးနေရသော သူ့ဇနီးနှင့် နှမကိုကြည့်လျှက် အံကြိတ်နေရပေ၏။
“ပစ္စည်းကျန် မကျန် သေချာကြည့်ကွနော်… အသပြာထုပ်ရော… အသပြာထုပ်… တစ်ပါတည်းထည့်နော်…”
“အသပြာထုပ်က ဒီမှာပါရှင် ပွဲမှာသုံးစွဲခဲ့လို့ သိပ်မကျန်တော့ပါဘူး…”
လူငယ်၏ဇနီးက ပြန်ဖြေ၏။
“အိမ်း… ဒီလို လိမ္မာမှပေါ့ကွယ့်… ကဲ ပစ္စည်းထုပ် ငါ့ဆီယူခဲ့စမ်း…”
ဓားပြတစ်ယောက်က ပုဝါထဲထည့်ထားတဲ့ ရတနာထုပ်ကိုယူကာ မြင်းပေါ်က ခေါင်းဆောင်ဆီသို့ ပြ၏။ ဓားပြခေါင်းဆောင်က ရတနာထုပ်ကိုကြည့်ပြီး ခေါင်းတစ်ဆတ်ဆတ်ငြှိမ့်လျှက်ရှိ၏။
“အင်း အရသားပဲ… ကဲ ပစ္စည်းတော့ရပြီ… ကိုယ့်လူတို့ ဟိုသူငယ်အနားက လုံမချောချောလေး ကိုခေါ်ပြီး သွားကြစို့ရဲ့…”
ဓားပြခေါင်းဆောင်၏ စကားကိုကြားသည်နှင့် လူငယ်က သူ့နှမလက်ကိုဆွဲကာ ထရပ်ရင်း သူ့နှမကို သူ့အနောက်သို့တွန်းပို့ရင်း လက်ျာလက်က လှည်းအိမ်အခင်းအောက်မှ ငှက်ကြီးတောင်ဓါးရှည်ကို ဆွဲထုတ်ယူလိုက်တော့သည်။
“ရိုင်းလိုက်လေ… အမေနှင့် ခတ္တာ မောင်ကြီးအနောက်မှနေ… ရတနာဆိုလို့ ရတနာပေးပြီးကာမှ လူကိုပါရန်ရှာတာတော့ လွန်လွန်းတယ်… ကျွန်ုပ်နှမကိုလိုချင်ရင်ဖြင့် ကျွန်ုပ်၏ဓားကို အရင်မေးကြည့်လေ…”
“အိုး ဟိုး… တယ်နှမချစ်တဲ့မောင်ပေပဲ… ကျွန်ုပ်က သည်နေ့မှာဖြင့် လူမသတ်ချင်လှဘူး… မောင်ရင့်နှမအတွက် မပူပါနဲ့လေ… ကျွန်ုပ်က အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ တတိယမယားအရာ မြှောက်စားမှာပါ… ဟဲ ဟဲ… မောင်ရင်ကမှ အသာတကြည်မထည့်ပေးရင်ဖြင့်… မောင်ရင်တို့ တစ်မိသားစုလုံးကိုသတ်ပြီး မောင်ရင့်နှမကို ခေါ်သွားမှာပဲကွယ့်… ဒီတော့ သေချာစဉ်းစားချည် တစ်မိသားစုလုံး အသေခံပြီးမှ ကျွန်ုပ်မယားလုပ်ခိုင်းမလား… ကျုပ်မယားအဖြစ်အသာတကြည်ထည့်လိုက်မလား…”
လူရွယ်က ကျစ်ကျစ်ပါအောင် ဓားကိုင်ထားလျှက်က �ဝင့်ထားသောဓားဦးသည် မြေသို့ တစ်ရွေ့စိုက်ကျသွားလေလျှင် ဓားပြများလဲ သဘောကျစွာ ဟက်ဟက်ပက်ပက်ရယ်ကြလေတော့သည်။ လူငယ်၏နှမသည် သူ့မောင်၏လက်မောင်းကို လှုပ်ယမ်းလျှက် ငိုချေပြီ။
“မောင်ကြီး… အထွေးကိုကယ်ပါအုံး… အထွေးလိုက်မသွားချင်ဘူး မောင်ကြီးရဲ့… အထွေးကိုသာ သတ်လိုက်ပါတော့လား မောင်ကြီးရယ်…”
ဓားပြတစ်ဦးက အမျိုးသမီးငယ်ကို ဆွဲခေါ်ရန် ရှေ့တိုးလာလေသည်။
“ကဲကွာ…”
“အား…”
ရုတ်တရတ် လူငယ်၏ဓားကိုင်လက်သည် လေထဲသို့ဝှေ့ယမ်းလိုက်ပြီးတစ်မဟုတ်ချင်းမှာပင် ရှေ့သို့တိုးလာသော ဓားပြသည် ဝမ်းဗိုက်ကိုဖိလျှက် ဒူးထောက်ကျသွားတော့သည်။ လူငယ်၏ဓားချက်သည် ဓားပြ၏ဝမ်းဗိုက်ကို ဟက်တက်ကွဲစေပြီ။ ဓားပြများသည်လည်း အညံ့ခံပြီဟုထင်မှတ်ရာမှ လူငယ်၏ ရုတ်တရတ်တုန့်ပြန်မှုကြောင့် မှင်သက်မိနေကြ၏။
“ဆရာသခင်… ကျွန်ုပ်… ကျွန်ုပ်…”
လူငယ်၏ဓားစာမိသွားသော ဓားပြသည်ကား စကားပင်ဆုံးအောင်မပြောနိုင်တော့ဘဲ မြေကြီးပေါ်သို့ မှောက်ကျသွားချေပြီ။
“ကျွန်ုပ်အသက်ရှင်နေသမျှ… ကျွန်ုပ်၏မိသားစုကို ဆံချည်တစ်မျှင်ပင် မထိလေနဲ့…”
“သယ်… ငမိုက်သား… မင့်က ငါ့လူကိုသတ်လိုက်တယ်လား… မင့်တစ်မိသားစုလုံး ငါပြန်သတ်ပြမယ်… ဟေ့ကောင်တွေ ဘာကြောင်ကြည့်နေကြသလဲ… သည်ခွေးမသားကို ဖမ်းကြစမ်း… ခုတ်ကြစမ်း… မသေစေနဲ့… သင်းမိသားစုကိုသတ်တာ သင်းကိုပြရအုံးမှာ….”
ဓားပြတို့သည် ကျောတွင်လွယ်ထားသောဓားအိမ်မှ ဓားကို ကိုယ်စီထုတ်လိုက်ကြ၏။ လူငယ်သည် ရှေ့သို့ထွက်လာလေလျှင် လူလေးယောက်က လူငယ်ကို ဝိုင်းလိုက်၏။ လူငယ်သည် ဓားကိုလက်နှစ်ဖက်နှင့် ကျစ်ကျစ်ဆုပ်ကိုင်ကာဝင့်လျှက် ဝိုင်းထားသော လူလေးယောက်ကို ပတ်ပတ်လည်လှည့်၍ သတိထားကြည့်နေ၏။
“မောင်ကြီး သတိထား….”
“ကျား…”
…ချွင်…. ဘုတ်…
“အု…”
လူငယ်က ဘေးမှပြေးခုတ်သော ဓားပြ၏ဓားကို ဆီးခုတ်ပြီး ခါးဆီသို့ ခြေဖြင့်ဖြတ်ကန်လိုက်ရာ ထိုးဓားပြမှာ ခါးနှိပ်၍ ထိုင်ချသွား၏။ ထိုစဉ်မှာပင် မျက်နှာချင်းဆိုင်မှ ဓားပြကလဲ ဓားဖြင့်ဝင်ပိုင်းပြန်ရာ ကိုယ်ကို ယို့၍နောက်သို့ ရှောင်လိုက်ရင်း လက်ဝဲဘက်က ဝင်လာသောဓားကို သူ့လက်မှဓားဖြင့် ဆီးကာ လိုက်သော်ငြားနောက်ကျောကဓားချက်ကိုမူ မကာနိုင်တော့ချေ။ လူငယ်၏ကျောကို ဓားချက်ထိပြီး လူငယ်သည် ကျောကော့သွား၏။
“အမလေး… မောင်ရေ… မောင့်ကို မသတ်ကြပါနဲ့ရှင်…”
“လူလေး…”
“မောင်ကြီးရေ…”
အမျိုးသမီးတို့၏ ဟစ်အော်တောင်းပန်သံပင်မဆုံးမီမှာပင် အရှေ့ဘက်မှဓားပြ၏ ခြေကန်ချက်က လူငယ်၏လက်ဖျံကို မိမိရရဖြတ်ကန်မိရကား လူငယ့်လက်မှဓားလဲ လွတ်ကျလေ၏။ လူငယ်သည် ဓားရေးလှံရေးကို သင်ဖူးရုံမျှဖြင့် အတွေ့အကြုံရှိသူ ဟုတ်ဟန်မတူ။ ကြမ်းကြုတ်သောဓားပြ လေးယောက်ကို ရင်ဆိုင်ရန်ကား မဖြစ်နိုင်။ ဓားလွတ်ကျသည်နှင့် လူငယ်၏ရင်ဝကိုပြေးဝင်လာသော ဒူးပျံတိုက်ချက်ကြောင့် လူငယ်သည် မြေသို့ဒူးထောက်ကျလေ၏။ လူငယ်သည် ရင်ဝသို့ထိသော ဒူးတိုက်ချက်ကြောင့် ဒူးထောက်လျှက်အသက်ကိုလုရှူနေရစဉ်မှာပင် လက်မောင်းနှစ်ဖက်ကို ဓားပြနှစ်ဦး၏ ဖမ်းချုပ်ခြင်းကိုခံလိုက်ရပြန်သည်။ အမျိုးသမီးတို့မှာလဲ မြင်းစီးလူ၏ စောင့်ကြည့်ခံနေရကာ ထွက်ပြေးခြင်းငှာ မတတ်သာ။ မိမိ၏ သား၊ မောင်၊ ခင်ပွန်းရဲ့ အဖြစ်ကိုကြည့်လျှက် ရှိုက်ကြီးတငင် ငိုရချေ၏။
“ကိုယ့်လူတို့ သင်းကို လှည်းမှာကပ်ပြီး ကြိုးနဲ့တုပ်ထား… သင်းကို ကောင်းကောင်းနှိပ်စက်ပြီးမှ သတ်အံ့…”
“ကောင်းပေ၏… ဆရာသခင်…”
ဓားပြတို့သည် ၎င်းတို့၏မြင်းတွင် အသင့်ဆောင်ယူလာခဲ့သော ကြိုးတို့ဖြင့် လူငယ်ကို လှည်းတွင် ကြိုးဖြင့်ခြေလက်တို့ကိုတုပ်နှေင်၏။ ထိုအချိန်မှ ဓားပြခေါင်းဆောင်ကား မြင်းအထက်မှဆင်း၏။ ခြေလက်တို့ကို တုပ်နှောင်ခံထားရလျှက် �မလှုပ်သာတော့သော �လူငယ်ထံသို့ ဓားပြခေါင်းဆောင်က တစ်လှမ်းချင်းလျှောက်သွား၍ အနားရောက်သည်နှင့် လူငယ်၏ လျောင်ဆံထုံးကို ဆုပ်ကိုင်ကာ လူငယ်၏မျက်နှာကို မော့စေ၏။
“သင် အသက်ရှိနေသမျှ သင့်မိသားစု သင့်နှမကို ဆံတစ်ပင်မျှ မထိလေနဲ့ ဟုတ်စ မောင်ရင်… ယခုပင် ကျွန်ုပ်က သင်အရှေ့တွင်ပင် သင့်နှမကို သိမ်းပိုက်၍ မယားအဖြစ်ပြုအံ့… သင့်မျက်လုံးဖြင့် သေချာရှုလေ… ဟား… ဟား… ဟား…”
“ထွီ… လူမဟုတ် ခွေးထက်ယုတ်သော အဟိသ်တိရိစ္ဆာန်ကောင်…”
“သယ်… ငါ့အား တံတွေးဖြင့်ထွေးဝံ့သလား…
…ခွပ်… ခွပ်…
လူငယ်က ဓားပြခေါင်းဆောင်ကို တံတွေးဖြင့် ထွေးလိုက်သော် ဓားပြခေါင်းဆောင်၏ လက်သီးချက်များ လူငယ်၏မျက်နှာထံ ဆင့်ကဲကျရောက်လေတော့သည်။ ထို့နောက် ဓားပြခေါင်းဆောင်က မိန်းမငယ်လေးကို လက်ဆွဲ၍ လူငယ်၏ ရှောက်မှောက် ခေါ်လာပြန်၏။ မိန်းမငယ်မှာ ရုန်းကန်ပင်ရုန်းကန်းငြား ကြမ်းတမ်းသော ဓားပြခေါင်းဆောင်၏ လက်မှ မလွတ်ပြီ။ ဓားပြဗိုလ်သည် မိန်းမငယ်၏ ကိုယ်လုံးသွယ်သွယ်လျလျလေးကို ရင်ခွင်းထဲဆွဲသွင်းကာ အတင်းဖက်ထား၏။
“လွှတ်ပါရှင်… ကျွန်မ ကြောက်လှချည်ရဲ့… မောင်ကြီးရေ… အမေရေ… ယောက်မ အထွေးကိုကယ်ပါဦး…”
မိန်းမငယ်၏ အကူအညီတောင်းသံကို အမေနှင့်ယောက်မလုပ်သူက ကြားသော်လဲ ငိုယိုရုံမှတစ်ပါး မတတ်နိုင်။ ကျန်ဓားပြလေးယောက်က သူတို့ကို ဝိုင်းထားလေသည်။ ဓားပြခေါင်းဆောင်၏လက်သည် မိန်းမငယ်ကို ကိုယ်ကိုလည်းကောင်း၊ တင်စိုင်တို့ကိုလည်းကောင်း၊ ပေါင်တံတို့ကိုလည်းကောင်း ပွတ်သပ်နေရာ မိန်းမငယ်မှာဖြင့် အသားတဆတ်ဆတ်တုန်လျှက် ကြောက်ရွံ့ငိုယိုနေချေ၏။
“အိုကွယ်… အပျိုလေးရဲ့ အထိအတွေ့က တယ်လဲ နူးညံ့ထွေးအိလိုက်ပါဘိ… အကိုကြီးရင်တွေခုန်လှချည်ရဲ့ ငါ့မယားလေးရယ်…”
“လွှတ်ပါရှင်…. အဟင့်”
ဓားပြခေါင်းဆောင်ကား မိန်းမငယ်လေး၏ ငိုရှိုက်သံနှင့်မျက်ရည်များ၊ လူငယ်၏ မျက်ရည်ပေါက်ပေါက်ကျလျှက် သွေးစက်ကြားမှ အံကြိတ်နေပုံတို့ကို ဂရုမစိုက်ဟန်ဖြင့် မိန်းမငယ်လေးကိုယ်ကို သူ့အစ်ကိုဘက်သို့မျက်နှာလှည့်စေပြန်၏။ ထို့နောက် ဓားပြခေါင်းဆောင်က မိန်းမငယ်လေး၏ သားမြတ်တို့ကိုလည်းကောင်း၊ မိန်းအင်္ဂါကိုရှိရာ ပေါင်ခွဆုံကိုလည်ကောင် အဝတ်များအပေါ်မှနေ၍ လက်ကြမ်းကြီးဖြင့် ဆုပ်ညှစ်ပွတ်သပ်ပြန်၏။ မိန်းမပျိုလေးခမြာ ပေါင်ခွဆုံကို လက်ကြမ်းကြီးဖြင့်အုပ်ကိုင်လိုက်သည်နှင့် ခါးကိုရမ်း၊ ကိုယ်ကိုယို့၍ ရှောင်တိမ်းပြန်သည်။
“ငါ့မယားလေးက… ဖင်လေးလှုပ်ရမ်းလို့ ကိုကြီးငယ်ပါကို နှိုးဆွနေပြန်ပကော… နိပ်ဟ…”
“အို…”
မိန်းမငယ်လေးခမြာ ဓားပြခေါင်းဆောင်၏ စကားကြောင့် ကုန်းထားသောခါးကို ကော့လိုက်ပြန်ရာ ပေါင်ခွဆုံကို ဓားပြခေါင်းဆောင်လက် ဝကွက်အပ်သလို ဖြစ်ချေ၏။
“အမလေး… ငါ့မယားလေး စောက်ဖုတ်ဟာဖြင့် ထဘီထက်ကသုံးသပ်ရတာပင် ဝါဂွမ်းပမာ နူးညံ့လှပေစွ… နို့လုံးလေးတွေဟာလဲ ထွေးထွေးအိအိနဲ့ ကိုင်လို့ကောင်းပေဘိ… ဟဲ ဟဲ…”
“ခွေးကြီး… မင့်လက်တွေကို ငါခုတ်ဖြတ်ပစ်မယ်… တဏှာရူးကြီး…”
လူငယ်မှာ မလှုပ်သာသည့်အနေအထားမှာပင် ဓားပြခေါင်းဆောင်ကို အခဲမကြေ ကြိမ်းဝါးနေပြန်၏။ ဓားပြခေါင်းဆောင်က သူ့နှမကို သူ့မောင်အရှေ့တွင်ပင် စော်ကားမော်ကားပြုရသည်ကို နှစ်ထောင်းအားရရှိဟန် ရယ်မောနေ၏။
“အိုး ဟိုး… ဒီမယ်မောင်ရင်… မောင်ရင့်နှမကို ကျွန်ုပ်နှင့် သဘောတူလို့ ယောက်ဖလို့ခေါ်မယ်ဆို… ဟိုမိန်းမသားနှစ်ဦးနှင့်ကလေးကိုမသတ်ဘဲ လွှတ်ပေးအံ့… သင်ကတော့ ကျွန်ုပ်၏လူအတွက် မုချသေပေးရမည်ဧကံ…”
“သတ်လေ… လူဆိုတာ နှစ်ခါမသေ… နောက်ဘဝအဆက်ဆက်… သင်တို့အာ ကျွန်ုပ် လက်စားချေအံ့… အထွေးလေး… သည်လိုလူယုတ်ရဲ့မယားဘဝကိုတော့ မယူလေနှင့်… ကိုယ့်ကိုယ်ကိုသာ စီရင်လော့…”
“စိတ်ချပါ မောင်ကြီး… မောင်ကြီးနောက်သို့ အထွေးလိုက်ခဲ့မှာပါ…”
“သယ်… တယ်မချေငံတဲ့လူတွေပဲ… ဟိတ်… ဟိုအဖွားကြီးကို အလျင်သတ်ပြလိုက်စမ်းကွဲ့…”
ဓားပြနှစ်ဟောက်က အဖွားအိုကို မြေပြင်တွင် ဒူးထောက်စေလျှက် တစ်ယောက်က ဓားကိုဝင့်၍ ခုတ်မည့်ဟန်ပြင်၏။
“လူလေးတို့… အမေသွားနှင့်ပြီကွယ့်… သည်မြင်ကွင်းမျိုး ကြည့်နေရမှာထက် သေရသည်က ပိုကောင်းပေ၏… ကျွုန်ုပ်တို့မိသားစုကို အနိုင်အထက်ပြုသော ဤလူယုတ်တို့ ထပ်တူအကျိုးပေးပါစေသတည်း…”
အဖွားအိုသည် မျက်စိစုံမှိတ်လျှက် မျက်ရည်ကြားမှ ဆုတောင်း၏။ ကျန်သူတို့မှာ ဖြေမဆည်နိုင်အောင် အမေတ၍ ငိုကြွေးကြ၏။ ဓားပြသည် အဖွားအို၏ လည်ဂုတ်ကို ဓားဖြင့် ခုတ်ချလိုက်ရန် လက်နှစ်ဖက်ဖြင့် အားကုန်လွှဲလိုက်၏။
အခန်း ၁/၂
“အား….”
ဓားဖြင့် လွှဲခုတ်မည်သော ဓားပြသည် အသံနက်ကြီးဖြင့် စူးစူးဝါးဝါးကြုံးအော်လိုက်သည်။ လက်ထဲတွင်ဆုပ်ကိုင်ထားသော ဓားသည်လဲ မြေပြင်သို့ ဘုတ်ခနဲပြုတ်ကျ၏။ ယင်းဓားပြ၏ လက်ဖျံတွင် ဓားမြှောင်တစ်ချောင်းကား စိုက်ဝင်နေချေ၏။ တစ်ချိန်တည်းမှာပင် ခပ်လှမ်းလှမ်းမှ မြင်းနှစ်ကောင်စီးနင်းလျှက် လူနှစ်ယောက် လာနေသည်ကိုလဲ မြင်ရ၏။ ဆိုရသော် ထိုလူနှစ်ယောက်ကို သဲသဲကွဲကွဲပင် မမြင်ရသေးပေ။ ထိုမျှအကွာအဝေးမှ ပစ်ပေါက်သော ဓားမြှောင်သည် ဓားပြ၏ ဓားကိုင်သော လက်ျာလက်ဖျံကို တည့်တည့်စိုက်ဝင်သွားသည်ကား ဓားပြများအတွက် အံ့ဘွယ်ဖြစ်နေ၏။ ဓားပြတို့သည် ကြိုးတုပ်ခံထားရသောလူငယ်နှင့် မိန်းမများကို မေ့လျော့လျှက် ဒုန်းစိုင်းလာသော မြင်းစီးသူနှစ်ယောက်ကိုသာ လှမ်းကြည့်နေကြပေပြီ။ မကြာမီပင် ထိုမြင်းနှစ်စီးနှင့် လူနှစ်ယောက်သည် ဓားပြများနှင့် ဓားစာခံတို့ရှိရာ မနီးမဝေးသို့ရောက်၍ မြင်းများကို အရှိန်လျှော့လိုက်ကြ၏။ သဲသဲကွဲကွဲ မြင်ရချိန်တွင် မြင်းစီးလာသော လူနှစ်ဦးမှာ လုလင်တစ်ဦးနှင့် လုံမပျိုတစ်ဦးဖြစ်ကြောင်း မြင်ရ၏။ ထိုလုလင်နှင့် လုံမတို့သည် ဓားကိုယ်စီလွယ်လျှက် အကြည့်များသည်လဲ တည်ငြိမ်စူးရဲလှ၏။ ကိုယ်လုံးကိုယ်ပေါက်နှင့် အရပ်အမောင်းလဲ မြင့်ဟန်ရှိ၏။
“ကျွန်ုပ်တို့ကိစ္စထဲ ဝင်ရှုပ်တာ သင်တို့လား…”
“ဝင်ရှုပ်တာတော့ မဟုတ်ပေမယ့်… မကြည့်နိုင်လို့ပါလေ…”
“ဒီမယ် သူငယ်… ကိုယ့်လမ်းကို အေးအေးလူလူ သွားရင်ဖြင့် ကောင်းပေမည်… မဟုတ်လျှင်ဖြင့်…”
“ကျွန်ုပ်တို့ကလဲ ကိုယ့်လမ်းကို အေးအေးလူလူ သွားဖို့ပါပဲ… သို့ပေမယ့် ယခုလို ကျွန်ုပ်မျက်စိအရှေ့ဝယ် မတရားတာကိုတော့ဖြင့် မျက်နှာလွှဲမနေနိုင်ပေဘူး…”
“ဇက်ကောင်းလို့ ဓားတောင်းတော့လဲ… ငါ့လူတို့… သတ်ကြစမ်း…”
ဓားပြများလဲ ခေါင်းဆောင်၏ အမိန့်သံဆုံးသည်နှင့် ဓားကိုယ်စီဖြင့် မြင်းပေါ်က လူရွယ်ထံ ပြေးသွားကြ၏။ လူရွယ်က မြင်းပေါ်မှ အသာဆင်းကာ ကျောတွင်လွယ်ထားသောဓားကို ဆွဲထုတ်လိုက်၏။ ထို့နောက် လူရွယ်လုလင်က ပြေးဝင်လာသော ဓားပြတို့ထံ အဟုန်ဖြင့်တိုးဝင်သွားကာ ကိုယ်ကိုယိမ်းနွဲ့လျှက် ဓားကို သုံးချက်ဝှေ့ယမ်းလိုက်၏။ လူရွယ်သည် ပြေးဝင်လာသောဓားပြတို့ကိုလွန်၍ ရပ်ကာသူ့ဓားကို ဓားအိမ်ထဲ ပြန်ထည့်ရင်း နောက်သို့ပင်လှည့်မကြည့်တော့ပေ။ ပြေးဝင်သွားသော ဓားပြသုံးယောက်မှာလဲ အားခနဲသာအော်၍ မြေပြင်သို့ မှောက်ကျကုန်၏။ တစ်ခဏအတွင်းမှာ လက်ဖျံတွင် ဓားစိုက်လျှက် ဓားမကိုင်နိုင်တော့သည့် နောက်လိုက်တစ်ဦးနှင့် သူသာကျန်တော့သည့်အဖြစ်သို့ရောက်သွားသော ဓားပြေခေါင်းဆောင်သည် ချက်ချင်းဆိုသလို သူ့ရင်ခွင်ထဲတွင် ချုပ်ထားသော မိန်းမငယ်၏လည်ပင်းကို ဓားထုတ်၍ တင်ထားတော့၏။ ထိုအချိန်၌ နောက်ထပ်မြင်းတစ်စီးပေါ်မှ လုံမပျိုလေးသည်လဲ ဆင်းလာ၍ လူရွယ်အနားတွင်လာရပ်၏။
“သင်တို့ရှေ့မတိုးလေနှင့်… သည်မယ်မြင်လေစ… သင်တို့ခြေတစ်လှမ်းတိုးလျှင် သည်ကလေးမ သေ… အား….”
ဓားပြခေါင်းဆောင်၏ စကားပင်မဆုံးလိုက် လူရွယ်၏ဘေးမှ လုံမပျိုလေး၏လက်သည် လှစ်ခနဲလှုပ်ရှားသွားကာ ဓားပြခေါင်းဆောင်၏လက်ဖမိုးတွင် ဓားမြှောင်တစ်ချောင်းသည် စိုက်ဝင်သွားလေသည်။ ထိုလူ၏လက်ထဲမှ ဓားသည်လဲ ပြုတ်ကျသွားလေသည်။ နာကျင်မှုကြောင့် ယောင်ယမ်း၍လက်အဖြုတ်တွင် ဓားပြ၏ ရင်ခွင်ထဲမှ မိန်းမပျိုလေးသည်လဲ ပြေးထွက်လာ၏။ ထို့နောက် ကြိုးတုပ်ခံထားရသော လူငယ်ကို သူ၏ယောက်မနှင့်အတူ ကြိုးကူဖြုတ်ပေးနေ၏။ လက်ဖျံတွင်ဓားမြှောင်စိုက်ဝင်နေသော တပည့်ဓားပြနှင့် လက်ဖမိုးတွင် ဓားမြှောင်စိုက်ဝင်နေသော ဓားပြခေါင်းဆောင်သည်လည်း နောက်ဆုတ်နောက်ဆုတ်ဖြင့် ၎င်းတို့စီးနင်းခဲ့သော မြင်းတို့ဆီ တက်ခွရန်အလို့ငှာ ကြိုးပမ်း၏။ သို့ပေမယ့် လုံမပျို၏နောက်တစ်ကြိမ် လက်အဝှေ့မှာ ဓားမြှောင်နှစ်စင်းက ၎င်းတို့၏ပေါင်သို့ စိုက်သဖြင့် မြင်းပေါ်မတက်နိုင်ဘဲ ခွေကျ၏။ ထိုအခိုက် ကြိုးဖြင့်တုပ်နှောင်ခံထားရသည့်လူငယ်မှာ အနှောင်အဖွဲ့မှလွတ်သည်နှင့် သူ၏ဓားကိုသာပြေးကောက်၏။ ပြီးလျှင် လက်ကျန်ဓားပြနှစ်ဦးထံသို့ ပြေးဝင်သွား၏။ ခေါင်းဆောင်ဓားပြက သူတို့ထံ ဓားကိုင်လျှက် ပြေးဝင်လာသောလူငယ်ကိုမြင်လျှင် သူ့အနီးတွင်ရှိသော နောက်လိုက်တပည့်ကို လူရွယ်လာရာလမ်းသို့ တွန်းပို့၏။ ဒဏ်ရာရနေသော ဓားပြမှာ တွန်းလိုက်သည့်အရှိန်ဖြင့် ဒူးထောက်လျှက်ကြီးရှိနေစဉ်မှာပင် လူငယ်၏ဓားက ၎င်း၏ရင်ဝသို့ ထိုးစိုက်ဝင်သွား၏။
“အား…”
“သေစမ်း… ကျွန်ုပ်၏အမေအား ဓားဖြင့်ရွယ်ဝံ့သလော…”
ဓားပြမူကား တုန့်ပြန်စကားပင်မဆိုနိုင်။ လူငယ်၏ ဓားအနုတ်မှာပင် အသက်ထွက်လေ၏။ ဓားပြခေါင်းဆောင်ကား ဖင်ရွှေ့ဖင်ရွှေ့ဖြင့် ကြောက်လန့်တကြား တရွတ်ဆွဲနောက်ဆုတ်နေ၏။ လူငယ်ကလည်း ဓားကိုတင်းတင်းဆုပ်လျှက် တစ်လှမ်းချင်း ထပ်ချပ်မကွာလိုက်၏။
“မောင်ရင်… သည်… သည်မှာ မောင်ရင့်ရတနာများပေ… ပြန်ယူပါ… ကျွန်ုပ်အသက်ကို ချမ်းသာပေးပါလော့…”
ဓားပြက နောက်သို့ရွေ့နေရင်း ခါးကြားမှ ရတနာထုပ်ကိုပေး၏။ လူရွယ်က စကားမဆိုဘဲ စိမ်းစိမ်းကြည့်လျှက် တစ်လှမ်းချင်းလာသော် ဓားပြက ပထမအထုပ်ကို မြေပေါ်ချ၍ ခါးကြားမှ နောက်ထပ်အထုပ်တစ်ထုပ်ကိုပေးပြန်၏။
“သည်မယ်… ကျွန်ုပ်၏ ဥစ္စာကိုလဲ ယူပါလော့… ကျွန်ုပ်ကိုမသတ်ပါနှင့် မောင်ရင်ရယ်…”
“သင့်အား ကျွန်ုပ် အဘယ်သိုဆိုခဲ့သနည်း…”
“ဟို… ဟို… အား….’
လူငယ်သည် ဓားကိုလေထဲမြောက်လျှက် အားကုန်ပိုင်းချလိုက်ရာ ဓားပြခေါင်းဆောင်၏လက်တစ်ဖက်သည် လက်မောင်းမှပြတ်၏။ ဓားပြမှာ ပြတ်သွားသော မိမိလက်ကိုငုံ့ကြည့်ပြီး မျက်နှာမှာသွေးဆုတ်ဖြူရော်နေပေ၏။
“သည်လက်နှင့်ကျွန်ုပ်၏နှမကိုယ်ကို ကျူးဝံ့သလော…”
“ကြောက်လှပြီမောင်ရင်… ကျွန်ုပ်မှားပါ၏… အသက်ကိုချမ်းသာပေးပါလော့…”
“သင့်အသက်ကိုချမ်းသာပေးနိုင်သော်ငြား သင့်လက်ကိုကား ချမ်းသာမပေးနိုင်… လက်ထုတ်ပါလေ… လက်မထုတ်ရင် ဇက်ပြုတ်လတ္တံ့…”
“မ… လုပ် ပါ နှင့် မောင် ရင် ရယ်… လက်နှစ်ဖက် မရှိရင်ဖြင့် သေသည်နှင့်မခြားပြီ…. ချမ်းသာပေးပါ… အား…”
ဓားပြခေါင်းဆောင်၏စကားပင်မဆုံးသေး ရုတ်တရက် အနားရောက်လာသော မိန်းမငယ်လေးက ကောက်ယူလာသောဓားဖြင့် တအားလွှဲခုတ်ချလိုက်ရာ ဓားပြလည်ပြတ်လေ၏။ ဓားပြခေါင်းဆောင်သည်လည်း ကိစ္စတုံးလေပြီ။ မိန်းမငယ်ကား ခုတ်ပြီးသည်နှင့် ဓားကိုလွှတ်ချကာ သူ၏မောင်ရင်ခွင်ထဲတိုးဝင် ငိုကြွေး၏။ လူငယ်လဲ သူ့နှမကိုပွေ့ဖက် ချော့မြူရ၏။
“မောင်ကြီးက ချမ်းသာပေးနိုင်သော်ငြား… အထွေးသည်းမခံနိုင်လို့ လုပ်လိုက်မိပြီ မောင်ကြီး…”
“ကိစ္စမရှိ… အားလုံးပြီးချေပြီ ထွေးငယ်… ကျေးဇူးရှင်များကို ကျေးဇူးစကားဆိုအုံးစို့…”
လူငယ်သည် ရတနာထုပ်များကိုလည်း ကောက်၏၊ ဓားမြှောင်များကိုလည်း အလောင်းများမှ နုတ်၍ ကူညီပေးကြသော လုလင်နှင့် လုံမတို့ထံလာ၏။ ထို့နောက် လူငယ်နှင့် ကျန်မိန်းမများက မြေပြင်တွင်ဒူးတုပ်လျှက် ဧည့်သည်နှစ်ဦးကို ရှိခိုးဟန်ပြင်သည်နှင့် လုလင်တို့က အတင်းထူရ၏။
“သည်လို မလုပ်ကြပါနှင့် ရောင်းရင်းနှင့် နှမတို့ အမေတို့… ထကြပါ… ကျွန်ုပ်တို့က ငယ်ပါသေးသည်… ကန်တော့ခံရန် မသင့်ပါ… ထကြပါလော့…”
“ဟုတ်ပါ၏ ထကြပါ ညီမတို့…”
“အမယ့်အသက်သည်လည်းကောင်း… အမယ့်သားသမီးနှင့် ချွေးမတို့အသက်သည်လည်းကောင်း သည်ကလုလင်နှင့်လုံမတို့ကြောင့် ဆက်ရပေသည်… ထွေးငယ်၏ အရှက်သည်လည်း မပျက်ရပေတာမို့ ကျေးဇူးကြီးပေစွ သူငယ်တို့…”
“ကျွန်ုပ်တို့လည်း ခရီးသွားရင်း အခွင့်သင့်လို့ ကူညီရတာ အပမ်းမကြီးပါ အမယ်… ရှေးရေစက်လို့သာ မှတ်ပါ၏…”
“သို့အလိုဆိုမှဖြင့် ဤရတနာများကို ယူပါလော့ ကျေးဇူးရှင်တို့…”
“ကျွန်ုပ်တို့အတွက် ရတနာ အသပြာဟူ၍ မလိုအပ်ပါ… ရောင်းရင်းတို့ပင် သိမ်းဆည်းထားပါလော့…”
“ဤသို့ဆိုလျှင်…”
လူငယ်က စကားကိုမဆက်သေးဘဲ သူ၏နှမကို ငဲ့စောင်းကြည့်၏။ မိန်းမပျိုလေးက သူ၏မောင်ကြီးအား ခေါင်းငြှိမ့်ပြ၏။
“ဤသို့ဆိုလျှင်… ကျွန်ုပ်၏နှမ အထွေးလေးက အသက်ဆယ်ခြောက်နှစ်အရွယ် အပျိုဖြစ်၏… ရောင်းရင်းတို့အပေါ် ခြေဆုပ်လက်နယ်ပြုရန် ထည့်ပေးပါရစေ…”
“မသင့်လျော်ပါ ရောင်းရင်… ဤသည်ကား ကျွန်ုပ်၏ဇနီးပေ… သူမှတစ်ပါး အခြားကညာဖြင့် မလိုပြီ… တဖန်ဆိုရမူ… ကျွန်ုပ်တို့မောင်နှံကား ဤသို့နှယ် နယ်လှည့်၍ မိမိတို့တတ်မြောက်သော သိုင်းပညာဖြင့် ဒုက္ခတွေ့နေသူများကို ကူညီရခြင်းကို နှစ်ခြိုက်ရကား လူပိုတစ်ယောက်ရှိနေခြင်းက သူ့အတွက် အန္တရာယ်များပေစွ… ထို့ကြောင့် နှမငယ်ကို ရောင်းရင်းတို့နှင့် အတူထား၍ အချိန်အခါသင့်မှ သင့်တော်ရာနှင့် ထိမ်းမြားပေးပါလော့…”
“ကျွန်ုပ်နားလည်ပါပြီ… သည်မှာ ရောင်းရင်းတို့ရဲ့ ဓားမြှောင်လေးတွေပါ… ကျွတ်… ကျွတ်…”
လူငယ်က ခရီးသွားလုလင်ထံ နုတ်ယူလာသော ဓားမြှောင်လေးများကို ကမ်းပေးရင်း မျက်နှာရှုံ့၍ ညည်းညူချေ၏။ လုလင်ကလဲ လက်ခံ၏။
“ရောင်းရင်းရဲ့ ဒဏ်ရာက နာနေပြီလော… ဤဆေးရည်ကို အနာအပေါ် အနည်းငယ်မျှ သုတ်လိမ်းပါလေ… အစမှာ စပ်ပေမယ့် မကြာမီသက်သာအံ့…”
“ကျွန်မကိုပေးပါရှင်… အထွေး တူလေးကို ချီထားဦး…”
“ပေးယောက်မ…”
လူငယ်ကို သူ၏ဇနီးက ဒဏ်ရာများ ဆေးလိမ်းပေးစဉ် ခရီးသွားလုလင်နှင့် လုံမကား ဓားပြအလောင်းများကို လမ်းနံဘေးခြုံထဲသို့ ပစ်ထည့်နေကြ၏။ ဓားပြများစီးလာသောမြင်းတို့ကိုလည်း ဇက်ကြိုး၊ ကုန်းနှီးများဖြုတ်၍ လွှတ်၏။ ပြီးသော် ခရီးသွားလုလင်တို့က လူငယ်တို့၏လှည်းကို အရှေ့မှနှင်စေလျှက် ၎င်းတို့၏ ရွာအနီးအထိ ပို့ဆောင်၏။ လှည်းကို ဇနီးသည်ကမောင်းလျှက် လူငယ်က ထိုင်လိုက်၏။ လူငယ်၏နှမ အထွေး၏မျက်ဝန်းတို့သည်က မြင်းစီးလုလင်၏မျက်နှာကိုသာ အရိပ်တစ်ကြည့်ကြည့် ရှိပေ၏။
“ကျွန်ုပ်၏အမည် စိတ္တပါ ရောင်းရင်း… လှည်းနှင်နေသူကား ကျွန်ုပ်၏အိမ်သူ ခတ္တာမည်၏… သည်ဟာကဖြင့် ကျွန်ုပ်၏နှမ ရှင်ထွေး… သည်ဟာက ကျွန်ုပ်၏အမေ မအိုဇာတည်း… ညောင်ပင်တန်းရွာတွင် ကျွန်ုပ်တို့နေ၏… အိမ်တွင် ကျွန်ုပ်၏အဘ ဦးမှုံသည်လည်း ရှိ၏… ရောင်းရင်းတို့၏ အမည်လေးများသိခွင့်ရှိရင် သိပါရစေ… ကျွန်ုပ်တို့၏ ကျေးဇူးရှင်များကို မှတ်သားထားလို၏…”
“သိရပါတယ် ရောင်းရင်း… ကျွန်ုပ်က တေဇ သူကဖြင့် မေခမည်၏…”
“လိုက်ဖက်လှပေစွ… ရောင်းရင်းတို့ကို ကျွန်ုပ်တို့အိမ်သို့ ဖိတ်ပါ၏… ကျွန်ုပ်တို့အိမ်မှာ တစ်ညတာ ဧည့်ဝတ်ပြုပါအုံးအံ့… အိမ်မှာအနားယူပြီးမှ မနက်မှ ခရီးဆက်ရန် မသင့်သလော ရောင်းရင်း…”
“ညဦးက ကျွန်ုပ်တို့ အနားယူပြီး… အရေးပေါ်လို့ ညည့်နက်ယံတွင် ခရီးဆက်ခြင်းဖြစ်သမို့… နောင် ကြုံသောအခါ ဝင်လည်ပါအံ့… ရောင်းရင်းရဲ့ ဖိတ်ကြားမှုကို မှတ်သားထားပါမည်…”
“ဆက်ဆက်သာ ဝင်ခဲ့ပါ ရောင်းရင်း… ရွာတွင် စိတ္တ၏အိမ်ဆိုသော်… ကလေးကအစ သိပါ၏…”
“ကောင်းပြီ ရောင်းရင်း… နောင်သောအခါ ယခုလိုညနက် ခရီးမထွက်လေနှင့် တစ်နယ်တစ်ရွာခရီးဝေးသွားလျှင် အဖော်များနှင့်သာ သွားပါလေ… ယခုအခါတွင်ကား ဆိုးသွမ်းသော တောပုန်းဓားပြများ အလွန်ပေါများလာချေပြီ… မိမိကိုယ်ကိုနှင့် မိမိ၏မိသားစုကိုကာကွယ်ရန်လည်း ကိုယ်ခံပညာကို တိုးတက်အောင် လေ့ကျင့်သင်ယူပါလော့…”
“မှန်ပေ၏ ရောင်းရင်း… ကျွန်ုပ်တို့လဲ ကိစ္စရှိ၍ ပွဲလမ်းသဘင်မှ စောပြန်မိရကား မိသားစုလိုက် ရေတိမ်နစ်ရတော့မည့်အရေး ရောင်းရင်းတို့ကယ်ပေလို့သာ လွတ်လာရ၏… နောင်သောအခါ ဆင်ခြင်ပါမည်… အိမ်သို့ဝင်မလည်လျှင်ဖြင့် ဟိုးအရှေ့က ညောင်သုံးပင်တန်းလျှက် ပေါက်နေသည်မှာ ကျွန်ုပ်တို့၏ ညောင်ပင်တန်းရွာတည်း… ရွာကိုပင်မြင်နေပြီမို့ ရောင်းရင်းတို့မောင်နှံ လိုရာခရီးကို ဆက်နိုင်ပါပြီ…”
မြင်းစီးလုလင်က စိတ္တပြောသော နေရာသို့လှမ်းမျှော်ကြည့်သော် လရောင်အောက်၌ ရွာအဝင်တွင် ထီးထီးကြီးတန်းလျှက်ပေါက်နေသော ညောင်ပင်သုံးပင်ကို မြင်ရ၏။
“ကောင်းပြီ ရောင်းရင်းစိတ္တ…”
“ဆက်ဆက်လာခဲ့နော် မောင်ကြီးတေဇ… အထွေးမျှော်နေမယ်… အစ်မမေခလဲ လာခဲ့ပါနော်…”
ကလေးချီထားသော ရှင်ထွေး သို့တည်းမဟုတ် အထွေးကလည်း တေဇဆိုသူ မြင်းစီးလူငယ်ကို ဝင့်ဝင့်စားစားကြည့်လျှက် နှုတ်ဆက်၏။ ရှင်ထွေးသည် တေဇဆိုသည့်လုလင်ငယ်အပေါ်တွင် တိမ်းညွှတ်နေသည်ကား သိသာလှပေ၏။
“ကောင်းပါပြီ နှမငယ်…”
မြင်းစီးမောင်နှံတို့သည် နှုတ်ဆက်ပြီး မြင်းကို ရပ်လိုက်ကြ၏။ လှည်းကား ရွာဆီသို့ တစ်ရွေ့ရွေ့ သွားနေ၏။
“သူတော်ကောင်း ဇနီးမောင်နှံ လမ်းခရီး၌ ဘေးဥပါဒ်ကင်း၍ အိုအောင်မင်းအောင် ပေါင်းရပါစေကွယ်…”
ဒေါ်အိုဇာ၏ ဆုတောင်းသံကား တကျီကျီလှည်းသံကြားမှာ ပျံ့လွင့်နေပေ၏။ မြင်းစီးမောင်နှံသည်ကား ခရီးဆက်၍သွားလေ၏။
×××××××××××××××××××××××××××××××××
…ခွပ်… ခွပ်… ခွပ်… ခွပ်…
�ခပ်မှန်မှန် ပြေးလွှားနေသော မြင်းနှစ်စီးထက်ဝယ် တောင်ရှည်ခေါးတောင်းကျိုက်နှင့် ရင်ဖုံးအင်္ကျီလက်တိုကိုဝတ်လျှက် ကျောတွင်ဓားရှည်ကိုလွယ်ထားသော လျောင်တစောင်းနှင့် ပုဝါပေါင်းလုလင်တစ်ဦးနှင့် ထဘီကိုတောင်ရှည်သဖွယ်ခါးတောင်းကျိုက်လျှက် ဓားရှည်ကိုလွယ်ကာ ရင်ဖုံးလက်ရှည်ဝတ်ထားသော ဆံပင်တစ်ပတ်လျှိုထုံးလျှက် လုံမတစ်ဦး စီးနင်းလာလေသည်။ သူတို့သည် မကြာသေးမီပင် မိသားစုတစ်စု ဓားပြရန်က ကယ်တင်ပေးခဲ့သော တေဇနှင် မေခပင်ဖြစ်၏။
“မောင်ကြီးရယ် ဘယ့်နှယ်ကြောင့် မောင်နှံဟုဆိုဘိ…”
“မောင်ကြီးလဲ… ရှင်ထွေးကို မောင်ကြီးလက် အတင်းအပ်မည်ထင်၍ ပြောလိုက်ရ၏ ခရယ်…”
“ဒေါ်အိုဇာကြီး နောက်ဆုံးဆုတောင်သံကြားတော့ ခဖြင့် စိတ်ထဲတစ်မျိုးကြီးပ…”
“ဟင်း ဟင်း… မောင်ကြီးလဲ သည်လိုပါဘဲ… ကိုယ်နှမနှင့် ပြန်ပေးစားသလိုဆိုတော့ ကိုယ့်စကားနှင့်ကိုယ် စူးနေပါပေါ့လို့ ခံစားမိပါ့…”
“မောင်ကြီးရယ်… ရှင်ထွေးဟာဖြင့် ငယ်လည်းငယ်၏… လှသည်မှာလဲ ဆိုဖွယ်မရှိ… စိတ်ထားလေးလဲ ကောင်းပုံရ၏… မောင်ကြီးအပေါ်လည်းညွှတ်နေပုံရရဲ့… မောင်ကြီးက လုံးလုံးစိတ်မဝင်စားဘူးလား…”
“ကျေးဇူးရှင်မို့ လေးစားအားကိုးတာမျိုး ဖြစ်မှာပါလေ… မောင်ကြီးက အိမ်ထောင်ပြုနှောင်တွယ်တာမျိုး မလိုချင်သေးဘူး… ခနှင့် သည်လိုခရီးထွက်ပြီး လူတွေကို ကူညီရတာကို ပို၍နှစ်ခြိုက်၏…”
“ဟင်း ဟင်း… ဒါနဲ့ ဟိုဓားပြသုံးယောက်ကို မောင်ကြီး တစ်ချက်တည်းကိစ္စတုံးလိုက်တာ လွန်တယ်ထင်တာပ…”
“ဟုတ်ပေတယ်… သို့ပေမယ့် ဒီလိုကိစ္စက လက်စမဖြတ်ရင်ဖြင့် ဟိုမိသားစုအပေါ် နောက်တစ်ချိန်ရန်ညှိုးထားဖွယ်ရှိလို့ ကိစ္စတုံးရပေတယ်… လွန်လဲလွန်တဲ့ ဓားပြပေပဲ… ပစ္စည်းရရုံမကျေနပ် လူကိုပါဒုက္ခပေးတာ သေတာလဲ အေးတာပါပဲလေ…”
“သည်လိုဆိုပြန်တော့လည်း မှန်ပေတာပဲ… မည်သို့ဆိုစေ ရှင်ထွေးက မောင်ကြီးကို မျှော်နေမှာ အမှန်ပ… ခစ် ခစ်…”
“ရှင်ထွေးမျှော်တာ ကိစ္စမရှိ… အမေ့လည်ပင်း ညောင်ရေအိုးသဖွယ်မဖြစ်အောင် အမြန်နှင်စို့လား…”
“ခစ် ခစ်… စကားလွှဲသည်လား မောင်ကြီးရဲ့… ခစ် ခစ်…”
မေခ၏ ရယ်သံနှင့်အတူ မြင်းနှစ်ကောင်သည်လည်း ဒုန်းစိုင်းပြေးလေ၏။
အခန်း ၂ ဆက်ရန်
အခန်း ၂/၁
မြင်းနှစ်ကောင်ကို စီးနင်းလာသော ယောက်ျားပျိုနှင့် မိန်းမပျို နှစ်ဦးတို့သည် ရွာအတွင်းသို့ တစ်ရွေ့ရွေ့နှင့် ပုံမှန်အတိုင်း စီးနင်းလာလေ၏။ ၎င်းတို့၏ အိမ်ခြံဝင်းအဝတွင် ရပ်ထားသော မြင်းနှစ်ကောင်ကသော မြင်းရထားကိုလည်းကောင်း၊ အိမ်ခြံဝတွင် စောင့်ကြပ်လျှက်ရှိသော လှံကိုင်ရဲမက်တို့ကိုလည်းကောင်း မြင်လိုက်ရလေ၏။
“အဘရောက်နေတာပ ခရဲ့…”
“မှန်ပါ့ မောင်ကြီးရယ်…”
ကျွန်ုပ်တို့မောင်နှမ မိမိတို့၏ခြံအတွင်းသို့ဝင်သော် အစောင့်အကြပ်တို့ကား အဘ၏ သားနှင့်သမီးမှန်း သိသော် အသာတကြည်ဝင်ခွင့်ပြုရုံမျှမက ကျွန်ုပ်တို့၏ မြင်းများကိုလဲ ဇက်ကြိုးမှကိုင်လျှက် မြင်းဇောင်းသို့ ဆီးကြိုဆွဲငင် ယူသွားကြ၏။ ကျွန်ုပ်တို့မောင်နှမကား အိမ်ဆီသို့ လှမ်းလျှောက်လာမူ ကျွန်ုပ်တို့၏အဘက အိမ်ရှေ့ကွပ်ပြစ်တွင် ထိုင်လျှက် အကြမ်းနှင့် လက်ဘက်ကို သုံးဆောင်နေ၏။
“အလို… သားမောင်နှင့် သမီးငယ်တို့ပင် ပြန်ရောက်ချေပြီတကား… မေခငယ် အဘယ်နှယ် ထဘီခါးတောင်းကျိုက်လျှက်ရှိချေဘိ…”
“အို.. အဘနှယ်… သမီးလည်း မောင်ကြီးနှယ် သိုင်းပညာကို စိတ်ဝင်စားမိရကား ဤသို့ ဝတ်ဆင်သွားလာရပေအံ့… ထဘီစွန်တောင်ဆွဲ တိုက်ခိုက်ရန် အဘယ်မှာ သင့်မည်နည်း…”
ကျွန်ုပ်တို့ မောင်နှမလဲ အဘထိုင်ရာကွပ်ပြစ်တွင် ဝင်ထိုင်ကြရင်း ကျောတွင်လွယ်ထားသော ဓါးတွေကိုလည်း အသာဖြုတ်ယူကာ ကြမ်းပြင်တွင်ချလိုက်၏။
“အင်း… မအေတူသမီး ပီပေစွ… သမီးအမေ ငယ်စဉ်ကလဲ ဤသို့နှယ် သိုင်းပညာအလွန်ဝါသနာထုံပေ၏…. သားကြီး… အမောင့်သိုင်းပညာ အဘယ်အဆင့်ရှိပြီနည်း…”
“ကျွန်ုပ်၏သိုင်းပညာကား… အလယ်အလတ်အဆင့်ရှိပေပြီ… ထိုထက်မြင်သောအဆင့်ကိုကား တက်လှမ်းရန် ကြိုးပမ်းနေဆဲပါ အဘ… အမေရော အဘ…”
“ထုံးစံအတိုင်းပေါ့ သားမောင်… လူလေးရဲ့အမေဟာဖြင့် အဘသည်ကိုရောက်သည်နှင့် စက်ရာခန်းမှ မထွက်ပြီ…”
မှန်ပေ၏။ ကျွန်ုပ်၏ မိခင်သည် ဖခင်အိမ်သို့ရောက်လာသည်နှင့် အိပ်ရာခန်းတွင်သာ နေလေတော့၏။ ဤသည်ကလဲ အကြောင်းရှိ၏။ ကျွန်ုပ်၏ဖခင်သည် လက်ရှိ ရှင်ဘုရင်(မြို့ဘုရင်)၏ အပါးတော်မြဲ အကြံပေးဖြစ်၏။ ဖခင်က အမေတို့ရွာသို့အရောက်တွင် အမေကိုမြင်၍ သဘောကျနှစ်ခြိုက်မိရာ ဘုရင့်အမိန့်တော်ဖြင့် ကျွန်ုပ်၏အဘိုးအိမ် တစ်နည်း အမေတို့အိမ်တွင် အလံတော်စိုက်၍ အမေ့ကိုသိမ်းပိုက်ခဲ့ပေ၏။ အမေသည် သူ၏မိဘတို့၏ အသက်အန္တရာယ်ကို စိုးရိမ်သဖြင့် လက်ခံခဲ့ရသော်ငြား ၎င်းဘက်မှလည်း အပြန်အလှန် တောင်းဆိုခဲ့၏။ ထိုသည်ကား အခြားမဟုတ်၊ မင်းနေပြည်တော်ရှိ ဖခင်၏အိမ်တွင် လိုက်မနေလိုဘဲ မိမိရပ်ရွာတွင်သာ နေလိုသည်ဟုဖြစ်၏။ သို့မဟုတ်ပါလျှင် မိမိကိုယ်မိမိ အဆုံးစီရင်ပစ်မည်ဟုဆိုသော် ဖခင်လည်း လိုက်လျောရ၏။ ဤသို့ဖြင့် အမေသည် ကျွန်ုပ်တို့မောင်နှမ လူပျို၊အပျိုပင် ဖြစ်လာလင့်ကစား အဘ၏အိမ်ရှိရာ မြို့တော်သို့ ခြေတစ်လှမ်းမျှပင် မချခဲ့ချေ။ ထို့အပြင် အဘ အိမ်သို့ရောက်လာလျှင်လည်း အိပ်ရာခန်းတွင်သာနေလျှက် ရှိတော့၏။ အဘနှင့် အမေ၏ ကြည်နူးဖွယ် ကလူ၏၊ မြှူ၏ကိုလည်း ကျွန်ုပ်တို့မောင်နှမ သည်အရွယ်တိုင် မမြင်ဖူးချေ။ အဘသည် နေပြည်တော်တွင် ၎င်း၏တာဝန်များကိုထမ်းဆောင်နေသော်ငြား အားလပ်လျှင်အားလပ်သလို အမေနှင့် ကျွန်ုပ်တို့ရှိရာ ဤရွာကလေးသို့ လာရောက်၍ အမေနှင့်ကြည်နူးစွာ မနေရသော်ငြား ကျွန်ုပ်တို့မောင်နှမနှင့် စကားဖောင်ဖွဲ့၍ ပျော်ရွှင်စွာနေတတ်၏။ အဘလာသည့်အခါတိုင်းတွင်လဲ မြင်းရထား စစ်သည်ဗိုလ်ပါ အစောင့်အကြပ်နှင့် အပြည့်အစုံလာလေ့ရှိ၏။ အဘ၏အရှိန်အဝါကြောင့်လည်း ဤနယ်တစ်ကြောတွင် ကျွန်ုပ်တို့မိသားစုကို ထိပါးရဲသူ စိုးစိမျှ မရှိပေ။
“အဘ… သည်လိုဆို ခဏနေချည်အုံး… ကျွန်ုပ်တို့ ရေချိုး ကိုယ်လက်သန့်စင်အုံးအံ့…”
“သွားလော့ လူလေး… လူလေးတို့မောင်နှမ ပြန်ရောက်မှပဲ အဘလဲ နေသာထိုင်သာ ရှိပေတယ်… မဟုတ်လျှင် အဘတစ်ယောက်တည်း ငူငူကြီးကွယ်…”
ဤသို့နှင့် ကျွန်ုပ်နှင့် နှမငယ် မေခသည်လည်း အိမ်အပေါ်သို့တက်ခဲ့၏။ ကျွန်ုပ်တို့၏ ဆောင်ဓားများကို အိမ်နံရံတွင်ချိတ်ပြီးနောက် မိခင်ဖြစ်သူ၏ အိပ်ခန်းဝသို့ လျှောက်သွားလိုက်၏။
“အမေ… ကျွန်ုပ်တို့ ပြန်ရောက်ပါပြီ… အမေ ကျန်းမာပါစ..”
“လူလေးတို့ပြန်ရောက်ပြီလားကွယ့်… အမေကျန်းမာပလူလေး… လူလေး ခရီးလမ်းမှာ… ဘေးရန်ကင်းရဲ့လား…”
အမေက အခန်း၏ ခန်းဆီးစကို ဆွဲဖယ်ကာ အခန်းဝတွင် ရပ်နေ၏။
“ကင်းပါ၏ အမေ… ခရီးလမ်းတွင် ဆိုးသွမ်းသောဓားပြများလက်မှ မိသားတစ်စုကိုလဲ ကယ်တင်နိုင်ခဲ့ပါ၏…”
“ဟုတ်စ. သားမောင်… မီးငယ်မေခ… အမေ့ဆီကို လာကြပါအုံး လူလေးတို့ရယ် အမေလူလေးတို့အတွက် သိပ်ဂုဏ်ယူမိတယ်…”
အမေက လက်နှစ်ဖက်ကိုဆန့်တန်းလျှက် ဆီးကြိုလေလျှင် ကျွန်ုပ်နှင့်မေခလည်း အမေ့ရင်ခွင်သို့ပြိုင်တူတိုးဝင်လေရာ အမေက ကျွန်ုပ်တို့မောင်နှမကို နွေးထွေးစွာဖက်ထားပေး၏။
“အမေ… အခန်းအပြင်မထွက်တော့ဘူးလား…”
“အမေမထွက်ချင်မှန်း မီးငယ်လေး သိလျှက်နဲ့ ထပ်မမေးပါနဲ့ကွယ်…”
“ခက… သမာရိုးကျမိသားစုလို သိုက်သိုက်ဝန်းဝန်းနေချင်ရုံမျှပါ အမေ…”
“မီးငယ်လေးရယ်… နောင်သောခါ အမေ့ခံစားချက်ကို နားလည်လတ္တံ့… မီးငယ်လေးတို့အဘရောက်သည်အခိုက် သူနှင့် နီးနီးကပ်ကပ် နေပေးလိုက်ကြပါလေ…”
နှမငယ်လေး မေခကား အငယ်ပီသစွာ ချွဲနွဲ့တတ်ရမူ အမေ့အား ဖခင်နှင့် နွေးနွေးထွေးထွေးနေရန် ယခင်ပြောနေကျအတိုင်းပင် ဖခင်ဘက်မှ ကူပြောပေး၏။ မိခင်ကလဲ ရှေ့ယခင်ကလိုပင် ငြင်း၏။ ကျွန်ုပ်ကမူ အကြီးလဲဖြစ်ပြန်၊ မိခင်၏ဆန္ဒကိုလဲ အလေးထား၍ သိတတ်စအရွယ်မှစလို့ မိခင်အား အဘနှင့် နွေးနွေးထွေးထွေးနေရန် မတိုက်တွန်းတော့ပေ။ ကျွန်ုပ်နှင့်မေခ အမေ့ကိုနှုတ်ဆက်ပြီးသကာလ မေခလည်း သူ့အိပ်ခန်းအတွင်း ဝင်ကာ ရေချိုးဖို့ပြင်၊ ကျွန်ုပ်လည်း မိမိအခန်းအတွင်သို့ဝင်ကာ ရေချိုးဖို့ပြင်ပြီးလျှင် အိမ်အောက်သို့ ပြန်ဆင်းလာလျှက် အိမ်နောက်ဖေးရေကပြင်တွင် ရေချိုးကြလေ၏။ အဘ၏အစောင့်အကြပ်များကား အဘအခွင့်မရှိဘဲ ခြံဝင်းအတွင်းသို့ မဝင်ရောက်ဝံ့ကြချေ။ ကျွန်ုပ်တို့မောင်နှမ အတူရေချိုးကြသည်ကလည်း အဆန်းမဟုတ်။ မြင်းတစ်ယောက်တစ်စီးစီနှင့် ဤသို့သွားလာပြီးပြန်ရောက်လာလျှင် ဤနှယ် အတူရေချိုးကြစမြဲပင်။ နှမငယ်က အိမ်ပြန်ရောက်မှ တောင်ရှည်သဖွယ်ဝတ်လျှက် ခါးတောင်းကျိုက်ထားသောထဘီကိုဖြည်ကာ သာမန်ထဘီသဖွယ် ရင်လျားလျှက် ကျွန်ုပ်၏နံဘေးတွင်ရေချိုးသော်ငြား ကျွန်ုပ်၏စိတ်တွင် မိမိ၏နှမပေမို့ မည်သို့မျှ အထူးတစ်လည်မခံစားမိပါချေ။ ကျွန်ုပ်တို့ရေချိုးနေစဉ်မှ မီးဖိုခန်းမှချက်ပြုတ်ရင်း ကျွန်ုပ်တို့မောင်နှမကို လှမ်းကြည့်နေသူကား ဖွားအုံတည်း။ ဖွားအုံသည် အမေ့၏ မိခင်ဖြစ်၏။ အမေက အဘရောက်လာ၍ အခန်းအောင်းနေရကား ဖွားအုံကိုယ်တိုင် မီးဖိုချောင် ဝင်နေရချေ၏။
“ပြန်ရောက်ကြပြီလားကွယ့် မြေးလေးတို့…”
“ရောက်ပြီဖွား… ဘာဟင်းကောင်းများချက်…”
“တောတက်တဲ့ ဂါလကို အမဲရရင်လာပို့ဖို့မှာထားလို့ တောဝက်သားလာပို့သွားသမို့… တောဝက်သားချက်နေတာ… ပြီးတော့ ယုန်လဲရလိုက်သေးတော့ ယုန်သားဟင်းချိုလေးလဲ ချက်မယ်လေ…”
“ဟား… ဖွားပြောတာနဲ့တင်ခတော့ သွားရည်ကျလာချေပြီဖွားရေ… ဖိုးကိုမမြင်မိတကား…”
“ရွာထဲက လုံမတို့အဖိုးရဲ့ မိတ်ဆွေတစ်ဦး မမာလို့ သတင်းသွားမေးတယ်ကွယ့်… မြေးတို့အမြန်ချိုးကြချည်… အအေးပက်မယ်ကွယ့်…”
“ဟုတ်ကဲ့ပါ ဖွားရဲ့…”
ကျွန်ုပ်တို့မောင်နှမ ရေချိုးကြပြီးလျှင် အဘနှင့် အတူအောက်ထပ်မှ ကွပ်ပြစ်တွင် ဝင်ထိုင်လျှက် စကားလက်ဆုံကျလေ၏။ အဘက ကျွန်ုပ်တို့ မောင်နှမ ခရီးလမ်းတွင် တွေ့ကြုံရသည်များကို မေး၊ ကျွန်ုပ်တို့ကပြန်ပြောပြနှင့် စကားဝိုင်းက ကောင်းနေစဉ် အဖိုးညိုလဲ ပြန်ရောက်လာ၏။ ဤသို့နှင့် ထမင်းဝိုင်းတွင်လဲ အမေမပါချေ။ အမေက သူ့အတွက်ထမင်းကို အခန်းထဲသို့ပို့စေကာ အိပ်ခန်း၌သာ စား၏။ ကျွန်ုပ်က အမေတစ်ယောက်တည်း ထမင်းစားနေရသည်ကို သနား၍ ထမင်းကို ခပ်သွက်သွက်စားလိုက်ပြီး အိမ်ပေါ်တက်ကာ အိပ်ခန်းတွင်း၌ အမေထမင်းစားနေတာကို အနားဝင်ထိုင်လျှက် ယပ်ခပ်ပေးရင်း စကားပြောပေ၏။ အမေကလဲ ကျွန်ုပ်သူ့ထံပါး ရောက်လာစကားဆိုသည်ကို ကျေနပ်နေဟန်ရှိ၏။
ဤသို့နှင့် ညနေစောင်းတွင် ကျွန်ုပ်နှင့် နှမငယ် မေခတို့က အဘကြည့်ချင်သည်ဆိုသဖြင့် အိမ်ရှေ့မြေကွက်လပ်၌ သိုင်းကစားပြရ၏။ မေခကား သိုင်းပညာထက် လက်နက်ပုန်းပညာတွင် ပိုစွမ်း၏။ ကျွန်ုပ်တို့မောင်နှမ ဓားကိုယ်စီဖြင့် မြေကွက်လပ်တွင် လှည့်ပတ်ချောင်းမြောင်းနေကြ၏။ လှစ်ခနဲ မေခ၏ကိုယ်တစ်ပတ်လှည့်ကာ လက်တစ်ချက်အလှုပ်မှာ ဓါးမြှောင်လေးသုံးချောင်းက ကျွန်ုပ်၏ရင်ဝသို့ ရှေ့ဆင့်နောက်ဆင့်စီတန်းလျှက် အဟုန်ဖြင့်ဝင်လာ၏။ ကျွန်ုပ်သည် နှမငယ်အစွမ်းကို သိရကား ကနဦးကပင် သတိကြီးစွာထားလျှက် အသင့်ပြင်ထားစောင့်ဆိုင်းနေတာကြောင့် ကိုယ်ကို တစ်ချက်ယိမ်း၍ ဓားကိုအလျှင်အမြန် တစ်ပတ်လည်ဝှေ့ယမ်းကာ ဝင်လာသောဓားမြှောင်များကို ခတ်ထုတ်ပစ်လိုက်ရ၏။ ဓားချင်းရိုက်ခတ်သံ ချွင်ခနဲနှင့်တူ ဓားမြှောင် သုံးချောင်းလည်း မြေတွင်စိုက်ဝင်သွား၏။ နှမငယ်၏ ဓားမြှောင်ပစ်ပေါက်နိုင်စွမ်းက အံ့မခမ်းတည်း။ ကျွန်ုပ်လည်း ဝင်လာသောဓားမြှောင်များကိုရိုက်ချပြီးသည်နှင့် မေခထံသို့ ကိုယ်ကိုယိမ်းနွဲ့ကာ အဟုန်ဖြင့်ပြေးဝင်သွား၏။ သိုပေမယ့် မေခကလည်း နောက်ကျွမ်းကိုပေါ့ပါးစွာပစ်လိုက်သည့်အခိုက်မှာပင် ပြေးဝင်လာသည့်ကျွန်ုပ်ထံ ဓားမြှောင်နှစ်ချောင်းက ပြေးဝင်လာပြန်၏။ ယိမ်းနွဲလှုပ်ရှားနေသော ကျွန်ုပ်၏ကိုယ်လှုပ်ရှားမှုအတိုင်း ဦးတည်ရာနှစ်ခုဖြင့် တပြိုင်တည်းပြေးဝင်လာသော ဓားမြှောင်များနှစ်ခုအနက် တစ်ခုကိုရှောင်စဉ် နောက်တစ်ခုက ကျွန်ုပ်ထံတည့်တည့်ဝင်လာပြန်၏။ ထိုဓားမြှောင်ကိုကားကျွန်ုပ်၏ဓားရှည်ဖြင့် ပြောင်းပြန်ရိုက်ထုတ်လိုက်ရာ ဝင်လာသောဓားမြှောင်တစ်ချောင်းက စကြာသဖွယ် လည်လျှက် မေခံထံပြန်သွား၏။ မေခက နောက်ကျွမ်းမှ မြေသို့ပြန်အကျ၌ပင် ဓားမြှောင်ကို သွားနှင့်ကိုက်ကာ ဖမ်းပြ၏။ အဘက မေခ၏အပြုအမူကို သဘောကျသဖြင့် လက်လက်ခုပ်လက်ဝါးတီးလျှက် မေခကိုချီးမြှောက်၏။ နှမငယ် မေခက ရယ်ကျဲကျဲနှင့် ကျွန်ုပ်ကို စိန်ခေါ်နေဟန်ရှိ၏။ မေခကိုကား အနီးသို့မကပ်နိုင်လျှင် တိုက်ဖို့မလွယ်ချေ။ သူ့အနီးကိုကပ်ရန်ကား သူ့ဓားမြှောင်များကို ရှောင်ရ တိမ်းရ ဖယ်ထုတ်ရနှင့် သူ့အနီးသို့ အလွယ်တကူမရောက်နိုင်ချေ။ ထိုအခိုက် အိမ်အပေါ် ပြူတင်းပေါက်မှရပ်ကြည့်နေသော အမေ့ကို မြင်လိုက်ရ၏။ အမေကလည်း ငယ်စဉ်ကပင် သိုင်ပညာဝါသနာထုံသည်မို့ ယခုလို ကျွန်ုပ်နှင့် မေခ သိုင်းကစားသည်ကို လာကြည့်ခြင်းဖြစ်၏။ ကျွန်ုပ်လဲ အမေ့ကိုပြုံးပြလိုက်ပြီး ဓားကို ကျောတွင်လွယ်ထားသော ဓားအိမ်အတွင်းသို့ ပြန်ထည့်လိုက်သည်။ ကျွန်ုပ်၏အပြုအမူကိုကြည့်ပြီး မေခက မျက်မှောင်ကျုံ့သည်။ အမေကတော့ သဘောကျလျှက် ပြုံးနေ၏။ ကျွန်ုပ်လည်း ခြေထောက်ကိုပြင်လျှက် လေထဲသို့မြောက်ခနဲခုန်တက်ရင်း လေထဲမှာ ကိုယ်ကို လေပွေသဖွယ်လှည့်ပတ်လေလျှင် မေခကလဲ ဓားမြှောင်ငါးချောင်းကို ကျွန်ုပ်ထံသို့ ထပ်မံပစ်လွှတ်ပြန်၏။ ကျွန်ုပ်၏ လှည့်ပတ်နေသော အလျှင်ကြောင့် အရှိန်ဖြင့်ဝင်လာသော ဓားမြှောင်၏အလျှင်မှာ နှေးကွေးစွာ မြင်နေရ၏။ ကျွန်ုပ်က ဓားမြှောင်များကို အသာအယာ လက်ညှိုးဖြင့်တောက်ထုတ်ပစ်လိုက်၏။ ကျွန်ုပ် အသာအဟာတောက်ထုတ်ပစ်လိုက်သော ဓားမြှောင်တို့သည်ကား အနီးအပါးရှိသစ်ပင်များကို အရှိန်အဟုန်ဖြင့် စိုက်ဝင်ကုန်။ ကျွန်ုပ်၏ကိုယ်ကို လှည့်ပတ်နေရာမှ တစ်ပတ်ကျွမ်းပစ်ကာ မေခထံသို့ ခုန်ဝင်သွားရင်း ကျောမှဓားရှည်ကို တစ်ပါတည်း ဆွဲထုတ်လိုက်၏။ အလွန်လျှင်မြန်သော လျှပ်တပျက် အခြေအနေဖြစ်လင့်ကစား မေခကလဲ တုန့်ဆိုင်းမနေပဲ သူ့ကိုယ်ကို တစ်ပတ်လှည့်လျှက် သူ့ကျောတွင်လွယ်ထားသော ဓားရှည်ကိုဆွဲထုတ်လိုက်၏။ ကျွန်ုပ်ကလဲ မေခကိုဓားဖြင့် အပေါ်စီးမှပိုင်းလေလျှင် မေခကလည်း သူ့ဓားဖြင့်ကျွန်ုပ်ကို ပင့်လျှက်ပိုင်းချလိုက်ရာ ဓားချင်းရိုက်ခတ်သံက ထန်ခနဲထွက်ပေါ်ကာ မီးပွင့်သွားသည်အထိပင်။ ကျွန်ုပ်နှမ၏ အစွမ်းအစကိုသိလို့လဲ တည့်တည့်ခုတ်ရဲချင်းဖြစ်၏။ ဓားချင်းထိပြီးသည်နှင့် ကျွန်ုပ်၏ကိုယ်ကိုလှည့်ကာ မေခ၏နောက်ကျောသို့လှည့်ဝင်လျှက် မေခ၏ လည်ဂုတ်ကို ပိုင်းလိုက်သည်။ မေခကလဲ ချက်ချင်းပင်ကိုယ်ကိုစောင်းလျှက် လက်ထဲမှဓားရှည်ဖြင့်ကာလေ၏။ အနီးကပ်တိုက်ခိုက်ရပြီမို့ ကျွန်ုပ်က အရေးသာနေချေပြီ။ သိုပေမယ့် ကျွန်ုပ်၏နှမကိုကား အနိုင်မယူလိုပေ။ မေခက သူ့ကိုအရှုံးမပေးလျှင် စိတ်ကောက်၍မဆုံးနိုင်အောင်ရှိချေ၏။ သို့ဆိုလျှင် ပြန်ချော့ရသည့်ကျွန်ုပ်မှာ ရင်မောလှ၏။ ကျွန်ုပ်၏ချစ်လှစွာသောနှမလေးအား ဘယ်ပြန်ညာပြန် ဓားဖြင့်ခုတ်သော် မေခကလဲ သူ့လက်ထဲမှဓားဖြင့် ရအောင်ကာနိုင်၏။ တစ်ကြိမ်တွင် ကျွန်ုပ်၏ သူ့လည်ကိုပိုင်းလိုက်သောဓားချက်ကို မေခက ခေါင်းငုံ့ရှောင်လိုက်ပြီး ဓားကိုင်လက်ပြန်ဖြင့် ကျွန်ုပ်၏လည်ကို ပိုင်းချလျှင် ကျွန်ုပ်၏ဓားဖြင့် ကာလျှင်ရသော်ငြားလည်း အရှိန်လွန်ဟန်ဖြင့် သူ့ဓားရှေ့တည့်တည့် လည်စင်းပေးထားလိုက်၏။ မေခ၏ဓားချက်ကလဲ ကျွန်ုပ်၏ လည်တိုင်အနီးတွင် တုံ့ခနဲရပ်သွား၏။ ဤအခြေအနေတွင် ခုတ်သူ၏လက်ဆကိုမထိန်းနိုင်လျှင် လည်ပြတ်သွားနိုင်ပေ၏။ မေခ၏ လက်ဆကိုကား ကျွန်ုပ်ယုံကြည်ပေသည်။
“ဝေး…. ခနိုင်ပြီကွ…”
မေခက ကျုပ်လည်မှ ဓားကိုရုတ်ကာ လေထဲသိုလက်ထောင်၍ အားရဝမ်းသားအော်ဟစ် ပျော်မြူးနေ၏။ အဘနှင့် အဖိုးအဖွားတို့ကလည်း လက်ခုပ်တစ်ဖြောင်းဖြောင်းတီးလျှက် ထောပနာပြုနေ၏။ ကျွန်ုပ်ကလဲ ပျော်ရွင်နေသောနှမငယ်ကို ပြုံးလျှက်သာ ကြည့်နေလိုက်သည်။ မေခက ကျွန်ုပ်၏လည်ပင်းကို ယောက်ျားသဖွယ် လာဖက်ရင်း ကျုပ်ပါးကိုနမ်း၏။
“ရွှတ်… မောင်ကြီးက သိပ်ပြီးအလိုက်သိတာပ… ဒါကြောင့်ခက အရမ်းချစ်နေရတာ…”
ကျွန်ုပ်အလျော့ပေးမှန်းသိသော မေခက ကျွန်ုပ်၏ပါးကိုနမ်းရင်းမှ နှစ်ကိုယ်ကြားရုံ စကားဆိုသော် ကျွန်ုပ်လဲ ပြုံးလျှက် မေခ၏ပခုံးလေးကိုသာ ပြန်ဖက်ထားလိုက်၏။ အိမ်ပြူတင်းပေါက်ဆီသို့ ကျွန်ုပ်တို့မောင်နှမ လှမ်းကြည့်သော် အမေက ကျွန်ုပ်တို့မောင်နှမကို ပြုံးပြပြီး အိမ်ထဲပြန်ဝင်သွားတော့၏။ အဘကတော့ ကျွန်ုပ်တို့မောင်နှမ အဘယ်အရာကိုလှမ်းကြည့်နေသည်ကို သိသော်ငြား ဘာမှတော့ မပြောပေ။
… ဖြောင်း…. ဖြောင်း… ဖြောင်း…
လက်ခုပ်သံကြား၍ ခြံဝိုင်းအဝသို့ လှမ်းကြည့်လေလျှင် လက်ခုပ်တီးလျှက် ဝိုင်းထဲသို့ဝင်လာသော အဘ၏သက်တော်စောင့် ကိုဒီပါကို မြင်ရ၏။
“သခင့်သားကြီးရဲ့ သိုင်းပညာက တယ်လဲမခေဘဲကိုး… သခင့်သမီးငယ်ရဲ့ လက်နက်ပုန်းကလဲ အံ့မခမ်းပါပဲ…”
“ဟာ နောင်ကြီးဒီပါ… ထမင်းဘယ်မှာစားခဲ့တုန်း… အိမ်မှာမစားဘဲ…”
“ဒီနယ်မှာ သခင့်ရဲ့လုံခြုံရေးက စိတ်ပူစရာမရှိတာနဲ့ ကျွန်ုပ်လဲ ဟိုဟိုသည်သည် လျှောက်ကြည့်ရင်း ကြုံသလိုပင်လွေးခဲ့ပြီ ညီနောင်…”
“နောင်ကြီးလို အဆင့်မြင့်သိုင်းသမားတစ်ယောက် ဖြစ်ချင်တာဗျ… ကြုံတုန်းလေး သိုင်ပညာယူပါရစေလား…”
“မပူပါနဲ့ ညီနောင်… တစ်ချိန်မှာ ညီနောင်က ထိပ်တန်းသိုင်းပညာသည် ဖြစ်လာအံ့… ကျွန်ုပ် အတတ်သိ၏… ညီနောင်ကသာ အားထုတ်မှုကို မလျော့ပါစေနှင့်… နောင်တော်က ကိုယ်စွမ်းကိုလည်း ထုတ်နှုတ်နိုင်နေပြီမို့ ဧကံဖြစ်မည်မလွဲတည်း…”
ကျွန်ုပ်တို့လည်း သက်တော်စောင့်ဒီပါကို အဘထိုင်နေသည့် ကွပ်ပြစ်ဆီသို့ ခေါ်လာခဲ့၏။
“ဘယ်လိုလဲ မောင်ဒီပါ… ကျွန်ုပ်တို့အရပ်ကသာယာပါစ…”
“မှန်ပါ့ သခင်… သခင်ခွင့်ပေးလို့ လျှောက်ကြည့်တာ အလွန်သာယာသော အရပ်ပါပဲ သခင်…”
“ဤအရပ်ကား နန်းတွင်မဟုတ်လေတော့ သက်တောင့်သက်သာ ပြောဆိုနိုင်ပေပြီ မောင်ဒီပါ…”
“မှန်လှပါ သခင်… နှုတ်ကျိုးပြီး နန်းတွင်းဝယ် ဒဏ်သင့်မှာ စိုးရပါ၏… ခေါ်မြဲသာ ခေါ်ပါရစေ သခင်…”
“ရှိစေတော့ကွယ်…”
“သို့နှင့် နောင်ကြီးဒီပါ…ကျွန်ုပ်လဲ မပြတ်လေ့ကျင့်၏… လှည့်လည်၍လဲ အတွေ့အကြုံရှာ၏… သို့ပေမယ့် တိုးတက်မှု မရှိဟု ခံစားမိပေသည်…”
“သည်ဟာကဖြင့် ညီနောင်ဟာ နောက်တစ်ဆင့်တက်ဖို့နီးပြီဟု ဆိုလိုတာပ… နောက်တစ်ဆင့်ကိုကား သင့်ကိုယ်၌သာ အဖြေရှာရပေမည်… တပါးသူ ကူညီ၍ မရနိုင်…”
“သည်လိုလား… ကျေးဇူးဥပကာရ တင်မိပါ၏ နောင်ကြီးဒီပါ…”
“သခင့်မိသားစုက ကျွန်ုပ်ကို ညီနောင်ရင်းပမာ ဆက်ဆံပေရာ ကျွန်ုပ်လဲ အလွန်ဝမ်းသာမိပေ၏… ဤမျှ ပြောပြရုံဖြင့် ကျေးဇူးစကားမဆိုပါလင့် ညီနောင်…”
“မောင်ကြီးဒီပါ… ခရော ထိပ်တန်းသိုင်ပညာရှင် မဖြစ်နိုင်ဘူးလားတော့်…”
“တစ်ချိန်ချိန်တော့ ဖြစ်လာလိမ့်မပေါ့ကွယ်…”
“အိမ်း… ငါ့မြေးတို့လဲ မောင်ဒီပါကိုမြင်သည်နှင့် မေးမြန်းလိုက်ကြတာ မရပ်တော့ပါလားကွယ်ရို့… မောင်ရင်ဒီပါ အဖန်ရည်သုံးဆောင်ကွယ့်… လက်ဘက်သုပ်လေးလည်းစား…”
“ဟုတ်ကဲ့ပါ ဖွားအုံ…”
“နင့်မြေးတွေတော့လား… သိုင်းပညာရှင်မြင်ရင် အလွန်ကို စပ်စုချင်တော့တာပါလား မယ်အုံရယ်…”
“ဒါတော့ မြေးတို့က ဝါသနာထုံတာကိုး… ကိုညိုရယ်…”
ကျွန်ုပ်တို့စကားဝိုင်းသည် ကိုဒီပါရောက်လာမှ စကားဝိုင်းက ပို၍စည်ကားလာပေ၏။ ကိုဒီပါ၏ အတွေ့အကြုံများကို ကျွန်ုပ်တို့မောင်နှမက အားမနာတမ်းစပ်စုသည်။ ကိုဒီပါကလည်း မညည်းမငြူ ပြောပြရှာ၏။ သည်လိုနှင့် ညကိုရောက်လာတော့ ကိုဒီပါကို ကျွန်ုပ်၏အိပ်ခန်းတွင် အတူအိပ်ဖို့ခေါ်သော်ငြား အဘ၏လုံခြုံရေးအတွက် အပြင်တွင်သာ စောင့်မည်ဟူသည်။ အခြားရဲမက်များကလဲ ခြံအတွင်း၌ အသီးသီးနေရာယူကာ မီးဖိုလျှက် အလှည့်ကျကင်းစောင့်နေကြသည်။ ဤသည်ကား အဘအိမ်သို့ပြန်လာသည့်အခါတိုင်း ထုံးစံမို့ အထွေအထူးတော့မဟုတ်ပါချေ။