ဆင်ခြင်ရှောင်ရှားအမိုက်မှား (သို.မဟုတ်) မောင်နတ်ကြီး
အမှာစာပိုဒ်
ဤဇာတ်လမ်းသည် ဘာသာတရားနှင့်နွယ်သောဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသည်။
၁။ အင်းစက်နှင့်ပတ်သက်သော ဒရာမာလည်းပါ၏။
၂။ ဆောင်အပ်ရှောင်အပ်သောအကုသိုလ်အမိုက်တရားများကိုလည်းပဲ့ပြင်ဆုံးမသည့်အပြင်
၃။ ဗုဒ္ဓဘာသာသမိုင်းကြောင်းမှမြတ်စွာဘုရားလွန်လေပြီးနောက်ပိုင်းထင်ရှားသောအဖြစ်အပျက် ဗဟုသုတများကိုလည်းပေးလေသည်။
ကျနော်ဒီပို့စ်ကိုတင်ရတာကတော့အရင်ရေးခဲ့တဲ့ဇာတ်လမ်းကြောင်းတွေလို၊
ကိလေသာရာဂရမ္မက်စိတ်ထကြွရုံသက်သက်၊
ဖျော်ဖြေရေးအနုပညာနဲ့စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်မဟုတ်တော့ပါလေ။
နေရာတိုင်း၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတိုင်းမှာ၊ ဆောင်ရန်ရှောင်ရန်တွေရှိသလို၊
၁၈နှစ်ပြည့်ပြီးဖြစ်လို့ဒီထဲဝင်ကြည့်ခွင့်ရတဲ့ မန်ဘာတွေအတွက်လဲ၊
အရာရာကိုတဏှာပေမ အကြည့်နဲ့ပဲစိတ်နှလုံးစွဲပြီးကြည့်မနေပဲ၊ တစ်ခါတစ်ရံ ဆင်ခြင်အသိလေးပွားများနိုင်အောင်
ကျနော်ရှာတွေလာခဲ့တဲ့ဘာသာရေးဆင်ခြင်တုံတရားနဲ့ယှဉ်တဲ့ ဆရာတစ်ယောက်ရဲ့
ဝတ္ထုခေါ်မလား၊ ပညာပေးစာခေါ်မလား၊ ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ပေးလိုက်ပါတယ်။
ဒီဇာတ်လမ်းကတော့အင်းစက်အဖြစ်အပျက်တစ်ခုနဲ့လဲဆက်နွယ်ပြီး၊
ကျနော်တို့ဗုဒ္ဓဘာသာသမိုင်းတစ်ကွေ့မှာတကယ်ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်၊
သာသနာမှာဂိုဏ်းအသီးသီးကွဲနေရတဲ့အကြောင်းရင်းခံဆိုလဲမမှားပါဘူး။
ကျနော်တို့ဗုဒ္ဓဘာသာမှာ ကံကြီးထိုက် တယ်ဆိုတဲ့အသုံးအနှုန်းကိုလူတိုင်းရင်းနှီးဖူး၊ ကြားဖူးပြီးသားပါ၊
အရှည်ကတော့ပဉ္စာနန္ဒိယကံထိုက်တယ်လို့ဖွင့်ဆိုကြပါတယ်။
အကျယ်ပြောရရင်တော့..
၁။ အမိကိုသတ်ခြင်း
၂။ အဖကိုသတ်ခြင်း
၃။ ရဟန္တာပုဂ္ဂိုလ်ကိုသတ်ခြင်း
၄။ မြတ်စွာဘုရားကိုသွေးစိမ်းတည်အောင်ကြံဆောင်ပြုလုပ်ခြင်း နဲ့
၅။ သံဃာကို သင်းခွဲ(ဂိုဏ်းခွဲ) ခြင်း ဆိုတာတွေကိုကျူးလွန်မိတဲ့ကံတွေပါပဲ။
ဗုဒ္ဓဘာသာအလိုအရ၊ အဲ့ဒီကံ၅ပါးထဲက၊ တစ်ပါးပါးကိုကျူးလွန်မိရင်၊ မိမိဘယ်လောက်ပဲကုသိုလ်ကောင်းမှုတွေပြုခဲ့ပြုခဲ့၊
ပြုထားတဲ့ကုသိုလ်တွေက ကံကြီးထိုက်အေင်ကျူးလွန်ထားတဲ့ အကုသိုလ်အမှုကို လွှမ်းမိုးကယ်တင်နိုင်ခြင်းမရှိတော့ပဲ၊
မဟာအဝီစိငရဲကိုပဲကျဆင်းရန်တစ်လမ်းပဲရှိပါတော့တယ်။
မဟာအဝီစိငရဲကျသူတွေဟာ နှစ်ဘယ်လောက်ရှည်ကြာခံရခံရ၊ ကမ္ဘာတစ်ခုပျက်တဲ့အချိန်ကျရင်လွတ်မြောက်နိုင်စွမ်းရှိပေမယ့်၊
ကံကြီးထိုက်လို့ကျတဲ့သူတွေအဖိုကတော့ကမ္ဘာပျက်တာတောင်၊
တခြားကမ္ဘာမဟာအဝီစိငရဲကိုပြောင်းခံပေးရတယ်လို့ဆိုတယ်။ သိပ်ဝဋ်ကြီးတဲ့သူတွေပေါ့။
(မှတ်ချက် – ယခုဤစာကိုရေးတာသည်၊ ငြင်းခုန်ဖို့တင်ပြခြင်းမဟုတ်ပါ၊ ဗုဒ္ဓဘာသာအဆိုကိုပြဆိုခြင်းသာဖြစ်ပါသည်။)
ယခုမျှဝေတင်ပြမည့်ဇာတ်လမ်းသည်။ ကံကြီး၅ပါးတွင်၊ မြတ်စွာဘုရားကိုသွေးစိမ်တည်အောင် ပြုလုပ်သောတစ်ချက်မှအပ၊
ကျန်ကံကြီး၄ပါးကိုကျူးလွန်ခဲ့သူတစ်ယောက်အကြောင်းဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ်၊ စာဖတ်သူသည်၊ ဖတ်ရင်း၊ အသိတရား၊ ဆင်ခြင်တရား၊ ဗဟုသုတ တစ်မျိုးမျိုးရသည်ဟုဆိုလျှင်တင်ပြရကျိုးနပ်ပါပြီ။
ဒါမှလဲစိတ်ကူးယဉ် ရမ္မက်ဆန္ဒ၊ ရသဇာတ်လမ်းတွေဖတ်ရှုရင်း
မိမိကိုယ်ကိုတအားစီးမြောပါဝင်သွားခြင်းမရှိအောင်၊ ဆင်ခြင်အသိနှင့်ထိမ်းချုပ်နိုင်ပါလိမ့်မည်။
ဘာသာတရားအရမပစ်မှားထိုက်သူများကိုမပစ်မှားမအောင်လဲဆင်ခြင်နိုင်ပါလိမ့်မည်။
တကယ်လို့မိမိတို့သွေးသားဝင်အချင်းချင်းသဒ္ဓါကြည်ဖြူသည်ဖြစ်ပါက၊ မိမိတို့ဆန္ဒအလျောက်ပါ။
ဒါပေမယ့်လို့ (ဥပမာ.. အမေကကြည်ဖြူလို့ ပေးတာတောင်) မကျေနပ်ချက်တွေတွေ့လာရင်၊ ရာဂမှဒေါသသို့ပြောင်းလဲပြီး အကြမ်းဖက်ခြင်း၊
ရိုက်ပုတ်ညှင်းဆဲခြင်း၊ သတ်ဖြတ်မိခြင်းတို.ကိုရှောင်ရှားစေချင်ပါသည်။
မူရင်းရေးသားသူ blogger သူကြီးမင်း (တုံးဖလား) ကို Credit ပေးပါ၏။
မောင်နတ်ကြီး
(၁)
အကာလညချမ်းတစ်ခု။
ကောင်းကင်ပြင်၌ တိမ်အညစ်အကြေးတို့ကင်းစင်နေ၏။
လပြည့်ခါနီး လဝန်းကြီးသည်လည်း ကြယ်ပေါင်းစုံဝန်းရံခပြီး တင့်တယ်စွာ ကျက်သရေအသွင်ကို ဆောင်နေ၏။
ညကာလဖြစ်ပေမဲ့ လောကဓါတ်တစ်ခွင်လုံး လရောင်ဆမ်းထားသဖြင့် အရာရာကို ထင်ရှားစွာ တွေ့မြင်နိုင်လေ၏။
လရောင်သည် ငြိမ်းချမ်းမှု၏ သင်္ကေတပြယုဂ်တစ်ခုအဖြစ် လူတို့ သရုပ်ဖော်ထားကြ၏။
မှန်၏။ ဖိုးလမင်းကြီးကို မော့ကြည့်ပြီး ကြည်နူးစွာ ကျေနပ်စွာ ကျေအေးစွာ ကြယ်တွေကို ရေတွက်ရင်း
အေးချမ်းမှုရသကို ခံစားဖူးသူတိုင်း လရောင်၏ ငြိမ်းချမ်းမှုကို သိရှိနိုင်သည်ပင်။
တိမ်သလ္လာကင်းသော လရောင်အောက်၌ ရွာကြီးတစ်ရွာကို ထင်ထင်ရှားရှား တွေ့မြင်နိုင်၏။
ထိုရွာကြီးအတွင်း၌ လသာဆောင်ပါသည့် အိမ်ကြီးတစ်ဆောင်ရှိ၏။
ထိုအိမ်ကြီးပေါ်ရှိ လသာဆောင်၌ လရောင်၏အေးချမ်းမှုကို ခံစားနေသူ နှစ်ဦးရှိ၏။
သူတို့နှစ်ဦးကား ဆွေမျိုးရင်းခြာ နှစ်ယောက်ပင်တည်း။–ရှင်းရှင်းဆိုရသော်–သားအမိ။–အမေနှင့်သား။
“အမေ့ကို သား အရမ်းချစ်တယ် အမေ”
“အမလေး.. သားရယ် အမေကလဲ သားကို ချစ်တာပါဘဲ။ အမေ့အချစ်ကတောင် သားထက်ပိုနေပါဦးမယ်”
“အမေ.. ကျနော်က အမေချစ်သလို ချစ်တာ မဟုတ်ဘူးဗျ”
“သားရယ်… အမေချစ်တာနှင့်သားချစ်တာက ဘယ်တူပါ့မလဲ၊ အမေကမိခင်၊ သားက သားဘဲလေ။ သားချစ်နှင့် အမေချစ်ပေါ့”
“ဟာဗျာ… အမေကလဲ။ ဘာတွေ ပြောနေတာလဲ၊ သားချစ်တာက အမေ့ကို အမေလို ချစ်တာ မဟုတ်ဘူးဗျ”
“ကဲပါ.. ဒါဖြင့် ပြောစမ်းပါဦး။ အမေကို အမေလို မချစ်လို့ ဘယ်လို ချစ်တာတုန်း လူထူးဆန်းလေးရဲ ့”
“ကျနော်က အမေ့ကို အမေလို မချစ်ဘဲ သမီးရည်းစားလို၊ ဇနီးမယားလို ချစ်နေတာဗျ”
“ဘုရားရေ… သားကလဲ နောက်စရာရှားလို့။ အမေကို အဲဒီလို မနောက်ရဘူးလေ။ ငရဲကြီးတတ်တယ် သိလား”
“နောက်နေတာမဟုတ်ဘူး အမေ။ ကျနော် တကယ်ခံစားနေရတာကို ပြောနေတာ။
ကျနော်အမေ့ကို တကယ်ချစ်တယ်။ အတူနေချင်တယ်။ အဲဒါ အမေ ဘယ်လို သဘောရသလဲ။ ရှင်းရှင်းဘဲပြော အမေ”
မိခင်ဖြစ်သူက သူ့သားမျက်နှာကို သေချာကြည့်ပြီး အကဲခတ်နေ၏။
မျက်နှာထားတည်ကြည်စွာဖြင့် ပြောနေသည့်သူ့သားမျက်နှာကို ကြည့်ပြီး စကားကို အတည်ပြောနေမှန်း သဘောပေါက်သွား၏။
သား စိတ်ထဲ ဘယ်လို စိတ်ရိုင်းတွေ ဝင်နေပါလိမ့်။
ရပ်ထဲရွာထဲမှာ မိန်းခလေး အချော အလှတွေ–များစွာ–ရှိနေလျက်နဲ့–မိခင်အရင်းကိုမှ–ချစ်ရေးဆိုနေလေပြီ။–
အားလုံး–ငါးပါးမှောက်ကိန်းဆိုက်နေပြီတကား။
ထိုမိသားစုသည် ကုန်သည်မိသားစုမျိုးဖြစ်၏။
မထုရာဟုခေါ်သော ရွာမဟုတ်မြို့မဟုတ် ဇနပုဒ်(ရွာကြီး)၌ နေထိုင်ကြ၏။
မိဘနှစ်ပါးသည် အသက်ငယ်ရွယ်စဉ်၌ အိမ်ထောင်ကြခဲ့ပြီး သားတစ်ယောက် ထွန်းကားခဲ့၏။
ကုန်ရောင်းကုန်ဝယ်မှုအတွက် လင်ယောက်ျားဖြစ်သူက အမြဲတမ်း ခရီးထွက်နေရတတ်၏။
သားကြီးသည် အရွယ်ရောက်မှန်းမသိ ရောက်လာ၏။ သူ့နာမည်က မောင်နတ်ကြီး။
မိဘတို့မျက်စိထဲ၌ ကလေးပေါက်စ အမြင်ဖြင့်သာ မြင်နေသော်လည်း အမှန်မှာ မောင်နတ်ကြီးတစ်ယောက် လူပျိုသိုးကြီး လုံးလုံးဖြစ်နေချေပြီ။
သူသည် သန်မာ၏။ ထွားကြိုင်း၏။ လက်ရဲဇက်ရဲနိုင်၏။
မိဘများက အလိုလိုက်ထားကြသည့်အတွက် အိမ်မှာ စိုးမိုးမင်းမူနေတတ်လေပြီ။
ယခု အချိန်၌လည်း လင်ယောက်ျားသည် အိမ်၌ မရှိ။–အရောင်းအဝယ်ကိစ္စတစ်ခုဖြင့်–နယ်ဘက်ရောက်နေလေ၏။–အဲဒါမှ–ဒုက္ခ။
အပိုင်း (၂) ဆက်ရန်
မောင်နတ်ကြီး
(၂)
“အမေ.. ပြောလေဗျာ။ ကျနော်ပြောတာကို သဘောတူသလား။ ဘယ်လိုဘဲ ဖြစ်ဖြစ် ကျနော်ကတော့ အမေ့ကို မရရအောင် ယူမှာ”
“သားရယ်.. ဒီကိစ္စက ကြားလို့မကောင်းပါဘူး။ ပြီးတော့ ရိုင်းရိုင်းပြောရရင် မိခင်ဆိုတာ သားတွေအတွက်
အိမ်တံခါးပေါက်လို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ ရတာမဟုတ်ဘူး သားရဲ ့။
နောက်ပြီး ဒီမထုရာရွာကြီးထဲမှာ သားနှင့်လိုက်ဖက်တဲ့ မိန်းခလေးအချောအလှတွေ အများကြီး ရှိတာဘဲ။
သားကြိုက်တဲ့ မိန်းခလေးကိုသာ လက်ညိုးညွန်ပြလိုက်။ အမေချက်ချင်းတောင်းရမ်းပေးမယ်။ နော်.. သား။ ငါ့သားက လိမ္မာပါတယ်”
“အဲဒါတွေ ကျနော် နားမလည်ဘူးဗျာ။ လာပြီး တရားချမနေနဲ့။
အမေ့သားအကြောင်းကို အမေသိတယ်နော်။ ကျနော်က ရချင်တာကို ရအောင်ယူတတ်တယ်”
မောင်နတ်ကြီးတစ်ယောက် လရောင်၏ဖျားယောင်းမှုနှင့် ည၏ဆွဲဆောင်မှုတို့ကြောင့် အမေကို အမေအနေနဲ့ မမြင်တော့၊
အမျိုးသမီး တစ်ယောက်အနေနဲ့ မြင်နေလေပြီ။ တဏှာ ရာဂတို့၏ ထိုးနှက်ချက်ကား ကြောက်ဖွယ်လိလိပင်တည်း။
တဏှာရာဂသည် မာယာများလှပေ၏။ မျက်လှည့်ဆန်လွန်းလှ၏။
မနေ့က အထိ၊ ကုန်ကုန်ပြောရလျင် ဒီနေ့ညနေစောင်းအထိ သူတို့နှစ်ဦး၏ အသိစိတ်သည် သားအမိ။
သို့သော် ယခု အချိန်မှာမူ–မည်ကဲ့သို့–နာမည်တပ်ပေးရမည်မသိတော့။–တဏှာရာဂသည်ကား–မှော်အတတ်ဆန်လွန်းလေစွတကား။
အနုနည်းနှင့်ချော့မော့၍ မရတော့မှန်း အမေသိသွား၏။ သို့သော် အကြမ်းနည်းလည်း သုံး၍မရ။
အမေသည် သားဖြစ်သူထက် ခန္ဓာကိုယ်သေးကွေး၏။ သားဖြစ်သူက သန်မာထွားကြိုင်းသူတစ်ယောက်။
ချက်ချင်း ထသောင်းကျန်းပြီး မလုပ်သင့်တာ လုပ်လိုက်မှဖြင့် မတွေးရဲစရာ။
ယခုအချိန်၌ အိမ်ကြီးပေါ်မှာကလည်း သားအမိနှစ်ယောက်တည်း။ အမေဖြစ်သူ အခက်တွေ့နေလေပြီ။
“အမေ…. ကျနော့်ကို အဖေ့ကိုချစ်တဲ့အချစ်မျိုးနဲ့ ချစ်နိုင်တယ်မဟုတ်လား၊ ကျနော်ကြားချင်တယ်အမေ။
ကျနော့်စကားကို ဖြေကြားပေးပါ။ ကျနော်က–အမေ့ကို–တကယ်ကို–လှိုက်လှိုက်လှဲလှဲ–ချစ်နေတာ”
သားတော်မောင်၏ တဏှာရမက်ကြောင့် မိခင်ဖြစ်သူ အကြပ်အတည်းသို့ ကျရောက်နေလေ၏။
သား၏ ဆန္ဒကို လိုက်လျောပြန်လျင်လည်း မိခင်၏အချစ်သည် သားအပေါ်၌ တဏှာပေမ မစွက်
စင်ကြယ်သည့် မေတ္တာဖြင့်သာ ချစ်နေသည့်အတွက် အိမ်ထောင်မှု၌ လုံးဝအဆင်မပြေနိုင်။
ရပ်ကျော်ရွာကျော်ကြားမကောင်းသည့်အပြင် သံသရာတစ်ခွင်၌လည်း ကောင်းကျိုးကို လုံးဝမပေးနိုင်။
ဒါဖြင့် မလိုက်လျောဘဲ နေမည်လား။ သားတော်မောင်၏ စိတ်ဓါတ်ကို အမေသိ၏။ အကြမ်းဖက်လာနိုင်၏။
အကယ်၍ အကြမ်းဖက်ခဲ့ငြားအံ့။ သားတော်မောင်၏ အပြစ်သည် အဓမ္မမှုဖြင့် ပို၍ကြီးထွားသွားနိုင်၏။ ခက်ချေပြီ။
နောက်ဆုံးတော့ မိခင်ဖြစ်သူက သားကို စကားတစ်လုံး မဝံ့မရဲဖြင့် ပြောလိုက်ရတော့လေ၏။
“အမေ.. စဉ်းစားပါဦးမယ် သားရယ်။ အမေ့ကို အချိန်တော့ နဲနဲပေးနော်”
သားတော်မောင်ကို လှည့်ပတ်ဖို့ ကြိုးစားခြင်းပင်။ အချိန်များများရလျှင် လင်ယောက်ျား ပြန်ရောက်လာနိုင်၏။
လင်ယောက်ျားပြန်လာလျှင် ဤကိစ္စ ပူစရာမလို။ နှစ်ယောက်သားတိုင်ပင်ပြီး သားအတွက် ဆုံးဖြတ်ချက် တစ်ခုခုတော့ ပြုလုပ်ပေးနိုင်၏။
သို့သော် မောင်နတ်ကြီးသည် အလွန်လည်၏။ အမေ၏–အကြံကို–မောင်နတ်ကြီး–လုံးဝရိပ်မိ၏။
“ဟုတ်ပြီ အမေ.. အမေ့ကို အချိန်နှစ်ရက်ပေးမယ်၊ နှစ်ရက်အတွင်း အမေ ဝေ့လည်ကြောင်ပတ်လုပ်နေရင် ကျနော့်ကို အဆိုးမဆိုနဲ့”
“အေးပါ… သားရယ်.. အချိန်နဲနဲသာ စောင့်ပါ”
ထိုည၌ မောင်နတ်ကြီးတို့ သားအမိနှစ်ယောက် တစ်ညလုံး လုံးဝအိပ်စက်၍ မပျော်ပိုက်နိုင်ကြပေ။
အတွေးကိုယ်စီဖြင့် စိတ်ကူးယဉ်နေကြခြင်းကြောင့်ဖြစ်၏။ အမေလည်း စိတ်ကူးယဉ်နေ၏။ မောင်နတ်ကြီးလည်း စိတ်ကူးယဉ်နေ၏။
သို့သော် စိတ်ကူးယဉ်ပုံချင်းတော့ မတူကြပေ။
အမေဖြစ်သူက သားတော်မောင် မောင်နတ်ကြီး၏ အန္တရာယ်မှ ဘယ်လိုနည်းနဲ့ ရှောင်ထွက်ရမလဲ ဟု စိတ်ကူးယဉ်၏။
မောင်နတ်ကြီးက အမေကို–ဘယ်လို–သိမ်းပိုက်ရမလဲ–ဟု–စိတ်ကူးယဉ်၏။
လင်ယောက်ျားသည် နှစ်ရက်မပြောနဲ့၊ နှစ်လလောက်ကြာသည့်တိုင် ပြန်မရောက်လာနိုင်ပေ။
နိုင်ငံရပ်ခြားသို့ ကူးသန်းသွားလာပြီး ရောင်းဝယ်ဖောက်ကား ပြုလုပ်နေသူအဖို့ နှစ်လဟူသော အချိန်သည် တိုတောင်းလှ၏။
ရံဖန်ရံခါ နှစ်ချီပြီး ခရီးကြာရှည်တတ်၏။ အော်.. ဒုက္ခ.. ဒုက္ခ။ အိပ်မက်မျှပင် ယောင်ယမ်းပြီး မမက်ဖူးခဲ့သည့်ကိစ္စ။
ဘယ်ဘဝက ရေစက်အမှားတွေကြောင့်များ ခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့နေရပါလိမ့်။
နာရီလက်တံလှုပ်ရှားမှုက မြန်လွန်းလှ၏။ နေဝင်နေထွက်လည်း သွက်လက်လွန်းလှ၏။
လင်းကြက်တွန်သံလည်း နှစ်ခါကြားရပြီးလေပြီ။ နေဝင်နေထွက်လည်း နှစ်ကြိမ်တိုင်တိုင် ကျော်ဖြတ်ခဲ့ပြီးပြီ။
အိပ်ရေးပျက်ခဲ့သော်လည်း သားဖြစ်သူ မောင်နတ်ကြီး၏ မျက်နှာသည် ဖိုးလမင်းကြီးကဲ့သို့ ရွှင်ပြနေ၏။ မြူးတူးနေသယောင် ထင်ရ၏။
မိခင်ဖြစ်သူ၏ မျက်နှာသည် ညိုးနွမ်းနေ၏။ အိပ်ရေးပျက်ထားသောကြောင့် မျက်ဆံတွေ–ချောင်နေလေ၏။–
ဒီနေ့ဆိုလျှင်–သူ့အတွက်–Deadline–နေ့။–မောင်နတ်ကြီးအတွက်မူကား–Initial–နေ့ပင်တည်း။
နှစ်ရက်မြောက်ည။
လပြည့်ဝန်းကြီးက ကျီစယ်နေသယောင် အစွမ်းကုန်တောက်ပနေ၏။
ပုရစ်အော်မြည်သံလေးတွေကို ခပ်တိုးတိုးကြားနေရ၏။
အခြားအိမ်ဘက်မှ ကလေးချော့တေးသီချင်းလေးများ ခပ်သဲ့သဲ့ ပျံ ့လွင့်လာ၏။
ထိုအချိန်တွင် အိမ်၏ လသာဆောင်၌ သားအမိနှစ်ယောက်ရှိနေကြလေ၏။ ထုံးစံအတိုင်း–မောင်နတ်ကြီးတို့–သားအမိပင်။
“အမေ..–ဒီနေ့–နှစ်ရက်ပြည့်ပြီနော်..–အဖြေရှိနေပြီမဟုတ်လား”
မောင်နတ်ကြီး၏ အမေးစကားကို မိခင်ဖြစ်သူက မကြားသလို ငြိမ်သက်စွာဖြင့် မတုန့်ပြန်ဘဲနေလေ၏။
စိတ်ထဲ၌မူ ဒီညတော့ ဒုက္ခလှလှတွေ့တော့မည်ဟု–သဘောပေါက်၏။–ရုန်းထွက်လို့–မရနိုင်တော့ပေ။
“အမေ… သားပြောနေတာ ကြားလား။ အမေတောင်းတဲ့အချိန်ကို သားပေးခဲ့တယ်နော်။
အခု ပြောတော့လေ။ အမေ သဘောတူတယ်မဟုတ်လား”
မိခင်ဖြစ်သူ၏ ဖခုံးနှစ်ဘက်ကို ခပ်ဆဆဆုပ်ကိုင်ပြီး မောင်နတ်ကြီး စိတ်မရှည်စွာဖြင့် မေးမြန်းနေလေပြီ။
သို့သော် မိခင်ဖြစ်သူထံမှ ဘာစကားမှ မကြားရ။ နှစ်ယောက်လုံး လသာဆောင်မှာ ရှိနေကြသောကြောင့်
မောင်နတ်ကြီး ထသောင်းကျန်းလျှင် ပတ်ဝန်းကျင်က မြင်သွားမှဖြင့် လုံးဝကြားလို့ကောင်းမည်မဟုတ်။
မဖြစ်ချေဘူး။ ဒီကိစ္စကို ပတ်ဝန်းကျင်က သိလို့ လုံးမဖြစ်ဘူး။ တိုးတိုး တိတ်တိတ်ဘဲ ကောင်းတယ်။
မိခင်သည် ဤကဲ့သို့–စဉ်စားပြီး–သားဖြစ်သူကို–စကားတစ်ခွန်း–တုန့်ပြန်လိုက်၏။
“အမေလဲ..–ဘာပြောရမှန်းမသိတော့ပါဘူး–သားရယ်..–ကံတရား–စီမံတဲ့အတိုင်းပါဘဲ”
ထိုကဲ့သို့ပြောပြီး မိခင်ဖြစ်သူသည် အိပ်ခန်းတွင်းသို့ လေးသွဲ့စွာ ဝင်ရောက်သွားလေ၏။
မောင်နတ်ကြီးသည်လည်း လပြည့်ဝန်း၏ ငွေရောင်အလင်းအရသာကို ခံစားလိုစိတ်မရှိဟန်ဖြင့်
မိခင်နောက်သို့ တစ်ကောက်ကောက်လိုက်သွားပြီး မိခင်၏ အိပ်ခန်းတွင်းသို့ ဝင်ရောက်သွားလေ၏။
ခဏအကြာ၌ အိပ်ခန်းထဲရှိ လက်ဆွဲမီးအိမ်လေး ငြိမ်းသွား၏။
အိပ်ခန်းတွင်းမှ အသံဗလံများ အနည်းငယ်ကြားလိုက်ရပြီး ပြန်ငြိမ်သက်သွား၏။
အပြင်ဘက်၌ ငှက်ဆိုးအော်သံများ ထွက်ပေါ်လျက်ရှိ၏။ ဖိုးလမင်းကြီးကိုလည်း တိမ်သလ္လာများ ဖုံးလွှမ်းသွား၏။
ရွာတောင်ဘက် ခင်ရိုးတန်း တောအုပ်ထဲမှ ခွေးအအူသံများ ခပ်သဲ့သဲ့ ကြားနေရ၏။
မောင်နတ်ကြီးသည် ကမ္ဘာသစ်တစ်ခုသို့ ရောက်သွားလေ၏။
မိခင်ဖြစ်သူအတွက်မူ ကမ္ဘာကြီး–ဇောက်ထိုးမိုးမျှော်ဖြစ်ပြီး–ပျက်စီးသွားလေ၏။
မောင်နတ်ကြီးတစ်ယောက် လောကနိဗ္ဗာန်ကို ကျေနပ်စွာ ခံစားနေရလေပြီ။
သူ၏မျက်နှာသည် လပြည့်ဝန်းကြီးကဲ့သို့ ရွှင်လန်းပြီးအူမြူးနေလေ၏။
မိခင်ဖြစ်သူမှာကား အရှင်လတ်လတ် မဟာအဝီစိငရဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
မျက်နှာအနေအထားမှာလည်း လငပုပ်ဖမ်းထားသကဲ့သို့ ရှိ၏။
နောက်ဆုံးတော့ မောင်နတ်ကြီး၏ ကာမဆန္ဒကို မလွန်ဆန်နိုင်စွာဖြင့် မိခင်ဖြစ်သူက လိုက်လျော လိုက်ရလေပြီတကား။ ။
တဏှာပေမ…ထိုရာဂကား၊
မိဘနှင့်သား…သမီးများကို၊
ထင်ရှားအသွင်… သူမမြင်ဘူး၊
သူမြင်သည်မှာ…ဖို မ သာတည့်၊
မာယာလောက… ထိုကာမကြောင့်၊
မောဟဖုံးလွှမ်း… လွန်သရမ်း၏။၊
(သူကြီးမင်း (တုံးဖလား))
အပိုင်း (၃) ဆက်ရန်
မောင်နတ်ကြီး
(၃)
အချိန်သည် ဒီရေကဲ့သို့ မြန်ဆန်လွန်းလှ၏။
မောင်နတ်ကြီးတို့ သားအမိ နှစ်ပါးခင်းခဲ့သည်မှာ နာရီ ရက် လ အတော်ကြာခဲ့လေပြီ။ ရွက်ဟောင်းတွေ ကြွေ၍ ရွက်သစ်တို့ပင် ပြူတူတူဖြစ်လာကြလေပြီ။
မောင်နတ်ကြီး၏အလိုကို လိုက်လျောရင်း အချိန်ကြာလာသည်နှင့်အမျှ မိခင်ကိုယ်တိုင်တောင်မှ သာယာနှစ်သက်မိသလို ဖြစ်လာ၏။
တဏှာရာဂ၏ ရိုက်ချက်ကား ပြင်းထန်လွန်းလှ၏။ ကာမဂုဏ်၏ လှည့်ကွက်ကား ကြောက်ဖွယ်လိလိ ရှိလှ၏။
ရံဖန် ရံခါ အမှန်တရားကို သားအမိနှစ်ယောက်လုံး မေ့လျော့နေကြ၏။
မိခင်အနေနဲ့ မောင်နတ်ကြီးကို သားအဖြစ်မှ မေ့လျော့နေ၏။–
မောင်နတ်ကြီးသည်လည်း–မိခင်ကို–အမေအဖြစ်မှ–မေ့လျာ့နေ၏။–အဝိဇ္ဇာတဏှာတို့၏–အစွမ်းပေတည်း။
လေအဝှေ့မှာ အိမ်တံခါးပေါက်အထက်၌ ချိတ်ဆွဲထားသည့် ဆွဲလဲသံလေး သာယာစွာထွက်ပေါ်လာ၏။
ကျေးငှက်သာရကာတို့၏ တေးသီသံသည် ငြိမ့်ညောင်းစွာ စီးဆင်းလာ၏။
မောင်နတ်ကြီးတို့ သားအမိသည်လည်း ငြိမ်းချမ်းစွာ လက်ရှိဘဝကို သာယာနေကြလေ၏။
ထိုအခိုက်၌ နှစ်ယောက်လုံးထင်မှတ်မထားသည့်သတင်း တစ်ခု ထိုသားအမိထံသို့ ရောက်ရှိလာ၏။
“ဒီရက်အတွင်း လင်တော်မောင် ပြန်ရောက်လာတော့မယ်” ဟူ၏။
ထိုသတင်းသည် မိခင်အတွက် ငှက်ဆိုးထိုးသံကဲ့သို့ ထိတ်လန့်မှုကို ဖြစ်စေ၏။
မောင်နတ်ကြီးအတွက်လည်း နားထဲသို့ မိုးကြိုးစက် အကြိမ်များစွာ ပစ်ခတ်ခံရသည်ထက်–ကျယ်လောင်သွား၏။–ရှေ့ရေးအတွက်–စဉ်းစားနေရလေပြီ။
“အဖေပြန်လာတော့မယ်။ အဖေပြန်လာရင် အမေလဲ သူ့နေရာ သူပြန်ရောက်သွားမယ်။
နောက်ပြီး အမေက အဖေ့ကို အဖြစ်မှန်ပြောပြလိုက်ရင် ဒီကိစ္စလုံးဝလွယ်ကူမှာမဟုတ်ဘူး။–
မိန်းမဆိုတာကလဲ–စိတ်ချရတာမဟုတ်။–ခုတစ်မျိုး–တော်ကြာတစ်မျိုး။–ငါဘယ်လိုလုပ်ရပါ့မလဲ”
အတော်ထူးဆန်းလေစွ။ စုစုပေါင်းရေတွက်ကြည့်မှ ဒီသားအမိ သားအဖ သုံးယောက်ထဲ။
ဖခင်အလုပ်ထွက်သွားသည့်အခါ အိမ်၌ သားအမိ နှစ်ယောက်သာ ကျန်ရစ်ခဲ့၏။
အမှန်မှာမူ ဖခင် ပြန်အလာကို နေ့စဉ်မျှော်လင့်နေသင့်၏။ လင်ယောက်ျား ဘေးမခဘဲ အဆင်ပြေပြေ ပြန်လာစေချင်သင့်၏။
ခုအခါမှာကား သားအမိနှစ်ယောက်လုံး သူ့ကို မလိုလားကြတော့ပေ။
ဖြစ်ရလေခြင်း။ လောကရဲ ့ ကျီစားမှုက ကြက်သီး မွေးညှင်း–တဖျင်းဖျင်းထလောက်လှပေ၏။
အလိုမရှိဆုံးအရာသည် မိမိတို့ထံမြန်မြန်ရောက်လာတတ်၏။
စဉ်းစားရင်းဖြင့် ကြောက်လန့်ဖွယ်ကောင်းသည့်အချိန်သည်လည်း လေးညှို့မှ လွတ်သည့် မြှားကဲ့သို့ မြန်ဆန်လွန်းလှ၏။
အိမ်ဦးနတ်ဖြစ်သည့် ဖခင်တစ်ယောက် ပြန်ရောက်လာပြီတည်း။
လပေါင်းများစွာ ဇနီးမယားနှင့် သားတော်မောင်ကို–ခွဲခွါပြီးမှ–ပြန်တွေ့ရသည့်အတွက်–ဖခင်၏–မျက်နှာသည်–ကြည်နူးဝင်းလက်နေ၏။–ဝမ်းသာပျော်ရွှင်နေ၏။
“သားရေ.. မိန်းမရေ.. လာကြပါဦးကွ။ ဒီတစ်ခေါက် ခရီးထွက်ရတာ အတော်လေးကြာသွားတယ်။
သားနှင့်ဒီချစ်ဇနီးလေးကို အရမ်းလွမ်းတာဘဲကွာ။ ဒီမှာ လက်ဆောင်တွေပါလာတယ်။
ဒါက ခေါမတိုင်းဖြစ် ပိုးထည်။ ဟောဒါက ဂန္ဓာရတိုင်းက ယွန်းထည်။
ဒါကတော့ ပါဋလိပုတ်က ဝယ်လာတဲ့ အစားအစာတစ်မျိုး။–ဘယ်လိုလဲ..ဖေကြီးကိုကော–မလွမ်းကြဘူးလား”
ဖခင်ဖြစ်သူသည် အားရဝမ်းသာစကားလည်းဆို၏။ ဇနီးသည်၏ နဖူးလေးကိုလည်း ဖွဖွနမ်း၏။
သားတော်မောင်၏ ဦးခေါင်းကိုလည်း ငြင်သာစွာ ပွတ်သပ်ပေး၏။–
ရပ်ဝေးမှ–ပြန်လာခဲ့၍–မောပန်းသည်ကိုပင်–မေ့ပျောက်နေ၏။–ဖခင်၏–မေတ္တာသည်ကား–ကြီးမားလွန်းလှပေစွ။
ထိုည၌ နေရာမှန် လူမှန်ဖြစ်သွား၏။ မိခင်၏ အိပ်ခန်း၌ မိဘနှစ်ပါးအိပ်ကြ၏။
မောင်နတ်ကြီးသည်လည်း သူ့အိပ်ခန်းသို့ သူရောက်သွား၏။
မိဘနှစ်ပါးသည် တွတ်ထိုးပြီး ညဉ့်နက်သည့်တိုင်အောင် တီးတိုးစကားဆိုနေကြ၏။
ထိုမိဘနှစ်ပါးတို့၏ တွတ်ထိုးသံသည် မောင်နတ်ကြီးအတွက် ကမ္ဘာပျက်သံကဲ့သို့ ထင်မှတ်နေမိ၏။
မောင်နတ်ကြီးတစ်ယောက် ကြိုးစား၍ အိပ်ကြည့်၏။ သို့သော် အိပ်၍မပျော်။
အိပ်ရာထက်မှာ ဘယ်ညာလူးလိမ့်ပြီး–ဆောက်တည်ရာမရဖြစ်နေ၏။
နံနက်မိုးသောက်ပြီး မကြာမီ ဖခင်ဖြစ်သူသည် ရွာတွင်းရှိ မိတ်ဆွေများထံ အလည်အပတ်ခဏထွက်သွား၏။
ထိုအချိန်၌ မောင်နတ်ကြီးတစ်ယောက် စခန်းထချေပြီ။
“အမေ.. ကျနော် မပျော်ဘူးဗျာ။ ဒီလိုပုံစံမျိုးနှင့်သာ နေရရင် ကျနော် သေမှာသေချာတယ်။
အဖေကကော ခရီးပြန်မထွက်တော့ဘူးလား။
အဖေသာ အိမ်မှာ–အကြာကြီးနေရင်–ကျနော်–ကိုယ့်ကိုကိုယ်–သတ်သေမိမှာ–သေချာတယ်အမေ”
“သားရယ်..–အဲဒီလိုတော့မလုပ်ပါနဲ့”
“ဒါဖြင့်–ဘယ်လိုလုပ်ရမလဲ။–အမေအကြံဉာဏ်ထုတ်ပါ။–မဟုတ်ရင်တော့–ကျနော်–တကယ်သတ်သေမှာနော်”
ခက်ချေပြီ။ တစ်ဘက်ကလဲ အိမ်ဦးနတ်။ အိမ့်ရှင့်သခင် လင်။ တစ်ဘက်ကလဲ သားအရင်း၊ ပြီးတော့….. ဒုက္ခပါဘဲ။
သားတော်မောင်ကလဲ ပြောတဲ့အတိုင်းလုပ်တတ်တဲ့သူဆိုတော့ သူ့ကိုလဲ ဆုံးရှုံးခံလို့မဖြစ်ဘူး။
သားလဲဟုတ် ..ဟို.. ဟို…. ။ ။ မိခင်ဖြစ်သူ စဉ်းစားရလေပြီ။ သို့သော် ဘာအဖြေမှ–ထွက်ပေါ်မလာ။
“အမေ..–ဒီလို–လုပ်ကြရအောင်”
“ကဲ..–ပြောစမ်းပါဦးသားရဲ့”
“အဖေနှင့်အမေငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီး ကျနော့်ကို မွေးဖွားခဲ့တယ်။
အမေက ကျနော့်ကို ချစ်ခဲ့ပေမဲ့ အဖေက ကျနော့်ကို လုံးဝ မချစ်ခဲ့ဘူး။ ကျနော့်ကို အော်ဖို့ ငေါက်ဖို့ ရိုက်ဖို့လောက်ဘဲ သိတယ်။
ပြီးတော့ ကျနော်ကျောင်းတက်နေစဉ်တုန်းကလဲ အဖေက ဘာမှ အားပေးအားမြှောက်မပြုခဲ့ဘူး။
စဉ်းစားမိရင် အဖေ့ကို ကျနော်မုန်းတယ်။ တကယ်ဆိုရင် အမေ့ကိုလဲ အဖေမချစ်ပါဘူး။
ဒါကြောင့်လဲ ခရီးတစ်ခါထွက်ရင် အကြာကြီး နိုင်ငံရပ်ခြားမှာ နေတာ။ ဟိုဘက်နိုင်ငံမှာလဲ အဖေ မိန်းမယူထားနိုင်တယ်။
အမေ့အပေါ် သစ္စာရှိမဲ့ပုံမပေါ်ဘူး။ ကျနော်က အဖေ့လို မဟုတ်ဘူး။ အမေ့အပေါ်လဲ ဘယ်တော့မှ သစ္စာမဖောက်ဘူး။
တစ်သက်လုံး–အမေနှင့် အတူနေချင်တယ်။–ဒီတော့–ဒီလိုလုပ်မယ်။–အဖေ့ကို–ကျနော်တို့–အဆုံးစီရင်လိုက်ကြရအောင်”
သားတော်မောင်ထံမှ တစ်လုံးချင်း တည်ငြိမ်စွာ ထွက်ပေါ်လာသည့် စကားလုံးတို့ကို နားထောင်ရင်း
မိခင်တစ်ယောက် ကြက်သီးမွေးညှင်းထသွား၏။ ကြားကြားချင်းတော့ ထိတ်လန့်တုန်လှုပ်မိ၏။ ြ
ပီးမှ ပြန်စဉ်းစားပြီး တွေဝေသွား၏။ နောက်တော့ သားရဲ့စကားက ယုတ္တိရှိသားဘဲ–ဟု–သူ့ဖာသာ–သူဆုံးဖြတ်၏။
“အမေ.. ဘယ်လိုလဲ.. ကျနော်ပြောတာ လက်ခံတယ်မဟုတ်လား။ အမေ သေချာစဉ်းစားပေါ့။
ကျနော့် အသက်နှင့် အဖေ့အသက် ဘယ်အသက်ကို ဆက်ပြီး ရှင်သန်ခွင့်ပြုမလဲ။ တစ်ခုခုတော့ အမေရွေးချယ်ပါ။
အမေ့ဆီက အဖြေမရရင် မနက်ဖန်ဆိုတာ ကျနော့်အတွက် မရှိနိုင်တော့ဘူး”
မောင်နတ်ကြီးတစ်ယောက် မီးလောင်ရာ လေပင့်လေပြီ။ မိခင်က သူ့အပေါ်စိတ်ယိုင်နေမှန်းသိသည့်အတွက် ပို၍တွန်းအားကောင်းနေ၏။
မိခင်သည် မျက်မှောင်ကြုတ်၍–တစ်ချက်စဉ်းစားလိုက်ပြီး–စကားကို–တစ်လုံးချင်းစီဆို၏။
“ကဲပါ..–သားရယ်…–သားနှင့်အမေ–တစ်သက်လုံး–အတူတူနေကြတာပေါ့”
လိုချင်သည့်အဖြေကို ရရှိသည့်အတွက် မောင်နတ်ကြီးကျေနပ်နေ၏။
မိခင်မှာမူ အနည်းငယ် စိတ်လေးနေ၏။ သို့သော် ဆုံးဖြတ်ချက် ချပြီးလေပြီတည်း။
********
ဖခင်သည် သားအမိနှစ်ယောက်နှင့်ဆုံတွေ့ရ၍ ဝမ်းသာကြည်နူးမှု အထွတ်အထိပ်သို့ ရောက်နေလေ၏။
မိသားစုအပေါ် အချစ်တို့ ပိုပိုတိုးလာ၏။ စီးပွါးရေးလောက၌ကား မာယာများလှပေ၏။
မိသားစု စုစုစည်းစည်းနေရတာမှ အေးချမ်းမှု အပြည့်ရှိ၏။ နွေးထွေးမှု အမှန်ရှိ၏။
ဒီတစ်ခေါက်၌ ကုန် အမြတ်အစွန်း–များများရလာ၏။–
ထို့ကြောင့်–နှစ်ချီပြီး–မိသားစုနဲ့ဘဲ–အေးအေးချမ်းချမ်းနေတော့မည်ဟု–ဆုံးဖြတ်ထား၏။
သားအမိနှစ်ယောက်မှာမူကား ဖခင်၏ အရိပ်အခြေကို အကဲခတ်နေကြ၏။
အလစ်ကို ချောင်းနေကြ၏။ အခွင့်အခါကို စောင့်မျှော်နေကြ၏။
ဖခင်သည် သားအမိကို အချစ်ရည်တို့ဖြင့်ပြည့်နှက်နေသည့် မျက်လုံးအစုံဖြင့် စိုက်ကြည့်နေတတ်၏။
သားအမိသည် ဖခင်ကို ရန်သူတစ်ယောက်လို မျက်ခြေမပြတ် နောက်ယောင်ခံလိုက်နေ၏။
ထွားကြိုင်းသန်မာလာသည့် သားကြီးကို ကြည့်ကာ ဖခင်သည် ကျေနပ်ဂုဏ်ယူနေ၏။
သူကဲ့သို့ ပင်ပန်းလှသည့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းအား သားကို မလုပ်ခိုင်းဘဲ
မြို့မျက်နှာဖုံးသူဌေးကြီးလုပ်ခိုင်းမည်ဟု စိတ်ကူးထား၏။
သို့သော်.. မောင်နတ်ကြီးမှာမူ အဖေ့ကို သတ်ဖြတ်ပြီး အမေနှင့်ဘဲ
တစ်သက်လုံး အေးအေးဆေးဆေး ပျော်ရွှင်စွာ လက်ကျန်ဘဝကို ဖြတ်သန်းမည်ဟု ကြံစည်နေ၏။
တစ်ယောက်ထဲ စဉ်းစားနေသည့် စိတ်ကူးသည် နှစ်ယောက်ပေါင်း ကြံစည်တဲ့ အကြံအဖန်ကို လိုက်မမှီတော့ပေ။
မေတ္တာနှင့်ဒေါသတို့၏ စစ်ပွဲသည် လွဲမှားစွာဖြင့် ဒေါသဘက်က အနိုင်ယူသွားလေပြီ။
ဖခင်ဖြစ်သူသည်လည်း နောက်တစ်ခေါက် ကုန်ရောင်းကုန်ဝယ်လုပ်ငန်းအတွက် ခရီးမထွက်နိုင်တော့ပြီ။
မောင်နတ်ကြီးတို့ သားအမိသည်လည်း ဖခင်အတွက် ဘာမှပူပန်စရာမလိုတော့ပေ။
သားအမိပူးပေါင်းပြီး–ဖခင်ကို–ရက်ရက်စက်စက်–သတ်ဖြတ်ပြီး–လက်စဖျောက်ပစ်လိုက်ကြလေပြီတည်း။
အမှောင်တကာ့အမှောင်ထဲတွင် ကာမအမှောင်သည် ပိုပိတ်ပိန်း၏။
အကန်းတကာ့အကန်းတို့တွင် ကာမရာဂအကန်းသည် ဘုရင်ဖြစ်၏။
ကာမကိုသာ မြင်နေသဖြင့် ကျန်သည့်အရာမှန်သမျှအတွက် အကန်းသက်သက်ဖြစ်၏။
မိခင်သည်လည်း ကာမအတွက် လင်တော်မောင်ကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး ပါဏာတိပါတကံကို ကျူးလွန်မိ၏။
မောင်နတ်ကြီးသည်လည်း ကာမတဏှာအတွက် ဖခင်အရင်းခေါက်ခေါက်ကြီးကို သတ်ဖြတ်ပြီး–
ပိတုဃာတက–အနန္တရိယ–ကံကြီးထိုက်လေ၏။
ရုတ်တရက် ဆိုင်းမဆင့်ဘုံမဆင့် ဖခင်တစ်ယောက်ကို မတွေ့မြင်ကြရသဖြင့် အိမ်နီးချင်းတွေက စပ်စုလာကြ၏။
နေမကောင်းဖြစ်နေတာလား၊ ကူးသန်းရောင်းဝယ်ရေးအတွက် ခရီးထွက်သွားတာလား စသည့် မေးခွန်းများကို နေ့စဉ်ကြားနေရလေပြီ။
မေးခွန်းများကို ဟန်ဆောင်ပြီး လှီးလွဲဖြေဆိုနေရလေ၏။ မကောင်းမှုပြုလုပ်ထားကြသူများပီပီ သားအမိနှစ်ယောက်လုံး လိပ်ပြာမလုံကြတော့ပေ။
ကြာလာရင် ပြဿနာ ကြီးကြီးမားမား–တက်လာနိုင်၏။
“သားရယ်.. အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ဆိုသလို ဖြစ်နေပြီ။ အမေတို့ ဒီ မထုရာရွာကြီးက ထွက်ပြေးမှ ဖြစ်တော့မယ်။
မဟုတ်ရင် နှစ်ယောက်လုံး ဒုက္ခလှလှတွေ့ကြရလိမ့်မယ်။ အခုတစ်လော အမေ လုံးဝ အိပ်မက်မကောင်းဘူး။
ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက်လဲ အိပ်မပျော်ဘူး။ အိပ်မက်ဆိုးတွေမက်ပြီး လန့်လန့်နိုးလာတဲ့ အကြိမ်ပေါင်းလည်း မနည်းတော့ဘူး။
သားရယ်.. အမေတို့ အမြန်ထွက်ပြေးကြရအောင်နော်”
“အမေရယ်… ကျနော်က ဘယ်နေရာဘယ်အရပ်ကိုမှ ကောင်းကောင်းရောက်ဖူးခဲ့တာ မဟုတ်ဘူး။
ဒီ မထုရာရွာကြီးမှာဘဲ ကြီးပြင်းလာခဲ့ရတာလေ။ ဘယ်ကို–ရှောင်ပြေးရမှန်း–သားစဉ်းစားလို့–မရဘူး–အမေ”
“သား… အဲဒီအတွက် ဘာမှ မပူနဲ့။ သားအဖေနှင့် ညားကာစတုန်းက ပါဋလိပုတ်ဆိုတဲ့ နေပြည်တော်ကြီးကို
အမေ တစ်ခေါက်ရောက်ဖူးတယ်။ အဲဒီ ပါဋလိပုတ်မြို့ကြီးဟာ ဒီ မထုရာရွာထက် အဆပေါင်း များစွာ ကြီးမားကျယ်ပြန့်တယ်။
အမေတို့နှစ်ယောက် အဲဒီမြို့ကြီးမှာဘဲ အေးအေးချမ်းချမ်း ဇာတ်မြှုပ်နေထိုင်ပြီး–
စိတ်သစ်လူသစ်နှင့်–ဘဝကို–တစ်ကနေ–ပြန်စကြတာပေါ့–သားရယ်”
ကာမကျူးလွန်သူတို့အဖို့ အရှက်ကြီးစွာ ရတတ်၏။ အမျက်ကြီးစွာ ရတတ်၏။ ရန်ငြိုးကြီးစွာ ရတတ်၏။
ရပ်ပယ် ရွာပယ်ခံ ဘဝကို ရတတ်၏။ ကိုယ့်လိပ်ပြာကိုယ် မလုံမလဲ ဖြစ်တတ်၏။
လူတွေနှင့်ပေါင်းသင်းဆက်ဆံရမှာကို မဝံ့မရဲ ကြောက်လန့်နေတတ်၏။
မောင်နတ်ကြီးတို့ သားအမိသည် မထုရာရွာကြီး၌ နေထိုင်ခြင်းငှာ မတတ်ကောင်းတော့ပေ။
ရွာသူရွာသားများကို မျက်နှာချင်းဆိုင်ရမှာ ကြောက်ရွံ ့လာ၏။
အအိပ်မဖြောင့် အစားမဖြောင့်–အသွားမဖြောင့်–ဖြစ်လာ၏။–
ထို့ကြောင့်–မထုရာရွာကြီးက–ထွက်ခွါဖို့–သားအမိနှစ်ယောက်–ပြင်ဆင်နေကြလေပြီ။
ဖခင်ရှာဖွေပေးထားခဲ့သည့် လက်ဝတ်ဝတ်စားများနှင့် ငွေစငွေသားများကို ကျကျနန ထုပ်ပိုးကြ၏။
တန်ဖိုးရှိအဝတ်အစားများကိုလည်း ယူဆောင်သွားဖို့ ထုပ်ပိုးကြ၏။ လိုအပ်ရာရာပစ္စည်းများကို ထုပ်ပိုးပြီး ထွက်ခွါဖို့ အဆင်သင့်ဖြစ်နေပြီ။
ညဉ့်သန်းခေါင်ယံသည် တိတ်ဆိတ်လွန်းလှ၏။ ပုရစ်အော်မြည်သံလေးကိုပင် ခြင်္သေ့ဟောက်သံကဲ့သို့ ထင်မှတ်ရ၏။
သားအမိနှစ်ယောက်၏ နှလုံးခုန်သံသည်လည်း စက်သေနတ် ပစ်ခတ်နေသကဲ့သို့–တစ်ဒုတ်ဒုတ်..–တစ်ဒက်ဒက်–မြည်နေ၏။
မိခင်သည် မိသားစုသုံးယောက် နှစ်ပေါင်းများစွာ အတူနေထိုင်လာခဲ့သည့် အိပ်ခန်းလေးကို တစ်ချက်စိုက်ကြည့်လိုက်၏။
ထို့နောက် သားအမိနှစ်ယောက် အထုပ်အပိုးများကို ကိုယ်စီသယ်ယူလာပြီး အိမ်ပေါ်မှ ဆင်းလာ၏။
အိမ်ဝင်းတံခါးထွက်ပေါက်ရောက်ခါနီး၌ မိခင်သည် သံယောဇဉ် မကုန်သေးဟန်ဖြင့် အိမ်ကြီးကို နောက်ပြန်တစ်ချက်လှည့်ကြည့်လိုက်၏။
ထို့နောက် သားတော်မောင်၏ မျက်နှာကို စိုက်ကြည့်ပြန်၏။
အိမ်ကြီးကိုတစ်လှည့် သားတော်မောင်၏မျက်နှာကို တစ်လှည့်ကြည့်ပြန်၏။
ထို့နောက် မိခင်၏ မျက်လုံးတို့မှ မျက်ရည်ပွင့်များ လိမ့်ဆင်းလာ၏။
“လာ..–သွားကြပါစို့..–အမေရယ်…”
သားတော်မောင်က လက်ကမ်းပေး၏။ သားတော်မောင်၏ လက်ကို လှမ်းဆွဲကာ ချာကနဲ အိမ်ဝင်းတွင်းမှ တိတ်ဆိတ်စွာ ထွက်ခွါလာခဲ့ကြလေ၏။
ည၏အကူအညီကြောင့် အိမ်နီးချင်းများပင် သူတို့ထွက်ခွါလာသည်ကို လုံးဝမသိရှိလိုက်ကြပေ။
ထို့နေ့မှစ၍ မောင်နတ်ကြီးတို့ သားအမိနှစ်ယောက် မထုရာရွာကြီးမှ ပျောက်ချင်းမလှ ပျောက်ဆုံးသွားကြလေပြီတည်း။ ။
အပိုင်း (၄) ဆက်ရန်
မောင်နတ်ကြီး
(၄)
သားအမိနှစ်ဦး၏ ပါဋလိပုတ်ခရီးစဉ်သည် ကြမ်းတမ်းလှ၏။
တောတောင် အထပ်ထပ်ကိုလည်း ဖြတ်ကျော်ရ၏။ မြစ် ချောင်း အင်း အိုင်တို့ကိုလည်း ကူးဖြတ်ရ၏။
ထို့ကြောင့် စိတ်မော လူမော ဖြစ်နေကြ၏။ စမ်းရေသည် သူတို့နှလုံးသားကို မအေးမြစေနိုင်။
စမ်းရေစီးဆင်းသံ ကျေးငှက်တေးသီသံတို့သည်လည်း သူတို့နှစ်ဦးကို သာယာမှု မပေးနိုင်ကြချေ။
သူတို့စိတ်ထဲ၌ အမြဲရှိနေသည်မှာကား ပါဋလိပုတ်နေပြည်တော်ဆီ မြန်မြန်ရောက်ဖို့ပင်။
ရောက်ခဲ့ပါပြီ။ ပါဋလိပုတ်နေပြည်တော်သည် ထင်ထားသည်ထက် ပို၍ စည်းကားနေ၏။ ဗုဒ္ဓသာသနာလည်း ထွန်းကားနေ၏။
သူတို့သားအမိနှစ်ဦးသည် လုံခြုံစိတ်ချရသည့် အိမ်တစ်အိမ်ကို ဝယ်ယူကာ အခြေချနေထိုင်ကြ၏။
သားအမိနှစ်ဦး၏ ပါဋလိပုတ်ဘဝ အစပင်ဖြစ်၏။
မထုရာမှာ–နေရသည်ထက်–ပါဋလိပုတ်မှာ–နေရသည်က–သူတို့နှစ်ဦးကို–ပိုပြီးပျော်ရွင်မှုဖြစ်စေ၏။
ပါဋလိပုတ်မှာ အချိန်ကြာလာသည်နှင့်အမျှ မထုရာရွာက အရိပ်မည်းတို့သည်လည်း မှေးမှိန် ပျောက်ကွယ်စ ပြုလာ၏။
သူတို့အတွက် မထုရာဆိုသည်ကို လုံးဝအမှတ်မရကြတော့။ ပါဋလိပုတ်မှာပင် အေးချမ်းစွာ နေထိုင်နိုင်ကြလေပြီ။
သို့သော် တစ်နေ့၌ မြို့ထဲသို့ သွားစဉ် မထင်မှတ်ဘဲ မထုရာရွာမှ အိမ်နီးချင်း မိတ်ဆွေတစ်ယောက်နှင့် ထိပ်တိုက်တိုးမိလေ၏။
ပြောမနာဆိုမနာမိတ်ဆွေမို့ အားနာစွာနဲ့ဘဲ အိမ်သို့ အလည်အပတ်ခေါ်လာခဲ့ကြ၏။
အိမ်မှာ ရက်အတော်ကြာ တည်းခိုခွင့်ပြုလိုက်၏။ တစ်နေ့၌ အလ္လာပသလ္လာပ စကားပြောဆိုကြရင်း
ဧည့်သည်က အမှတ်မထင်–စကားတစ်ခွန်းမေးလိုက်မိ၏။
“ခင်ဗျားတို့ အတော်ဆိုးတယ်ဗျာ.. မထုရာရွာက ရုတ်တရက် ပျောက်ကွယ်သွားခဲ့ကြတယ်။
ဘာဖြစ်လို့ ရွာသူရွာသားတွေကို နှုတ်မဆက်ဘဲ ဒီကို ပြောင်းလာခဲ့ကြတာလဲ။–မဟုတ်မှ–လွဲရော။–
နေပြည်တော်မှာ–စီးပွါးရေး–အကွက်အကွင်း–ကောင်းလို့–ထင်တယ်”
ဧည့်သည်မှာ ဘာမှရည်ရွယ်ချက်မရှိ။ ပြောဖို့ စကားလုံးမရှိ၍ ပေါ့ပေါ့ပါးပါးပင် မေးလိုက်မိ၏။
သို့သော် မောင်နတ်ကြီးတို့ သားအမိအတွက် ထိုမေးခွန်းသည် ကမ္ဘာပျက်သည်ထက် ကြောက်စရာကောင်းနေ၏။
အတိတ်က အရိပ်မည်းတို့ကိုလည်း ပြန်သတိရစေ၏။
ထိုမေးခွန်းသည် အိမ်ရှင်နှင့်ဧည့်သည်တို့၏ ဆက်ဆံရေးကို ကမောက်ကမဖြစ်သွားစေ၏။
ဧည့်သည်သည် မကြာခင်ကအထိ မိတ်ဆွေတစ်ယောက်ဖြစ်၏။ ယခုမူကား ရန်သူလုံးလုံးဖြစ်သွား၏။
သူ့ကို မောင်နတ်ကြီးတို့ သားအမိက ဂြိုဟ်ကောင်ဟု မြင်သွားကြ၏။
ဒီဧည့်သည်ကတစ်ဆင့် သူတို့သတင်း မထုရာရွာသို့ ပျံ့နှံ့သွားနိုင်သည်ဟု သတိပြုမိလိုက်၏။
အပြုံးမပျက် စကားဆိုနေရသော်လည်း သားအမိ–ရင်ထဲ၌မူ–နေဆယ်စင်းထွက်သည်ထက်–ပူလောင်နေချေပြီ။
ဧည့်သည်သည် အိမ်ရှင်ကို မစော်ကားကောင်း။ အိမ်ရှင်သည် ဧည့်သည်ကို ဧည့်ဝတ်မပျက်ကောင်း။
သို့သော် အိမ်ရှင်က ဧည့်ဝတ်မပျက် ကျေပွန်စွာ ပြုစုဆက်ဆံနေပေမဲ့ ဧည့်သည်က အိမ်ရှင်ကို စော်ကားလေပြီ။
အတွင်းရေးကို ထိပါးလာချေပြီ။
ထိုသည်မှာ အိမ်ရှင်ဘက်က အတွေးသက်သက်မျှသာဖြစ်၏။ ဧည့်သည်မှာမူ ဘာမှ မသိရှာပေ။
ရက်အနည်းငယ်အကြာ၌ မောင်နတ်ကြီးတို့ သားအမိသည် ထုံးစံအတိုင်းပင်
ပြင်းထန်သော အဆိပ်တို့ဖြင့် ထည့်မွှေထားသည့် အစားအစာတို့ဖြင့် ဧည့်သည်ကို ဧည့်ခံလေ၏။
ဧည့်သည်သည် ကျေးဇူးတင်စွာဖြင့် အားရပါးရ စားသောက်လေ၏။–
ဧည့်သည်ခမျာမှာ–စားသောက်လို့–မပြီးခင်မှာပင်–အဆိပ်ဒဏ်သင့်ပြီး–သေဆုံးသွားရရှာလေ၏။
မောင်နတ်ကြီးတို့ သားအမိသည် ကာမအတွက်ကြောင့်လည်း လူသတ်ခဲ့၏။ ဘယအတွက်ကြောင့်လည်း လူသတ်ခဲ့၏။
ကာမကြောင့်ဘဲဖြစ်ဖြစ် ဘယကြောင့်ဘဲဖြစ်ဖြစ် သူတစ်ပါးအသက်ကို သတ်ခြင်းသည် ဒေါသ ဦးစီးပြီးဖြစ်၏။
ကောဓလည်းပါဝင်၏။ ပဋိဃလည်းဆက်နွယ်၏။ ထိုဒေါသ ဦးစီးသော–တရားသည်–
ကောင်းကျိုးဆိုးပြစ်ကို–မစဉ်းစားနိုင်အောင်–တွန်းပို့ပေး၏။–တိုက်တွန်းပေး၏။–စေ့ဆော်ပေး၏။
ဧည့်သည်သေဆုံးပြီးနောက် အခြေအနေသည် ငြိမ်သွားပြန်၏။ အေးအေးချမ်းချမ်းဖြစ်သွားပြန်၏။
စိုးရိမ်ပူပန်မှု ကင်းဝေးသွား၏။ မထုရာရွာသားတွေနှင့်–အဆက်ပြတ်သွားပြီဖြစ်၏။–
သူတို့ကျူးလွန်ခဲ့သည့်–ရာဇဝတ်မှုအတွက်–စိတ်အေးသွားရပြီဖြစ်၏။
သို့သော် တစ်နေ့၌ သားအမိနှစ်ယောက် မြို့ထဲသို့ နံနက်ခင်းဈေးသွားဝယ်ရင်း လမ်းခုလတ်တွင်
ဆွမ်းခံကြွလာသည့် ရဟန်းသံဃာတော်များနှင့် ဆုံမိလေ၏။
မကြာမကြာ ဆုံနေကြဖြစ်ပေမဲ့ ယနေ့တွေ့ဆုံခြင်းသည် မောင်နတ်ကြီးတို့ သားအမိကို ထိတ်လန့်တုန်လှုပ်မှု ဖြစ်စေ၏။
ဇောချွေးများ ပြန်စေ၏။ အဘယ့်ဆိုသော် ဆွမ်းခံကြွလာသည့် ရဟန်းတော်များထဲတွင်
မထုရာရွာကြီးမှ ရဟန္တာအရှင်မြတ်ကြီးများ ပါဝင်လာကြသောကြောင့်တည်း။ ။
********
ထိုမထုရာရွာကြီးမှ ရဟန္တာအရှင်သူမြတ်များသည် မောင်နတ်ကြီးတို့ သားအမိကို
မှတ်မိသည့်အနေနဲ့ စဉ်းငယ်မျှ ပြုံးပြကာ အသိအမှတ်ပြုသွားကြ၏။
နူနာ ဝဲစွဲ၊ လဲရာ သူခိုးထောင်း ဆိုသကဲ့သို့ မောင်နတ်ကြီးတို့ သားအမိ ပူပန်ပြန်ရလေပြီ။
ရဟန္တာပုဂ္ဂိုလ်ကြီးများ မထုရာကို ပြန်သွားပြီးနောက်ပိုင်း–
ပါဋလိပုတ်မှာ–သူတို့ကိုတွေ့ခဲ့ကြောင်း–ဖောက်သည်သွားချရင်–ဒုက္ခ။
“အမင်္ဂလာ–ဦးပြည်းရဟန်းတွေ”
မောင်နတ်ကြီး၏ ကောက်ချက်ချသံဖြစ်၏။ ရဟန္တာပုဂ္ဂိုလ်များကို ပြစ်မှားလေပြီ။ အမင်္ဂလာတဲ့။
ဘုရားဟောမင်္ဂလသုတ်တော်မှာ သမဏာနဉ္စ ဒဿနံ= ရဟန်းတို့ကို ဖူးမြင်ရခြင်းသည် မင်္ဂလာတစ်ပါး ဟူ၍ ဆိုထား၏။
မောင်နတ်ကြီး၏ အယူအဆသည် ဘုရားဟောနှင့် လုံးလုံးဆန့်ကျင်နေ၏။ သွေဖည်နေ၏။–ဖီလာကန့်လန့်ဖြစ်နေ၏။–
မကောင်းမှု–ကျူးလွန်ထားသူအတွက်–အရာရာသည်–အမင်္ဂလာဖြစ်သယောင်ရှိ၏။
ရဟန္တာပုဂ္ဂိုလ်တို့မည်သည် ဝစီဒုစရိုက်လေးပါးကို မည်သည့်အခါမှ မကျူးလွန်ကြတော့ပေ။
ဒုစရိုက်မှုအားလုံးကို ပယ်ထားပြီးဖြစ်၏။ ဤသည်ကို မောင်နတ်ကြီးတို့ လုံးဝမသိရှိ။
အသိဉာဏ်နည်းကြ၏။ ဗဟုသုတခေါင်းပါးကြ၏။ ပညာချို ့တဲ့ကြ၏။
သူတို့သိသည်မှာ ရဟန္တာပုဂ္ဂိုလ်များကို မထုရာရွာသို့ ပြန်မကြွစေရေးပင်ဖြစ်၏။
ထို့ကြောင့် ထိုရဟန္တာအရှင်မြတ်များ သီတင်းသုံးနေထိုင်သည့်နေရာကို စုံစမ်းကြ၏။ မေးမြန်းကြ၏။ ရှာဖွေကြ၏။
ပျောက်သောသူ ရှာလျှင်တွေ့ ဆိုသကဲ့သို့ ရက်မကြာခင်မှာပင် ရဟန္တာအရှင်မြတ်များတည်းခိုသည့် နေရာကို သိရှိသွားကြ၏။
မောင်နတ်ကြီးသည် အသိဉာဏ်ဗဟုသုတ မရှိသော်လည်း လုပ်ကိုင်သည့်နေရာတွင်မူ ပြတ်သား၏။
ကြိုးစား၏။ တစ်ဇွတ်ထိုးဆန်၏။ မိုက်ရူးရဲဖြစ်၏။ လက်နှေးနေသည့် လူစားမျိုးထဲတွင် မောင်နတ်ကြီးတစ်ယောက် မပါဝင်ပေ။
မောင်နတ်ကြီး တစ်ယောက် မထုရာရွာမှ ကြွလာကြသည့် ရဟန္တာပုဂ္ဂိုလ်များကို လက်စဖျောက်ပစ်ရန် အခွင့်အခါကို စောင့်မြှော်နေလေ၏။
လုပ်ကြံ သတ်ဖြတ်ရန် ကြံစည်နေ၏။ တွေးတောနေ၏။–စဉ်းစားနေ၏။
မကောင်းမှုတစ်ခု ကျူးလွန်ပြီးသူသည် နောက်တစ်ခေါက်ထပ်ပြီး ကျူးလွန်ဖို့ လွယ်ကူသွားပြီဖြစ်၏။
တစ်တက်စားလဲ ကြက်သွန်၊ နှစ်တက်စားလဲ ကြက်သွန်၊ မထူးတော့ပြီဟု ယူဆကြ၏။ မထူးဇာတ်ခင်းတတ်ကြ၏။
ထပ်ပြီးရက်စက်ဖို့ ဝန်မလေးကြတော့ပေ။ မောင်နတ်ကြီး၏ အကြံအစည်အောင်မြင်သွားလေပြီ။
အခွင့်ရလျှင်ရချင်း မထုရာရွာမှ ကြွရောက်လာကြသည့် ရဟန္တာပုဂ္ဂိုလ်များအားလုံးကို မောင်နတ်ကြီး သုတ်သင်သတ်ဖြတ်လိုက်ပြီဖြစ်၏။
ရဟန္တာပုဂ္ဂိုလ်ကြီးများသည် အတိတ်က ဝဋ်ကြွေးကြောင့်ထင်ရဲ ့။
အားလုံးမောင်နတ်ကြီးလက်ချက်ဖြင့် ပရိနိဗ္ဗာန် ပြုသွားကြရရှာပြီတည်း။
မောင်နတ်ကြီး၏ မိုက်မဲမှုသည် ကမ်းကုန်သွား၏။ ]
သူ့အမေ၏ကာမဂုဏ်ကိုလည်း အတင်းရယူခဲ့၏။ အဖေကိုလည်း သတ်ဖြတ်ခဲ့၏။
အိမ်သို့ရောက်လာသည့် ဧည့်သည်ကိုလည်း အဆိပ်သင့်စေပြီး သေတွင်းသို့ ပို့ခဲ့၏။
အခုတစ်ဖန် ရဟန္တာပုဂ္ဂိုလ်ကြီးများကိုလည်း သတ်ဖြတ်ပြန်လေပြီ။
ရဟန္တာအရှင်သူမြတ်တို့ကို သတ်ဖြတ်ခြင်းသည် အရဟန္တဃာတကဟု ခေါ်သည့် အနန္တရိယကံကြီးကို ကျူးလွန်ခြင်းပင်ဖြစ်၏။
သူ၏ဖြစ်ရပ်မှန်သည် စာဖတ်သူတို့ စိတ်ကို ချောက်ခြားစေ၏။ တုန်လှုပ်စေ၏။ ဇဝေဇဝါဖြစ်စေ၏။
နှလုံးသည်းခြေထိ ကြောက်လန့်မှုကို ဖြစ်စေ၏။ သူ့လုပ်ရပ်သည် အလွန်ဆိုးရွား၏။ အကျည်းတန်၏။ ကဲ့ရဲ ့ဖွယ်ဖြစ်၏။
သို့သော် သူ့အကြောင်းသည် ပုံပြင်မဟုတ်။ ဒဏ္ဍာရီမဟုတ်။ လုပ်ဇာတ် မဟုတ်။–ဇာတ်ကြောင်းမှန်သာတည်း။
မောင်နတ်ကြီးသည် သူ့လုပ်ရပ်အတွက် နောင်တရမနေပေ။ ပူပန်မနေပေ။ စိုးရိမ်မနေပေ။ စိုးရိမ်ပူပန်မှု
နောင်တရမှုတို့ကိုသာ ပြေပျောက်စေ၏။ စိတ်ကို လုံခြုံစေ၏။ ငြိမ်းချမ်းစေ၏။
အဘယ့်ကြောင့်ဆိုသော် သူတို့အတွက် ဂြိုဟ်ကောင်ဟု ထင်မှတ်ထားသည့် ရဟန္တာပုဂ္ဂိုလ်များ
မထုရာသို့ ပြန်မကြွနိုင်ကြတော့သောကြောင့်တည်း။
သူတို့၏ ဇာတ်ရှုပ်ကို မထုရာရွာသားတွေ မသိရှိနိုင်ကြတော့ပြီ ဖြစ်သောကြောင့်တည်း။
ယုတ်စွအဆုံး သူအရမ်းချစ်သည့် သူ့အမေနှင့်အတူ ပျော်ရွှင်စွာ နေနိုင်ကြပြီ ဖြစ်သောကြောင့်တည်း။
တရားသံဝေဂ ပွါးများဖွယ် ကောင်းလေစွ။
********
အပိုင်း (၅) ဆက်ရန်
မောင်နတ်ကြီး
(၅)
မောင်နတ်ကြီးတို့သားအမိ၏ ရင်ထဲရှိ အပူလုံးများ ကျသွား၏။ နှလုံးသား လှိုင်းတံပိုးတို့သည် ငြိမ်သက်သွား၏။
စိတ်မုန်တိုင်းတို့သည် လေပြေအသွင်ကို ဆောင်သွား၏။ သားအမိနှစ်ယောက် ဘေးမသီရန်မခ အေးချမ်းစွာ နေထိုင်နိုင်ကြလေပြီ။
နောက်ဆို မထုရာရွာသားတွေကို လုံးဝ အတွေ့မခံတော့ဟု–ဆုံးဖြတ်ချက်–ချထားကြ၏။–
မထုရာရွာနှင့်–အတိတ်အကြောင်းတို့ကို–လုံးဝပြည်ဖုံးကား–ချထားလိုက်ပြီဖြစ်၏။
မောင်နတ်ကြီးသည် သန်မာထွားကြိုင်း၏။ ရုပ်ရည်လှပ၏။ ခန့်ချောကြီးဖြစ်၏။ သတ္တိရှိ၏။ လုံ့လကြီးမား၏။
သို့သော် မိန်းမလိုက်စားမှုကား လုံးဝမရှိပေ။ ချောမောလှပသည့် ရွယ်တူအမျိုးသမီးများစွာကို တွေ့မြင်နေရသော်လည်း သူလုံးဝစိတ်မဝင်စား။
သူစိတ်ဝင်စားသည်မှာ သူ့အမေသာဖြစ်၏။ သူ့အသဲနှလုံးထဲ၌ သူ့အမေသာ ရှိ၏။ အမေသာကြီးစိုးနေ၏။ အမေသာ နေရာယူထား၏။
အမေနှင့်သာ တစ်သက်လုံး ချစ်ခင်စွာ–ပေါင်းသင်းနေထိုင်ရလျှင်–သူ့ဘဝအတွက်–လုံးဝပြည့်စုံပြီဖြစ်၏။
လက်ရှိဘဝကို မောင်နတ်ကြီး အရမ်းကျေနပ်အားရ နှစ်သက်နေမိ၏။
သူရယ် သူ့အမေရယ် အိမ်ကြီးတစ်လုံးရယ် အသုံးအဆောင်ပစ္စည်းတွေရယ်။ ဒါဆို သူ့ဘဝ လုံလောက်ပြီ။
သူသည် လောဘကြီးမားသူမဟုတ်။ အပျော်အပါးကိုလဲ သူမမက်။ အလောင်းအစားဆို ဝေလားဝေး။
အသောက်အစားဆိုရင်လဲ–နတ္ထိ။–မထင်မရှားဘဝလေးဖြင့်–သူ့အမေနှင့်ရာသက်ပန်–စိတ်ချမ်းသာစွာ–ပေါင်းဖော်နေရဖို့သာ–ဆန္ဒရှိ၏။
သို့သော်
တစ်ရက်ထဲ ငွေတစ်ရာရဖု့ိခဲယဉ်းသည် ပြဿနာတစ်ရာရဖို့ မခဲယဉ်း ဆိုသည့်စကားသည် သွေးထွက်အောင် မှန်၏။
တစ်ရက်၌ ပြဿနာတစ်ခုသည် မဖိတ်ခေါ်ဘဲ မောင်နတ်ကြီးထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာ၏။
ထိုပြဿနာသည် မထုရာရွာက ရောက်ရှိလာသည့် ပြဿနာလည်းမဟုတ်။ ရဟန်းတော်များထံမှ ဖြစ်ပေါ်လာသည့် ပြဿနာလည်းမဟုတ်။
တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသည့်သူတို့ထံမှ ဖြစ်ပွါးလာသည့် ပြဿနာလည်းမဟုတ်။
အမှန်မှာ အိမ်တွင်း ပြဿနာသာဖြစ်၏။ အိမ်တွင်း အရှုပ်သာလျှင်ဖြစ်၏။ အရှုပ်မှ တကယ့် မဟာအရှုပ်တော်ပုံကြီးပင်ဖြစ်၏။
“မောင်နတ်ကြီးရေ… မပြောချင်ပေမဲ့ ပြောရဦးမယ်။ မင့်ဇနီးတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ တစ်ပူးတွဲတွဲ ဖြစ်နေတာကြာပြီ။
ငါ–မကြာခဏတွေ့မြင်နေရတယ်။–ငါက–သတိပေးရုံသက်သက်ပါ။–မင်းကလဲသေချာစောင့်ရှောက်မှပေါ့”
အိမ်နီးချင်းတစ်ယောက်၏ သတိပေးစကားပင်တည်း။ စေတနာဖြင့် အသိပေးခြင်းဖြစ်၏။
ထိုအိမ်နီးချင်းသည် သူတို့နှစ်ယောက်ကို လင်မယားအဖြစ်ဖြင့်သာ သိ၏။ သားအမိဟူ၍ လုံးဝမသိ။
ထိုစကားကို ကြားကြားချင်း မောင်နတ်ကြီးတစ်ယောက် အရှိုက်ကို ဆောင့်ကန်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
လောကကြီးသည် အိုးထိန်းစက်ကဲ့သို့ သွက်သွက်ခါအောင် လည်ပတ်နေသကဲ့သို့ ခံစားရ၏။
ဦးခေါင်းပေါ်တည့်တည့် မိုးကြိုး အချက်ပေါင်းများစွာ အပစ်ခံလိုက်ရသကဲ့သို့ ခံစားရ၏။
ရင်ဘတ်သည် ဆိုးရွားစွာ အောင့်လာ၏။ ဒူးဆစ် လက်ဆစ်တို့သည်–ပျော့ခွေလာ၏။
“အမေ… ခင်ဗျားအရမ်းရက်စက်တယ်ဗျာ။ ကျနော်က အမေကလွဲရင် ကျန်တဲ့ မိန်းခလေးတွေကို ဖွဲဆန်ကွဲထင်ထားခဲ့တာ။
အမေသာ ကျနော့်ဘဝ၊ အမေသာ ကျနော့်ရဲ ့အိပ်မက်ပါ အမေ။ အမေ့ကိုဘဲ ကျနော် သစ္စာရှိရှိပေါင်းလာခဲ့တာပါ။
အမေ့ကို ချစ်လွန်းလို့ အဖေကိုလဲ ကျနော် သတ်ခဲ့မိတယ်။ ဧည့်သည်ကိုလဲ ကျနော် အဆိပ်ခပ် သတ်ဖြတ်ခဲ့တယ်။
ပြီးတော့ ဘုရားသားတော် ရဟန္တာအရှင်မြတ်များကိုလဲ ကျနော် လုပ်ကြံသတ်ဖြတ်ခဲ့တယ်။
အမေ့အတွက်ကြောင့် ကျနော် ကံကြီးထိုက်ခံပြီး အားလုံးကို ရှင်းလင်းသုတ်သင်ခဲ့တာပါ။
အမေ… လုံးဝ မတရားဘူး။ အခုတော့ အမေက တစ်ခြားတစ်ယောက်ရင်ခွင်မှာ–ပျော်ဝင်နေပြီပေါ့လေ။–ကျနော်–ဘာလုပ်ရတော့မှာလဲ–အမေ”
မောင်နတ်ကြီး ရင်ထဲမှ ရေရွတ်သံဖြစ်၏။ သူအရမ်း ကြွေကွဲနေပြီ။ ခံစားနေရပြီ။ ပူဆွေးနေရပြီ။
လူသတ်မှုများစွာကို သွေးအေးအေးနဲ့ ကျူးလွန်ခဲ့သူတစ်ယောက် အခုအခါမှာတော့ သူရဲဘောကြောင်စွာ နှလုံးဟက်တက်ကွဲလေပြီ။
ငယ်စဉ်ကထဲက အဖေဘယ်လောက် ရိုက်ရိုက် မျက်ရည်တစ်စက်မှ မကျဖူးခဲ့တဲ့သူတစ်ယောက် အခုအခါမှာတော့
အရူးတစ်ယောက်လို အိပ်ရာပေါ် ဘယ်ညာလူးလိမ့်ရင်း ရှိုက်ကြီးတစ်ငင် ငိုကြွေးနေရရှာလေပြီ။
“မဖြစ်ချေဖူး။ ဒီကိစ္စ သေချာစုံစမ်းမှ ဖြစ်မယ်။ အိမ်နီးချင်းရဲ ့ ဂုံးတိုက်စကားလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီကိစ္စ အမှန်ဟုတ်ချင်မှလဲ ဟုတ်မယ်”
မောင်နတ်ကြီး သူ့ကိုသူ အားပေးနေ၏။ ဒီစကားကို ဂုံးတိုက်စကားဘဲဖြစ်ပါစေဟုလည်း ဆုတောင်း၏။
အမှန်အကန်မဟုတ်ပါစေနဲ့ဟုလည်း မျှော်မှန်း၏။ အိပ်မက်သာ ဖြစ်ပါစေဟုလည်း တမ်းတ၏။
သို့သော် အိပ်မက်မဟုတ်သည်ကတော့ သေချာနေ၏။ ထို့ကြောင့် တကယ်ဟုတ်မဟုတ် မောင်နတ်ကြီး စုံစမ်းရပေတော့မည်။
မောင်နတ်ကြီးသည် Seeing is believing (ကြုံမှ ယုံမည့်သူ) ဖြစ်၏။ Hearsay (ကောလာဟလ)တွေကို လုံးဝ ယုံကြည်တတ်သူမဟုတ်။
********
မိခင်၏ ဖောက်ပြန်မှု သတင်းကြားရကတည်းက မောင်နတ်ကြီးနှင့် သူ၏ မိခင်တို့သည် မုဆိုးနှင့်သားကောင် ဖြစ်သွားကြ၏။
အမှန်မှာမူ မိခင်ဖြစ်သူသည် သူ့ကိုယ်သူ သားကောင်ဖြစ်သွားမှန်းမသိရှာပေ။
ယောက်ျားတစ်ပါးသားနဲ့ မိုးမမြင်လေမမြင် ကာမယစ်မူးနေ၏။ အပျော်ကျူးနေ၏။ မြိန်ရည်ယှက်ရည် ကာမဂုဏ်ခံစားနေ၏။
ယုတ်စွအဆုံး မောင်နတ်ကြီးကိုပင် မမြင်တော့ပေ။ အကွက်ချောင်းနေသူနှင့် အကွက်ထဲ ဝင်ရောက်လာသူ။
အချိန်ကို ကြာကြာမစောင့်လိုက်ရ။ မောင်နတ်ကြီးတစ်ယောက် သူ့မိခင် ဖောက်ပြန်နေသည်ကို
သူ့မျက်စိနှင့် တပ်အပ်–မြင်တွေ့လိုက်ရလေပြီတည်း။–သို့သော်–မသိချင်ယောင်ဆောင်နေလိုက်၏။
လှောင်ချိုင့်မှ နှစ်ကြိမ်သုံးကြိမ် လွတ်ခဲ့ပြီးသော ငှက်။ နှစ်ကျောင်းသုံးကျောင်း ပြောင်းပြီးသော ဘုန်းကြီး။
နှစ်လင်သုံးလင် ပေါင်းဖော်ပြီးခဲ့သော မိန်းမ။ ထိုသူတို့သည် မာယာများလှ၏။ ဘယ်သောခါမှ စိတ်မချရ ဟူ၍ နီတိဆရာတို့ ဆိုကြ၏။
မောင်နတ်ကြီး၏ မိခင်သည် အခြားယောက်ျားများနှင့်မဆိုထားဘိ သားအရင်းကိုတောင် နှစ်သက်စွာ ပေါင်းဖော်ခဲ့၏။
ကာမခရီးကို အတူဆင်နွှဲခဲ့၏။ ယခုလည်း ခြံခုန်ကျော်ဖူးသော နွားကဲ့သို့ ကျင့်၏။
မောင်နတ်ကြီးမသိခင်၌ပင် အခြား ပါဋလိမြို့သားတစ်ယောက်နဲ့ ကာမကိစ္စဖောက်ပြန်လေပြီတည်း။
ဤပို့စ်လေးကို ရေးရင်းနဲ့ပင် ကျွန်ုပ်သည် မန်လည်ဆရာတော်ဘုရားကြီး၏ မဃဒေဝလင်္ကာသစ်မှ လင်္ကာအပိုင်းအစလေးတစ်ခုကို ရွတ်ဆိုနေမိ၏။
ဆရာတော်၏ လင်္ကာသည် ထိ၏။ မိ၏။ တိကျ၏။ ခိုင်မာ၏။ ပြတ်သား၏။
မိန်းမဟူသည်….. ဤမျိုးမည်ကား၊
လူရည်ဖွံ့ထွား….. ဖိုယောက်ျားထက်၊
အစားနှစ်ပြန်….. ဉာဏ်မှာလေးဆ၊
လုံးလခြောက်ပုံ….. ကာမဂုဏ်ရှစ်၊
လွန်၍ဖြစ်၏….. အနှစ်ပညာ၊
ရှေ ့သွားခါဖြင့်….. လူ့ရွာလောက၊
ဆက်ဆံကြလော့။ ။
ဤလင်္ကာသည် အမျိုးသမီးအားလုံးကို ရည်ရွယ်ထားဟန်တော့မတူ။ မောင်နတ်ကြီး၏ မိခင်လို အမျိုးသမီးမျိုးကိုသာ ဆိုလိုဟန်ရှိ၏။
လောက၌ တော်ဝင်သည့်အမျိုးသမီးများလည်း အများအပြားပင်။ အမျိုးမြတ်သည့် မိန်းမသားများလည်း ဒုနဲ့ဒေးပင်တည်း။
သို့သော် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ် ဆိုသကဲ့သို့ မောင်နတ်ကြီး၏ မိခင်လို မိန်းမသားများကြောင့် အမျိုးသမီးများဘဝ နစ်နာလှ၏။
နာမည်ပျက်ကြရ၏။ မျက်နှာငယ်ကြရ၏။–ဂုဏ်ငယ်ကြရ၏။–အဆင့်အတန်းခွဲခြားခံကြရ၏။
တစ်ည၌ သားအမိနှစ်ယောက်ထဲ ရှိစဉ် မောင်နတ်ကြီးက စကားစဆို၏။
“အမေ… ကျနော် သတင်းတွေ ကြားနေရတယ်”
“ဆိုစမ်းပါဦး သားရဲ ့ ဘာသတင်းတွေလဲ”
“အမေနှင့် ပါဋလိပုတ်ယောက်ျားတစ်ယောက်နှင့် ဘာညာဘာညာ အသံတွေကြားနေရတယ်”
“မဟုတ်တာ သားရယ်၊ အမေက သားတစ်ယောက်ထဲကိုဘဲ ချစ်တာပါ”
“အမေ.. သေချာရဲ ့လား”
“ကျိန်ပြောရဲပါတယ် သားရယ်။ အမေ တကယ်ဖောက်ပြန်နေတယ်ဆိုရင် အခုချက်ချင်း မိုးကြိုးပစ်ခံရပါစေ။ မြေမျိုခံရပါစေ။ ငရဲကို အရှင်လတ်လတ် ကျပါစေ”
မိခင်ဖြစ်သူသည် လက်ဆုပ်လက်ကိုင်မိနေတာတောင်မှ မုန်လာဥလုပ်ချင်သေး၏။ လှည့်ပတ်၏။ လိမ်ညာ၏။ မုသားဆို၏။
မိန်းမမာယာကား ကြောက်စရာပင်တည်း။ သူမလို မိန်းမသားများ လောကမှာ များစွာရှိနေလျှင်
လောကကြီး အကျည်းတန်ဆန်မှာ သေချာ၏။ ရုပ်ပျက်ဆင်းပျက်ဖြစ်မှာ–သေချာ၏။–မကောင်းမှုများ–များစွာ–တိုးပွါးမည်ဖြစ်၏။
ကျွန်ုပ်သည် စာရေးရင်း မန်လည်ဆရာတော်ဘုရားကြီး၏ မဃဒေဝလင်္ကာ အခြားတစ်ပုဒ်ကို ထပ်ပြီးရွတ်ဆိုနေမိပြန်၏။
ထိုဣတ္ထိယ….. ဝင်္ကန္တကို၊
နတ်မျှပိုင်ပိုင်….. မသိနိုင်ဘူး၊
တစ်ထိုင်တည်းနဲ့….. ဆယ်နည်းမက၊
ဖောက်ပြန်ကြ၏။
ထိုမှတစ်မျိုး၊
လိုဆိုးဟော့ရမ်း….. မိန်းမသွမ်းတို့၊
ပေါ်ဆန်းပျားရည်….. ယုံစိမ့်သည်ဟု၊
ထွေလည်ထိုထို….. တောင်ကြီးမျို၍၊
ရွတ်ဆိုနှုတ်က….. ကျိန်သမျှလည်း၊
မိန်းမသစ္စာ….. မုသားသာတည်း။ ။
(ဤကဲ့သို့ လင်္ကာများ ထည့်သွင်းဖော်ပြလိုက်သည့်အတွက် စာဖတ်သူ အမျိုးသမီးများ ကျွန်ုပ်အပေါ် အထင်လွဲကောင်းလွဲနိုင်၏။
စိတ်ကသိကအောက် ဖြစ်ကောင်းဖြစ်နိုင်၏။ စိတ်တိုကောင်း တိုနိုင်၏။ အမျက်ထွက်ကောင်းထွက်နိုင်၏။
သို့သော် ကျွန်ုပ်သည် အမျိုးသမီးများကို အထင်သေးသူမဟုတ်။ အမြင်စောင်းနေသူမဟုတ်။
အမျိုးသမီးကောင်းများကို အလွန်အထင်ကြီးတတ်သော သူပင်တည်း။ အမျိုးသမီးသူရဲကောင်းများကို ကိုးကွယ်တတ်သူပင်တည်း။
စကားစပ်မိ၍ ဖော်ပြပေးခြင်းသာဖြစ်၏။ နားလည်ပေးကြပါကုန်။ ။ စကားချပ်။ ။)
********
မောင်နတ်ကြီး၏ မိခင်သည် မာယာပဉ္စလက်များ၏။ မြစ်ကဲ့သို့ ကောက်ကွေ့၏။ တိမ်စိုင်တိမ်ခဲကဲ့သို့ ပရိယာယ်များ၏။
ဣတ္ထိဝင်္က ံ နဒီဝင်္က ံ ဆိုသည့်စကားသည် အလွန်မှန်၏။ ဟုတ်၏။ သဘာဝကျ၏။ မိန်းမသဘာဝကို ပေါ်လွင်စေ၏။
မိခင်၏ ကျိန်ဆိုသည့် စကားများကို ကြားရသည့်အခါ မောင်နတ်ကြီးတစ်ယောက် ပို၍ ဒေါသအိုးပေါက်ကွဲ၏။
မိခင်၏ ကောက်ကျစ်လိမ်ညာမှုကို သူသိ၏။ ဖောက်ပြန်သည်ကိုလည်း သိ၏။
သူ၏ မိခင်သည်–သူ့အပေါ်–အပြစ်နှစ်ခုကို–တစ်ပြိုင်နက်ကျူးလွန်၏။–ဖောက်ပြန်မှုနှင့်လိမ်ညာမှုပင်တည်း။
မောင်နတ်ကြီး၏ သည်းခံနိုင်မှုစွမ်းအားသည် မီးတောက်မီးလျံထဲ ပက်ဖြန်းလိုက်သည့် ရေစက်ရေပေါက်ကဲ့သို့ လုံးဝခန်းခြောက်သွားလေပြီ။
သူ့ မိခင်အပေါ် နာကျည်းလေပြီ။ မုန်းတီးသွားလေပြီ။ စက်ဆုပ်သွားလေပြီ။
အတိတ်အကြောင်းကို စဉ်းစားလေ ပိုပြီး မခံမရပ်နိုင်ဖြစ်လေဖြစ်၏။ မိခင်သည် သူ့အပေါ် လုံးဝမစာနာ။ လုံးဝနားလည်မှုမပေး။
အတ္တဆန်လွန်း၏။ စိတ်ချမ်းသာမှုနောက်လိုက်လွန်း၏။ သူ လုံးဝ သည်းမခံနိုင်တော့ပေ။
ထို့ကြောင့် သူ့အမေကို သူကိုယ်တိုင် ရက်ရက်စက်စက် သတ်ဖြတ်ပစ်လိုက်၏။
မာတုဃာတကဟု ခေါ်သည့် အနန္တရိယကံကြီးကို သူ ကျူးလွန်မိပြန်ပြီ။–
သူ၏–ဒေါသနှင့်–ပြတ်သားမှုတို့ကား–ကြောက်မက်ဖွယ်ပင်တည်း။
********
အပိုင်း (၆) ဆက်ရန်
မောင်နတ်ကြီး
(၆)
မောင်နတ်ကြီးတစ်ယောက်–အဖော်မဲ့သွားခဲ့လေပြီ။
သူ၏ ဘဝသည် အထီးကျန်ဆန်လွန်းလှ၏။ အိပ်မပျော်သည့် ညများ များပြားလာ၏။ စိတ်ကယောင်ခြောက်ချားဖြစ်လာ၏။
သတိလက်လွတ်ဖြစ်လာ၏။ အရူးတစ်ပိုင်းဖြစ်လာ၏။ အိပ်မက်ဆိုးမက်သည့် ညပေါင်းလည်း မရေတွက်နိုင်တော့ပေ။
တစ်ရံတစ်ခါ အဖေကို အိပ်မက်၌ မြင်တွေ့ရ၏။ ရံခါ အမေကို မြင်တွေ့ရ၏။ ရံဖန် ရဟန္တာပုဂ္ဂိုလ်များကို မြင်တွေ့ရ၏။
တစ်ခါတစ်ခါ ဧည့်သည်ကို မြင်မက်၏။ အတိတ်က အရိပ်ဆိုးတို့သည်–တစ်ယောက်ထဲနေမှ–ပို၍–စိုးမိုးနေရာယူလာကြ၏။
ပြုလုပ်ခဲ့ပြီးသည့် မကောင်းမှုအားလုံးအတွက် သူနောင်တ အကြီးအကျယ်ရနေ၏။
အကယ်၍ အမေ့ကို အမေလိုသာ ဆက်ဆံခဲ့ပါက အခုလို အဖြစ်ဆိုး ကြုံတွေ့ရမည်မဟုတ်ဟု သူစဉ်းစားနေ၏။
ကာမရာဂကြီးမားမှု၏ နောက်ဆက်တွဲ ဆိုးကျိုးတို့ကို သူသုံးသပ်ကြည့်နေမိ၏။
ရင်ထဲ လှိုက်ကနဲ ဖြစ်သွားကာ သည်းခြေလှုပ်သွားသည်ထိ ကြောက်ရွံ့ဖွယ်ကောင်းမှန်း သူသဘောပေါက်သွား၏။
ကာမရာဂထကြွသောင်းကျန်းမိခဲ့၍ အမေကို စော်ကားမိခဲ့၏။ အဖေကို သတ်ခဲ့မိ၏။ ဧည့်သည်ကို အဆိပ်ကျွေးသတ်ခဲ့၏။
ရဟန္တာများကို သတ်ဖြတ်ပစ်ခဲ့မိ၏။ နောက်ဆုံး သူ အရမ်းချစ်ခဲ့သည့် သူ့အမေကိုယ်တိုင်ကိုပင် သူ့လက်ဖြင့် သတ်ဖြတ်ခဲ့မိပြီ။
ကာမရောဂါ….. ဝမ်းတွင်းနာကား၊
ကုရာနတ္ထိ….. ဆေးမရှိဘူး၊
မိမိပညာ….. သတိသာလျှင်၊
မဟာဩသဓ….. ဆေးမည်စွာ့ရှင့်။
(မဃဒေဝ)
သံဝေဂဉာဏ် ထက်သန်သည့်သူဆိုလျှင် သူ့အကြောင်းဖတ်ပြီး တစ်ခါတည်း လောကီဘောင်ကို စွန့်ခွါမိမည်မှာ သေချာ၏။
ကာမဘုံသားများ၏ အပြစ်ကို မြင်မည်မှာ ကျိန်းသေ၏။ ကာမရောဂါကို ကုသနိုင်သည့်ဆေး လောက၌ မပေါ်ပေါက်သေးပေ။
သတိတည်းဟူသော ဆေးသည်သာ ကာမရောဂါကို–ကုသနိုင်ပေ၏။
မောင်နတ်ကြီးတစ်ယောက် မအိပ်နိုင် မစားနိုင် ဖြစ်နေသည်မှာ ရက်လအတန်ကြာခဲ့လေပြီ။
အသက်ရှင်နေသော်လည်း စိတ်ဆင်းရဲမှုတို့ကြောင့် ငရဲသို့ အရှင်လတ်လတ်ကျရောက်နေသကဲ့သို့ ထင်မှတ်လာ၏။
စည်ကားသိုက်မြှိုက်လှသည့် ပါဋလိပုတ်မြို့ကြီးကိုလည်း သုဿာန်တစပြင်ကဲ့သို့ မြင်လာ၏။
လူအများ သွားလာလှုပ်ရှားနေကြသည်ကိုလည်း ငရဲသားများကဲ့သို့ ခံစားမြင်ယောင်လာ၏။ ဤပုံစံဖြင့် အသက်ရှင်ရမည်ကို သူမလိုလား။
သေရတာက ပိုမြတ်မည်ဟု သူယူဆထား၏။ သူ အသက်ရှင်သန်နေရတာ ငြီးငွေ့လာချေပြီ။ ထို့ကြောင့် သူ့ကိုယ်ကိုသူ သတ်သေဖို့ ဆုံးဖြတ်လိုက်၏။–
သို့မှသာ–စိတ်ဆင်းရဲမှုက–လုံးဝလွတ်မြောက်မည်ဖြစ်၏။
သို့သော် သူ့ကံသည်ကား ဆန်းကြယ်လှပေ၏။ သူ့ကိုယ်သူ သတ်သေခါနီးဆဲဆဲ၌ အိမ်နီးချင်းထံမှ စကားတစ်ခွန်းကြားလိုက်ရ၏။
ထိုစကားသည် သူ့ကို–မသေချင်စိတ်ပြန်ပေါက်စေ၏။–မျှော်လင့်ချက်ကို–ဖြစ်စေ၏။–အားအင်ကို–ပြည့်လာစေ၏။
“ကုက္ကုဋာရာမကျောင်းမှာ ရဟန်းတော်တစ်ပါးရှိတယ်။ အဲဒီရဟန်းတော်က စိတ်ဆင်းရဲတဲ့သူကိုလည်း စိတ်ချမ်းသာအောင်ပြုလုပ်ပေးနိုင်တယ်။
အပြစ်လုပ်ထားသူကိုလဲ–ဝန်ချစေပြီး–အပြစ်ကို–ဆေးကြောပေးနိုင်တယ်”
မောင်နတ်ကြီးသည် အချိန်ကို လုံးဝဖြုန်းတီးမနေတော့။ ချက်ချင်းပင် ပါဋလိပုတ်မြို့ထဲရှိ ကုက္ကုဋာရာမကျောင်းသို့ ဒုန်းစိုင်းပြီး ပြေးလွှားသွားလေ၏။
မကောင်း ကျောင်းပို့ဆိုသည့် စကားသည် မှန်လေ၏။ လုံးဝသုံးစား၍ မရတော့သည့် မောင်နတ်ကြီးသည် ဘုန်းကြီးကျောင်းသို့ ရောက်ရှိခဲ့လေပြီ။
အရေးရောက်မှ ဘုန်းတော်ကြီးများကို သတိရ၏။ ကာမဂုဏ်ယဇ်မူးနေစဉ်တုန်းကတော့ အမင်္ဂလာဦးပြည်းရဟန်းတွေ ဟု သူရေရွတ်ခဲ့၏။
ယခုမူ သူ့အပြစ်တို့ကို ရဟန်းတော်များထံမှောက်၌ ဆေးကြောရန် အဆုံးအမခံယူရန် ဘုန်းတော်ကြီးကျောင်းသို့ သူအပြေးလာခဲ့၏။
အားကိုးမှုကို ရှာဖွေလာ၏။ မင်္ဂလာတရားတို့ကို နာကြားဖို့ ရောက်လာ၏။
********
လောက၌ လူတို့သည် ဒုက္ခရောက်မှ ဒုက္ခလွတ်မြောက်ရေးကို တမ်းတလေ့ရှိကြ၏။ ဆင်းရဲတွင်းရောက်မှ ချမ်းသာမှုကို တမ်းတကြ၏။
ကိုယ်တိုင်ဝေဒနာခံစားရမှ ဝေဒနာသည်တို့ကို ကိုယ်ချင်းစာတတ်ကြ၏။ မကောင်းမှုကို ကျူးလွန်စဉ်က ဘာတစ်ခုမှ မစဉ်းစားခဲ့ပေမဲ့
မကောင်းကျိုးပေးလာချိန်ရောက်မှ လုပ်ခဲ့မိလေခြင်းဟု နောင်တတစ်ဖန် ပူပန်တတ်ကြ၏။ စိုးရိမ်တတ်ကြ၏။ ကုက္ကုစ္စ၏ သဘောပင်တည်း။
အမှန်မှာမူ ရဟန်းတော်တို့သည် လူသားတို့ကျူးလွန်ခဲ့သည့် အပြစ်တို့ကို မဆေးကြောပေးနိုင်ပေ။ မသန့်ရှင်းပေးနိုင်ပေ။ မကယ်တင်ပေးနိုင်ပေ။
ယုတ်စွအဆုံး ဗုဒ္ဓသည်ပင် မကောင်းမှုပြုလုပ်ထားသူတို့ကို မကယ်တင်နိုင်ပေ။ ဗုဒ္ဓဝါဒသည် ကယ်တင်ရှင်ဝါဒမဟုတ်။ .
ပျောက်စေဝါဒမဟုတ်။ ဥုံဖွဝါဒမဟုတ်။ ထိုဝါဒတို့ကို ဖြောင့်ဖြောင့်ဆန့်ကျင်၏။ ထိုဝါဒတို့မှ ပြောင်းပြန်ဖြစ်၏။
ဗုဒ္ဓနှင့်သူ၏သာဝကတို့သည် လမ်းစဉ်အမှန်နှင့် လမ်းစဉ်အမှားတို့ကိုသာ ညွန်ပြပေးနိုင်၏။ တည့်မတ်ပေးနိုင်၏။
လမ်းမှန်ကို ညွန်ပြပေးတတ်သည့် လမ်းပြဂိုက်တစ်ယောက်ကဲ့သို့ပင်ဖြစ်၏။
ဥပမာအားဖြင့် အရှေ ့ တည့်တည့်သို့ သွားလျှင် ပါဋလိပုတ်နေပြည်တော်သို့ ရောက်နိုင်၏ဟုညွန်ပြအံ့။
သို့သော် ခရီးသည်သည် အနောက် တည့်တည့်သို့ လျောက်လှမ်းငြားအံ့။ ထိုသူသည် ပါဋလိပုတ်သို့ မည်သည့်အခါမှ ရောက်လိမ့်မည်မဟုတ်ပေ။
ဗုဒ္ဓလမ်းစဉ်သည်လည်း ထို့အတူပင်တည်း။ လမ်းမှန်ကို လျောက်လှမ်းရန် ညွန်ပြ၏။ လမ်းမှားသို့ မလိုက်ရန် တားမြစ်ပေး၏။
လမ်းမှန်ကို ညွန်ပြပါလျက် လမ်းမှားသို့ တစ်ကောက်ကောက်လိုက်နေသည့်–သူအား–သဗ္ဗေသတ္တာ–ကမ္မဿကာ–ဟု–သဘောထားလိုက်၏။
မောင်နတ်ကြီးသည် ဗုဒ္ဓနှင့်ဗုဒ္ဓလမ်းစဉ်ကို လုံးဝမသိ။ ရဟန်းတော်တို့အကြောင်းကို လုံးဝမသိ။ ကံ ကံ၏အကျိုးကိုလည်း လုံးဝနားမလည်ပေ။
သူနားလည်ထားသည်မှာ သူကျူးလွန်မိခဲ့သည့် အပြစ်တို့ကို ဆေးကြောရန်နှင့် သူ၏စိတ်ဆင်းရဲမှုတို့ကို သူ့နှလုံးသားထဲမှ ရှင်းလင်း ထုတ်ပစ်ရန်ပင်ဖြစ်၏။–
ထို့ကြောင့်–ဘုရားသားတော်–ရဟန်းသံဃာများရှိသည့်–ကုက္ကုဋာရာမကျောင်းသို့–အပြေးလာခဲ့ခြင်းပင်ဖြစ်၏။
ဗုဒ္ဓ၏အရိပ်သည် အေးမြလှ၏။ ဓမ္မအရိပ်သည် အေးချမ်းလှ၏။ သံဃာ့အရိပ်သည် ချမ်းမြေ့လှ၏။
ကျောင်းကန်ဘုရားပုထိုးအရိပ်သည် နှစ်သက်သာယာမှုကို ဖြစ်စေ၏။
ကျောင်းဝင်းပရဝုဏ်အတွင်း ရောက်ရှိလာသည့် မောင်နတ်ကြီးသည် ထိုအေးချမ်းမှုတို့ကို ခံစားလာရ၏။
သီလ သမာဓိ ပညာတို့ဖြင့် ခြုံလွှမ်းထားသည့် အရာမ်အတွင်းသို့ ချဉ်းနှင်းဝင်ရောက်ရသည့်အခါ ငြိမ်းအေးမှု ခံစားရသည်မှာ
သဘာဝဖြစ်စဉ်ဖြစ်၏။ ဓမ္မတာဖြစ်၏။–အပြုသဘောဖြစ်၏။
ရဟန်းတော်တို့၏ တာဝန်သည် တရားအလိုရှိသည့်သူတို့ကို တရားဓမ္မ ဟောပြရန်ပင်ဖြစ်၏။
ကမ္မဋ္ဌာန်းအားထုတ်လိုသူတို့အား နည်းစနစ်ပေးပြီး အားထုတ်စေရန်ပင်ဖြစ်၏။
လူမျိုးမရွေး ဘာသာမရွေး ဇာတ်မရွေး မိသားစုမရွေး ပုဂ္ဂိုလ်မရွေး ဟောပြောပြသပေးရမည်ဖြစ်၏။
မောင်နတ်ကြီးသည်လည်း လူထဲမှ လူတစ်ယောက်ဖြစ်၏။ သံသရာခရီးသည်ထဲမှ ခရီးသည်တစ်ယောက်ဖြစ်၏။
ကုက္ကုဋာရာမကျောင်းတိုက်၌ သီတင်းသုံးနေထိုင်တော်မူသည့် ရဟန်းတော်တစ်ပါးသည် မောင်နတ်ကြီးကို တရားဓမ္မဟောပြပေး၏။
ဒုက္ခဖြစ်ကြောင်းကို ထုတ်ဖော်ပြသပေး၏။ ဒုက္ခငြိမ်းကြောင်းလမ်းစဉ်ကိုလည်း–ရှင်းလင်းပြသပေး၏။
ဓမ္မသည် အဓမ္မမဟုတ်။ ဓမ္မသည် ဓမ္မသဘောဆောင်သည်ပင်ဖြစ်၏။
တရားအဆုံး၌ မောင်နတ်ကြီး၏ စိတ်သည် တဒင်္ဂအေးမြခြင်း သဘောသို့ ယိမ်းသွား၏။ ရောက်သွား၏။
ယောနိသောမနသိကာရဖြင့် တရားနာကြားသူတို့ ဖြစ်လေ့ဖြစ်ထရှိသည့် သဘောပင်ဖြစ်၏။
ဗုဒ္ဓ ဓမ္မ သံဃတို့၏ မေတ္တာအစွမ်းသည်–မောင်နတ်ကြီးအတွက်–အထောက်အကူဖြစ်စေ၏။–အကျိုးရှိစေ၏။–သက်ရောက်မှုရှိစေ၏။
“တပည့်တော်ကို–ရဟန်းပြုခွင့်ပြုပေးတော်မူပါဘုရား”
မောင်နတ်ကြီးသည် ထိုခဏ၌ ရဟန်းပြုခွင့်တောင်းလေ၏။ တရားအရသာကို မြည်းစမ်းကြည့်ယုံမျှဖြင့် အရသာထူးမှန်း ကောင်းကောင်းသိသွား၏။
သဘောပေါက်သွား၏။ သို့သော် တဒင်္ဂမျှသာ သိခြင်းဖြစ်၏။ သညာအနေဖြင့် သိခြင်းမျှသာ ဖြစ်၏။ ပညာသိဖြင့် သိခြင်းမဟုတ်။
မိသားစုနှင့်ရှုပ်ယှက်စွာ နေထိုင်ရာမှ တရားရိပ်သာသို့ ဆယ်ရက်စခန်းဝင်လာသူကဲ့သို့ဖြစ်၏။
ရိပ်သာ၏ အေးချမ်းမှုနှင့် အိမ်၏ လှုပ်ရှားရုန်းကန်မှု ကွာခြားသကဲ့သို့ပင်ဖြစ်၏။
ထိုရဟန်းတော်သည် မောင်နတ်ကြီး၏ နောက်ကြောင်းရာဇဝင်ကို မသိပေ။ ရာဇတ်မှုကျူးလွန်ခဲ့သည်ကိုလည်း မသိပေ။
ကံကြီးထိုက်လာသူမှန်းလည်း မသိပေ။ သိဖို့ရန်လည်း စိတ်မဝင်စားပေ။ ထိုကဲ့သို့ စပ်စုခြင်းသည် ရဟန်းတော်တို့အလုပ် မဟုတ်ပေ။
ထိုရဟန်းသိသည်မှာ မောင်နတ်ကြီးသည် မိဘမဲ့။ ဇနီးမရှိ။ သားသမီးမရှိ။ အုပ်ထိန်းသူမရှိ။ တစ်ကောင်ကြွက်။
ဤမျှလောက်သာ သိသည်။ ထိုအသိသည် မောင်နတ်ကြီးကို ရဟန်းခံပေးရန် လုံလောက်၏။
မိဘမရှိ၍ မိဘထံမှ ခွင့်တောင်းရန်မလို။ ဇနီးမယားမရှိ၍ ဇနီးမယားထံမှလည်း ခွင့်တောင်းနေဖို့မလိုပေ။
********
အပိုင်း (၇) ဆက်ရန်
မောင်နတ်ကြီး
(၇)
လောက၌ လောကနီတိနှင့် လောကကျင့်ဝတ်တို့ရှိသကဲ့သို့၊ အဖွဲ့အစည်းတစ်ခု၌ အဖွဲ့အစည်းဥပဒေရှိသကဲ့သို့
သာသနာ့ဘောင်၌လည်း သာသနာ့နီတိရှိ၏။ သာသနာ့ဥပဒေရှိ၏။ သာသနာ့စည်းကမ်းရှိ၏။
သာသနာ့အဖွဲ့အစည်းသည် ပရမ်းပတာအဖွဲ့အစည်းမျိုးမဟုတ်။ ကျစ်လစ်စွာ ဖွဲ့စည်းထား၏။ ခိုင်မာစွာ စုရုံးထား၏။ ကျနစွာ တည်ဆောက်ထား၏။
အလုပ်ရုံတစ်ခု၌ အလုပ်သမားမခန့်မီ အင်တာဗျူးလုပ်လေ့ရှိပြီး သတ်မှတ်ပညာ အရည်အချင်း မပြည့်မီသူတို့အား
အလုပ်မခန့်သကဲ့သို့ သာသနာ့ဘောင်သို့ ဝင်ရောက်ချင်သူတို့အားလည်း ရဟန်းပရိသတ်အလည်၌ အင်တာဗျူး ပြုလုပ်လေ့ရှိ၏။
မေးမြန်း၏။ စစ်ဆေး၏။ အရည်အချင်းပြည့်မီမှ သာသနာ့ဘောင်သို့ ဝင်ရောက်ခွင့်ပြု၏။
အမှန်မှာမူ မောင်နတ်ကြီးသည် လုံးဝ အရည်အချင်းမမီပေ။ စံမမီပေ။ ပြည့်စုံမှုမရှိပေ။
စာမေးပွဲစကားဖြင့်ပြောရပါမူ စာမကျက်ဘဲ၊ စာမရဘဲ စာမေးပွဲဖြေသကဲ့သို့ ဖြစ်၏။ မည်သို့ စာမေးပွဲအောင်လိမ့်မည်နည်း။
မောင်နတ်ကြီးသည် အဖကိုသတ်ခဲ့၏။ အမိကို သတ်ခဲ့၏။ ရဟန္တာအရှင်မြတ်များကို သတ်ခဲ့၏။ ထို့ကြောင့် သူသည် ကံကြီးထိုက်နေသူဖြစ်၏။
ကံကြီးထိုက်သူတို့အား သာသနာ့ဘောင်သို့ ဝင်ရောက်ခြင်း လုံးဝခွင့်မပြုပေ။
ကံကြီး(အနန္တရိယ)သည် ငါးမျိုးရှိ၏။ ထို့ကြောင့် ပဉ္စာနန္တရိယ (ပဉ္စ= ၅။ အနန္တရိယ= ကံကြီး) ကံဟု အမည်ရ၏။ ထိုငါးမျိုးတို့မှာ—-
၁။ မာတုဃာတကကံ= အမိကို သတ်ဖြတ်သည့်ကံ
၂။ ပိတုဃာတကကံ= အဖကို သတ်ဖြတ်သည့်ကံ
၃။ အရဟန္တဃာတကကံ= ရဟန္တာကို သတ်ဖြတ်သည့် ကံ
၄။ လောဟိတုပ္ပါဒကကံ= ဘုရားရှင်ကို သွေးစိမ်းတည်စေသည့်ကံ
၅။ သံဃဘေဒကကံ= ညီညွတ်နေသည့် သံဃာတော်တို့အား ကွဲပြားအောင် ပြုလုပ်သည့်ကံတို့ပင်တည်း။
ထိုကံကြီးငါးပါးထဲက တစ်ပါးပါးကို ကျူးလွန်ထားသောသူသည် မည်သည့်နည်းနှင့်မျှ ရဟန်းအဖြစ်ကို မရရှိနိုင်ပေ။
ထိုငါးပါးမှတစ်ပါး အခြားသော ရဟန်းအဖြစ်ကို တားမြစ်တတ်သည့် အခြေအနေများလည်း များစွာ ရှိသေး၏။
ဥပမာ။ အသက်နှစ်ဆယ် မပြည့်သေးသူ၊ မွေးရာပါ ကိုယ်လက်အင်္ဂါချို ့ယွင်းလာသူ စသည့် သူတို့ပင်တည်း။
အကယ်၍ ထိုသူတို့အား ရဟန်းခံမှုကို ပြုလုပ်ပေးငြားအံ့။ ရဟန်းလောင်းသည်လည်း ရဟန်းမဖြစ်၊–
ရဟန်းခံပေးသည့်–ရဟန်းတော်များမှာလည်း–အပြစ်ရလေ၏။
မောင်နတ်ကြီးသည် ကံကြီးငါးပါးထဲမှ ပထမသုံးပါးကို ကျူးလွန်ထားခဲ့ပြီး ဖြစ်၏။
သို့သော် သူသည် ရဟန်းပရိသတ်ရှေ ့၌ ပြုလုပ်သည့် အင်တာဗျူးကို ဖြီးဖြန်းဖြေဆိုခဲ့၏။
အဖြစ်မှန်ကို မှန်ကန်စွာ မဖြေဆိုခဲ့ပေ။ လိမ်ညာဖြေဆိုခဲ့၏။ ရဟန်းတော်တို့သည် သူ၏ သရုပ်မှန်ကို မသိရှိကြပေ။
ထို့ကြောင့် ရဟန်းခံပေးလိုက်ကြ၏။ စာမေးပွဲစကားဖြင့် ဆိုရပါမူ သူသည် စာမေးပွဲကို ခိုးဖြေ၍ အောင်၏။
ပိုက်ဆံပေး၍ အောင်၏။ အောင်လက်မှတ်ကို ဝယ်ယူ၍–အောင်မြင်၏။–
အမှန်မှာ–သူသည်–စာမေးပွဲတကယ်အောင်သူမဟုတ်ပေ။–အတုအယောင်–အောင်မြင်ခြင်းသာ–ဖြစ်၏။
ထိုနည်းအတူပင် မောင်နတ်ကြီးသည် ရဟန်းဘဝကို ခိုးပြီး ရယူလိုက်၏။ လိမ်လည်၍ ရယူလိုက်၏။ သင်္ကန်းဝတ်ပြီး ရယူထားလိုက်၏။
အမှန်မှာ သူသည် ရဟန်းအစစ်မဟုတ်ပေ။ ရဟန်းအတုသာတည်း။ သင်္ကန်းဝတ်ထားသည့် ရဟန်းတုမျှသာတည်း။
သူသည် ရဟန်းအသွင် ခိုးယူလိုက်၏။ ရဟန်း၏ ဝါစဉ်အရေအတွက်တို့ကိုလည်း ခိုးယူ၏။
ထိုသည်ကို ဘာသာရေးစကားဖြင့်ပြောရပါမူ လိင်ခိုး ထေရ်ခိုး ဟုခေါ်၏။ အပြစ်ကြီးလေစွ။
“ဒီနေ့ကစပြီး မောင်နတ်ကြီး အမည်ပျောက်၍ မဟာဒေဝ ဟု အမည်တွင်စေ”
မောင်နတ်ကြီးကို ရဟန်းတော်တစ်ပါးမှ ဘွဲ့နာမည်ပေးလိုက်ခြင်းဖြစ်၏။ သာသနာ့ဘောင်သို့ ဝင်ရောက်လာသူတို့အား
မူလလူဝတ်ကြောင် အမည်ကို ပယ်ဖျက်ပြီး သာမဏေ (သို့) ရဟန်း အမည်ကို ပါဠိအမည်ဖြင့် မှည့်လေ့ရှိ၏။
မောင်နတ်ကြီးသည် မောင်နတ်ကြီးအမည်မှ မဟာဒေဝ အမည်သို့ ချက်ချင်းပြောင်းသွား၏။
ခင်ဗျား.. ကျနော်.. မင်း….. ငါ .. စသည့် လူ့အသုံးအနှုန်းများမှ အရှင်ဘုရား… တပည့်တော်.. စသည့် သာသနာ့အသုံးအနှုန်းများသို့ ပြောင်းသွား၏။
သာသနာ့ဘောင်နှင့်လူ့ဘောင်တို့ကား အခြေခံမှစ၍ ဤကဲ့သို့ ကွာခြား၏။ သီးသန့်ဖြစ်၏။ တစ်ကန့်စီဖြစ်၏။
အဓိကကျသည့်အစိတ်အပိုင်းတို့ကိုမူ ရှင်းပြဖွယ်လိုအံ့မထင်တော့ပေ။ လွန်စွာမှ ကွဲပြားခြားနားမည်မှာ သေချာလှပေတော့၏။
မောင်နတ်ကြီး (သို့မဟုတ်) မဟာဒေဝသည် သင်္ကန်းဝတ်ဖြင့် နေထိုင်ရသည်ကို နှစ်သက်၏။ ပျော်ရွှင်၏။
ကျေနပ်၏။ အေးချမ်း၏။ ဆိတ်ငြိမ်၏။ စိတ်ငြိမ်၏။ ကျောင်းစည်းကမ်းကို လိုက်နာ၏။ စာကြိုးစား၏။ ကမ္မဋ္ဌာန်းပွါးများ၏။
လူဝတ်ကြောင်ဖြင့် နေစဉ်က အသိဉာဏ်မဲ့ခဲ့သလောက် သင်္ကန်းဝတ်ဖြင့်မူ ဉာဏ်ထက်၏။ ဉာဏ်သွက်၏။ အာဂမယုတ္တိ သဘာဝယုတ္တိတို့ကို ပိုင်နိုင်၏။
ကျွမ်းကျင်လာ၏။ ထက်မြက်လာ၏။ နေ့စဉ်ပုံမှန် ဓါးသွေးကျောက်ပေါ်တင်၍ အသွေးခံရသည့် ဓါးကဲ့သို့ပင်တည်း။
(ဤနေရာမှစ၍ မောင်နတ်ကြီးအစား မဟာဒေဝဟု သုံးစွဲသွားမည်။ ။ စကားချပ်)
မဟာဒေဝသည် လူဝတ်ကြောင်ဘဝက ကျူးလွန်ခဲ့သည့် အပြစ်အားလုံးတို့ကို ပိဋကတ်စာပေတို့ဖြင့် ဆေးကြောပစ်မည်ဟု ဆုံးဖြတ်ထား၏။
စိတ်ဆင်းရဲမှုတို့ကို သမထဘာဝနာဖြင့် သုတ်သင်ပစ်မည်ဟု အားခဲထား၏။
သူရရှိထားသည့် ရောဂါသည် Incurable disease (ကုသ၍ မရနိုင်သည့်) ရောဂါဖြစ်သည်ကို သူမသိပေ။
သူလက်မခံပေ။ အနာသိ ဆေးရှိရမည်ဟု ယူဆထား၏။ သူသည် နေ့နေ့ညည ပိဋကတ်စာပေတို့ကို သင်အံလေ့လာ၏။
ပွါးများသရဇ္ဈာယ်၏။ ကြိမ်ဖန်များစွာ လုံ့လပြု၏။ ထို့ကြောင့် သူသည် နှစ်အနည်းငယ်အတွင်း၌ပင်
ပိဋကတ်သုံးပုံကို ထုံးလိုချေ ရေလိုနှောက် ကျွမ်းကျင်စွာ တတ်မြောက်သွားလေ၏။
လူမိုက်တို့မည်သည် အခွင့်ရေးကို ရသလောက် အသုံးချလေ့ရှိ၏။ အခွင့်အရေး အနည်းငယ်မျှ ပေးမိလျှင် ထပ်ပြီးတောင်းဆို၏။
ထပ်ပေးလျှင် ထပ်ပြီးတောင်းဆိုတတ်ပြန်၏။ လိုအင်ပြည့်သည်ဟူ၍မရှိပေ။
တိုင်းပြည်ကြီးတစ်ခုလုံး လက်ထဲထည့်ပေးလျှင်ပင် အခြားတိုင်းပြည်တို့ကို လိုချင်ပြန်တတ်၏။-
-လောဘမီး၏–လောင်ကျွမ်းကူးစက်မှုသဘောပင်တည်း။–ရလေ–လိုလေ–အိုတစ္ဆေပင်တည်း။
မဟာဒေဝသည် ပိဋကတ်သုံးပုံလုံးကို လေ့လာသိရှိ ကျွမ်းကျင်လာသောအခါ စိတ်ရိုင်းတွေ ပြန်ဝင်လာ၏။
စီနီယာရဟန်းတွေလက်အောက် နေထိုင်ရသည်ကို မကျေမနပ်ဖြစ်လာ၏။ သံဃာထုအပေါ် လွှမ်းမိုးချင်စိတ်ပေါက်လာ၏။
ထင်ရှားသည့် သံဃာ့ခေါင်းဆောင်တစ်ယောက် ဖြစ်ချင်လာ၏။ လူမိုက်တို့ ဖြစ်လေ့ဖြစ်ထရှိသည့် သဘောပင်ဖြစ်၏။
လုပ်ချင်သည်ကို လုပ်ရမှ ကျေနပ်သည့် သူ၏ဗီဇ ပေါ်လာပြန်၏။
ထို့ကြောင့်–ရဟန်းငယ်များထံ–သွားရောက်ပြီး–စည်းရုံးရေးဆင်း၏။–ဆွယ်တရားဟော၏။–အနာဂါတ်လမ်းစဉ်ကို–ချပြ၏။
ငယ်ဖြူရဟန်းတို့သည် လောကအတွေ့အကြုံကို မသိကြ။ လောက၏ မာယာကို နားမလည်ကြ။
စာပေနှင့်သာ ထိတွေ့နေရသည့်အတွက် ပြင်ပအတွေ့အကြုံမရှိ။ ထိုသည်ကို မဟာဒေဝ အပြည့်အဝအသုံးချ၏။
ငယ်ရွယ်သည့်ရဟန်းသာမဏေတို့ကို ငယ်ရွယ်သည့်အလျောက် အသက်ကြီးသည့် ရဟန်းတော်တို့ကို အသက်ကြီးသည့်အလျောက် ကျကျနနချဉ်းကပ်၏။
လောကဥပမာတို့ဖြင့် အာဝဇ္ဇန်းကောင်းကောင်း ဟောပြော၏။–ရဟန်းအများစုသည်–သူ၏–အပြောနောက်–မျောပါသွားကြလေ၏။
********
အပိုင်း (၈) ဆက်ရန်
မောင်နတ်ကြီး
(၈)
မဟာဒေဝသည် ထိုကဲ့သို့ အချိန်တိုအတွင်း သံဃာ့ပရိသတ်ကို စည်းရုံးရ၍ ရပြီးသော်လည်း တင်းတိမ်ရောင့်ရဲမှု မရှိသေးပေ။
မင်း မှူးမတ် ပရိသတ်တို့၏ အကြည်ညိုကိုလည်း ခံယူလိုပြန်၏။ မင်းကိုးကွယ်သည့် ဘုန်းကြီးဖြစ်ချင်၏။
ထို့ကြောင့် မင်း၏နန်းတွင်းသို့ တစ်ဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်ပြီး စည်ရုံးရေးတရားဟော၏။
ခြောက်သင့်သူကို ခြောက်လှန့်ပြီး မြှောက်သင့်သူကို မြှောက်ကာ မင်းအလိုလိုက် မင်းကြိုက်ကိုဆောင်၏။–ကပ်ဖားရပ်ဖားလုပ်၏။
သူသည် အဟောကောင်း၏။ အပြောကောင်း၏။ ဥပဓိရုပ်ရည်ရှိ၏။ ကျမ်းဂန်တတ်မြောက်၏။
သူ၏ လုပ်ဆောင်မှု၌ ယုံကြည်ချက် အပြည့်အဝရှိ၏။
ထို့ကြောင့် အချိန်အနည်းငယ်အတွင်း မင်းကိုးကွယ်ဆည်းကပ်သည့် ရဟန်းတစ်ပါးဖြစ်လာ၏။
မဟာဒေဝ၏ ကျော်စောသတင်းတို့သည် နန်းတော်တွင်း၌–နေရာယူထားကြလေပြီဖြစ်၏။
ငယ်ဖြူရဟန်းသာမဏေများနှင့်ယှဉ်ကြည့်လျှင် အသက်ကြီးမှ သာသနာ့ဘောင်သို့ တက်လာသည့် ရဟန်းတော်များသည်
အပြောအဟော၌ ကျွမ်းကျင်ကြ၏။ ပရိယာယ်ကြွယ်ဝ၏။ လူတို့၏ အကြိုက်ကို သိ၏။
လောကရေးရာ၌ ကျွမ်းကျင်ကြ၏။ ဓမ္မရေးရာ၌လည်း တီးမိခေါက်မိအောင် လှန်လှောကြည့်ထားတတ်ကြ၏။–
အာဘောင်အာရင်းနှင့်ဟောပြောတတ်ကြ၏။–ဖော်ဖော်ရွှေရွှေနေတတ်ကြ၏။
ငယ်ဖြူရဟန်းများမှာမူ ဓမ္မရေးရာ၌သာ ကျွမ်းကျင်ကြပြီး မာယာများလှသည့် လောကရေးရာကို မကျွမ်းကျင်ကြချေ။
စကားကိုလည်း အာဘောင်အာရင်းနဲ့ မပြောတတ်ကြပေ။ ထိန်းထိန်းသိမ်းသိမ်း ပြောကြလေ့ရှိ၏။
ထို့ကြောင့် အသက်ကြီးမှ သင်္ကန်းဝတ်လာကြသည့် ရဟန်းကြီးတို့သည် ငယ်ဖြူရဟန်းများကို ကျော်တက်ပြီး
နာမည်ရလာတတ်ကြ၏။ နေရာယူလာတတ်ကြ၏။ လွှမ်းမိုးလာတတ်ကြ၏။
လူတို့သည် ရဟန်းတော်များအား ဥပဓိရုပ်ကြောင့်လည်း ကြည်ညိုကြ၏။ အသံကြောင့်လည်း ကြည်ညိုကြ၏။
အပြောအဟော ကောင်းသောကြောင့်လည်း ကြည်ညိုတတ်ကြ၏။ ကျော်စောသတင်းကြောင့်လည်း ကြည်ညိုကြ၏။
ကျင့်ကြံမှုကြောင့်လည်း ကြည်ညိုတတ်ကြ၏။ ပိဋကတ်ကျမ်းဂန်၌ နှံ့စပ်တတ်ကျွမ်းမှုကြောင့်လည်း ကြည်ညိုကြ၏။
များသောအားဖြင့် အပေါ်ယံဖြစ်သည့် ဥပဓိရုပ်၊ အသံဩဇာ၊ အသံကောင်းခြင်းနှင့် ကျော်စောသတင်းတို့ကြောင့်သာ
လူတို့သည် ရဟန်းတော်များအား ကြည်ညိုတတ်ကြလေကုန်၏။
သာသနာ ဆုတ်ယုတ်ခြင်း၏–အကြောင်းပင်တည်း။
ရိုင်းရိုင်းပြောရပါမူ အသိဉာဏ်မဲ့သည့် လူတို့သည် အလိမ်ခံဖို့ စောင့်နေကြ၏။ လိမ်ညာမည့်သူကို စောင့်မျှော်နေကြ၏။
ယုတ္တိရှိရှိလိမ်ညာနေသူအား အလိမ်ခံချင်သူတွေ တန်းစီပြီးနေရာယူထားကြ၏။
မီးရထားလက်မှတ်ဝယ်ဖို့ ကြိုတင်တန်းစီပြီး စောင့်နေရသကဲ့သို့ ဖြစ်၏။
တစ်ဘက်သားအပေါ် အရမ်းအားကိုးခြင်းသည်လည်း အလိမ်ခံရခြင်း၏ ပင်မအကြောင်းရင်းပင်ဖြစ်၏။
ထို့ကြောင့်လည်း ဘိုးတော်၊ နတ်ကတော်၊ ဗေဒင်ဆရာ၊ ရဟန်းတုတို့အတွက် စားပေါက်ချောင်သွားကြ၏။
လူပြောများနေသည့် စကားစုလေး တစ်ခုရှိ၏။
“လိမ်တတ်ဖို့သာ ပြင်ထားပါ။ အလိမ်ခံချင်တဲ့သူတွေ–အများကြီး–တန်းစီပြီးစောင့်နေကြတယ်”–ဟူ၏။
မဟာဒေဝသည် ထိုအခွင့်အရေးအား အပြည့်အဝ အသုံးချလိုက်၏။
သူသည် ဥပဓိရုပ်ကောင်း၏။ အသံဩဇာကောင်း၏။ အဟောအပြောကောင်း၏။
ရဟန်းပရိသတ် လူပရိသတ်၌ နာမည်သတင်း ထင်ရှား ကျော်ကြားလာ၏။ မင်းပရိသတ်၌လည်း ကျော်ဇောသတင်း ရလာ၏။
သူ့အဖို့ ကလိန်စေ့ငြမ်းဆင်ဖို့ အချိန်ရောက်လာပြီဖြစ်၏။ လိမ်လည်လှည့်ဖျားဖို့ အချိန်ကျရောက်ပြီဖြစ်၏။
မဟုတ်မမှန်အဆိုတင်သွင်းဖို့ အချိန်ကို ရရှိလာပြီဖြစ်၏။ သူသည် နေရာကောင်းကောင်းတစ်ခုရဖို့အတွက်
လူပရိသတ်ကိုလည်း လိမ်ညာပြောဖို့ ဝန်မလေး။ ရဟန်းပရိသတ်တို့ကို လိမ်ညာလှည့်ဖျားဖို့လည်း လက်မတွန့်။
မင်းပရိသတ်တို့အား မမှန်တရား ဟောကြားဖို့လည်း လက်နှေးနေမည့် သူမဟုတ်ပေ။
မဟာဒေဝသည် ဗုဒ္ဓကျမ်းဂန်ပိဋကတ်တော် အတွင်းသို့ သူ၏ အယူဝါဒများကို သွတ်သွင်းလေ၏။
ကိုယ်ပိုင်သုတ္တန်တရားတို့ကို ရေးသားစီရင်၏။ ဆင်တူယိုးမှား အတွေးအခေါ်များ ထည့်သွင်းကာ
သူ၏ဝါဒသည် ဘုရားဟောအစစ်အမှန်များသာ ဖြစ်သည်ဟု ကြေငြာ၏။ လူတို့အား အယုံသွင်း၏။
ရဟန်းသာမဏေတို့အား လှည့်ပတ်ယုံကြည်စေ၏။ လူပုဂ္ဂိုလ်အများစုနှင့် ပုထုဇဉ်ရဟန်းသာမဏေအများစုတို့သည်
သူ၏ ထောင်ချောက်သွင်းသို့ ကျဆင်းကြလေ၏။–သူ့အပေါ်–ယုံကြည်ကိုးကွယ်ကြ၏။
အသစ်တွေ ဘယ်လောက်ကောင်းကောင်း အဟောင်းကိုတော့ တစ်လည်လည် ဟု ဆိုရိုးစကားရှိသည့်တိုင်
လူအများစုတို့သည် အဟောင်း အဟောင်းတို့ကို မေ့ပစ်တတ်ကြ၏။ အသစ် အသစ်တို့ကို နှစ်သက်တတ်ကြ၏။
မဟာဒေဝသည် လူအများစုတို့၏ စိတ်ဓါတ်ပိုင်းဆိုင်ရာကို မှန်းဆတတ်၏။ နားလည်၏။ သိ၏။
ထို့ကြောင့် ဘုရားဟောနှင့်ဆန့်ကျင်ဘက်ဖြစ်သည့် အချက်ငါးချက်ကို တီထွင်လိုက်၏။
ရဟန္တာပုဂ္ဂိုလ်တို့နှင့်သာဆိုင်သည့် အချက်အလက်တို့ပင်ဖြစ်၏။ တီထွင်ပြီး ဘုရားဟောအဖြစ် လူတို့အားကြေငြာ၏။
ရဟန်းတို့ကို သိစေ၏။ မင်း မှူးမတ်တို့ထံ စာလွှာပါး၏။
ထို့နောက် ထိုအချက်ငါးချက်တို့ကို ဘုရားဟော ပိဋကတ်တော်ထဲသို့ ထည့်သွင်းပေဖို့ သံဃာထုကို တောင်းဆိုလိုက်၏။
ထိုအချက်ငါးချက်တို့မှာ—
၁။ ရဟန္တာများအား ဖျားယောင်းသွေးဆောင်၍ ဖျက်ဆီးက ပျက်စီးနိုင်သည်။
၂။ ရဟန္တာတို့သည် အရာရာတိုင်းကို မသိနိုင်။ မောဟကိလေသာရှိသေးသည်။
၃။ ရဟန္တာတို့သည် ဝိစိကိစ္ဆာ(ယုံးမှားသံသယ) ရှိသေးသည်။
၄။ ရဟန္တာတို့သည် အခြားသူများထံမှ ညွန်ကြားချက်ကို ခံယူသင့်သေးသည်။
၅။ ရဟန္တာများ နိဗ္ဗာန်ဝင်စံသည့်အခါ အော်… ဒုက္ခပါလားနော်… ဟု ရေရွတ်တတ်ကြသည်
။
ထို့ကြောင့် ရဟန္တာများသည် ဒုက္ခဝေဒနာကို ကျော်လွန်နိုင်ခြင်းမရှိ။
ဟူ၍တည်း။ (ဝါဒကွဲများစွာရှိ၏။ ။ စကားချပ်)
မဟာဒေဝအဆိုတင်သွင်းသည့် ထိုငါးချက်တို့ကို ကြည့်ရှုပြီး ရဟန္တာအရှင်မြတ်များ သံဝေဂပွါးများကြ၏။
အချို ့သံဃာများ သာသနာအတွက် စိုးရိမ်ကြ၏။ အချို ့ဒါယကာများ ရင်ထုမနာဖြစ်ကြရ၏။
သို့သော် ထိုအချက် ငါးချက်ကို ရဟန်းသာမဏေ အများစု လက်ခံကြ၏။ လူအများစု ယုံကြည်ကြ၏။
အဆိုးဆုံးမှာ တိုင်းပြည်အုပ်ချုပ်သည့် မင်း မှူးမတ်တို့ပါ ထိုငါးချက်ကို လုံးဝ လက်ခံလိုက်ကြခြင်းပင်ဖြစ်၏။
ခေါင်မိုးကမှ မိုးမလုံရင် အိမ်လုံးပြည့်–မိုးစိုစွတ်ရုံသာ–ရှိချေတော့၏။
ဗုဒ္ဓ၏ လမ်းစဉ်ကို အကန်းယုံကြည်၍ မရပေ။ အကန်းယုံရင် အကုန်ရမ်းချေတော့မည်။
အကန်းယုံကြည်ရုံမျှဖြင့် ဝဋ်ဆင်းရဲမှ မလွတ်မြောက်နိုင်။ အကျွတ်တရားရှာဖွေသူတို့အတွက် လိုအပ်သည့် အင်အားငါးခုရှိ၏။
ခေါင်းဆောင်ငါးဦးဟုလည်း ခေါ်၏။ ဗိုလ်ငါးပါးဟုလည်း နာမည်တွင်၏။ ထိုငါးပါးတို့မှာ—
၁။ သဒ္ဓါ= ကံကံ၏ အကျိုးကို ယုံကြည်မှု
၂။ ဝီရိယ= မှန်ကန်စွာ ကြိုးစားအားထုတ်မှု
၃။ သတိ= တစ်စိုက်မတ်မတ် ရှုမှတ်မှု
၄။ သမာဓိ= တည်ကြည်မှု
၅။ ပညာ= စူးစမ်းဆင်ခြင်မှုတို့ပင်ဖြစ်၏။
ထိုငါးမျိုးတို့တွင်–
သဒ္ဓါနှင့်ပညာညီမျှရမည်ဖြစ်၏။
ဝီရိယနှင့်သမာဓိ ညီမျှရမည်ဖြစ်၏။
သတိသည် ချိန်ခွင်လျာကဲ့သို့ အထက်က စုံတွဲတို့ကို ညှိပေးရမည်ဖြစ်၏။
သဒ္ဓါလွန်လျင် ဆွံ့တတ်၏။
ပညာလွန်လျင် ကွန့်တတ်၏။
ဝီရိယလွန်လျင် တွန့်တတ်၏။
သမာဓိလွန်လျင် ပျံ ့တတ်၏။
သတိသည်သာလျှင် ပိုလွန်သည်မရှိ၊ လိုသည်သာရှိ၏။
မဟာဒေဝသည် ပညာလွန်နေလေပြီ။ သဒ္ဓါအားနည်းနေလေပြီ။ သူ၏ မာန်မာနကို သတိချွန်းဖြင့် ဖမ်းအုပ်၍ မရတော့။
ထို့ကြောင့် သူသည် ထင်ရာကို ကွန့်လေပြီတည်း။ ဇာတိမာန် ပုညမာန် ဂုဏမာန် ဗလမာန် ဣဒ္ဓိမာန် ပညာမာန်တို့တွင်
ပညာမာန်သည် ကြောက်စရာ အကောင်းဆုံးဖြစ်၏။
သူသည် ကံကြီးမထိုက်ခဲ့ပါမူ ဈာန်မဂ်ဖိုလ် ရနိုင်လောက်သည့် အခြေအနေတွင်ရှိ၏။ ယခုမူ သူသည် ကံကြီးသုံးခုကို ကျူးလွန်ခဲ့၏။
ထို့ကြောင့် သူ၏ ဈာန် မဂ်ဖိုလ်တို့ကို ထိုလွန်ကျူးမှုတို့က တားဆီးပိတ်ပင်ထား၏။
သူသည် ဤဘဝ၌ ဈာန်မဂ်ဖိုလ် လုံးဝ မရနိုင်တော့ပြီ။
********
အပိုင်း (၉) ဆက်ရန်
မောင်နတ်ကြီး
(၉)
စစ်ဘေး လက်နက်ဘေးကျရောက်ခြင်းသည် ကြောက်စရာကောင်း၏။ အဆိပ်သင့်ခြင်းသည် ကြောက်စရာကောင်း၏။
လူမျိုးရေးကြောင့် အချင်းချင်းသတ်ဖြတ်ကြခြင်းသည် ကြောက်စရာကောင်း၏။
အငတ်ဘေးကျရောက်ခြင်းသည် ကြောက်စရာကောင်း၏။ ရောဂါဘေး ကျရောက်ခြင်းသည် ကြောက်စရာကောင်း၏။
ထိုမှတစ်ပါး ကမ္ဘာကြီးပျက်စီးသွားခြင်းသည်လည်း ကြောက်စရာကောင်းလှပေ၏။
သို့သော် ဘာသာရေးဘေး–ကျရောက်ခြင်းသည်သာ–ကြောက်စရာအကောင်းဆုံးဖြစ်ချေတော့၏။
ပဋိပက္ခထဲတွင် ဘာသာရေးပဋိပက္ခသည် ကြောက်စရာအကောင်းဆုံးဖြစ်၏။
ပြဿနာထဲတွင် ဘာသာရေးပြဿနာသည် ထိတ်လန့်ဖွယ်အကောင်းဆုံးဖြစ်၏။
အဓိကရုဏ်းထဲတွင် ဘာသာရေးအဓိကရုဏ်းသည် ကြောက်လန့်ဖွယ်အကောင်းဆုံးဖြစ်၏။
ဆူပူမှုထဲတွင် ဘာသာရေးဆူပူမှုသည် ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်၏။
လက်နက်ဘေး စစ်ဘေးဒဏ်စသည့် ဘေးဆိုးတို့ကြောင့် မိသားစု တစ်ကွဲတစ်ပြားစီ ဖြစ်သွားနိုင်၏။
ကိုယ်လက်အင်္ဂါချို ့တဲ့ကောင်း ချို ့တဲ့နိုင်၏။ အသက်သေကောင်းသေနိုင်၏။သို့သော် တစ်ဘဝမျှသာဖြစ်၏။
ဘာသာရေးမှိုင်းမိပြီး အယူမှားသွားလျင်မူ သံသရာအဆက်ဆက် အပါယ်ငရဲ၌ ဆင်းရဲဒုက္ခခံစားရတော့မည်ဖြစ်၏။
လွတ်လမ်း ကျွတ်လမ်း မမြင်နိုင်တော့ပြီတည်း။
မဟာဒေဝတင်သွင်းသည့် အချက်ငါးချက်တို့ကို အချို ့သံဃာတော်များ ကန့်ကွက်ကြ၏။ ရှုံ ့ချကြ၏။ ပစ်တင်ကြ၏။ ဝေဖန်ကြ၏။
အချို ့ သံဃာတော်များက ထောက်ခံကြ၏။ အားပေးကြ၏။ ချီးမွမ်းကြ၏။ ထောပနာပြုကြ၏။
ဗုဒ္ဓကိုယ်တိုင် ကျစ်လစ်ခိုင်မာစွာ ဖွဲ့စည်းထားခဲ့သည့် သံဃာ့အဖွဲ့အစည်းကြီးသည် အက်ကြောင်းထင်လာ၏။
ကွဲအက်စပြုလာ၏။ ဗုဒ္ဓပရိနိဗ္ဗာန်စံသွားသည်မှာ ရာစုနှစ်တစ်ခု ကျော်ရုံမျှသာရှိသေး၏။
ဗုဒ္ဓ၏ညွန်ကြားချက်တို့ကို–ဖီလာကန့်လန့်ပြုမည့်သူ–ပေါ်လာချေပြီ။–ဝမ်းနည်းကြေကွဲဖွယ်ကောင်းလေစွ။
အယူဝါဒကွဲပြားကြသည့် ဝိဝါဒါဓိကရုဏ်းသည် သံဃာ့အုပ်စုကြီးတွင်း အရှိန်အဟုန်ဖြင့် ရောက်လာ၏။
သံဃာ့ဆူပူမှုတို့ တစ်နေ့ထက်တစ်နေ့ ပြင်းထန်လာ၏။ ထို သံဃာ့အဓိကရုဏ်းသည်
မဟာဒေဝကို ထောက်ခံသည့်သံဃာနှင့်ကန့်ကွက်သည့် သံဃာတို့၏ အဓိကရုဏ်းပင်ဖြစ်၏။
မဟာဒေဝကို ထောက်ခံသည့်သံဃာတော်တို့သည်လည်း သူတို့အင်အားကြီးမားရေးအတွက် လှုပ်ရှားစည်းရုံးကြ၏။
မဟာဒေဝအား ကန့်ကွက်သည့် သံဃာတော်တို့သည်လည်း–
မူလဗုဒ္ဓလမ်းစဉ်ကို–ကာကွယ်စောင့်ရှောက်ရေးအတွက်–သံဃာထုအား–စည်းရုံးကြ၏။
ထိုသံဃာ့အဓိကရုဏ်းအကြောင်းကို မင်းကြီးသိသွား၏။ ထိုကိစ္စသည် သူပါဝင်မှ ပြီးပြတ်မည်ဟုလည်း နားလည်၏။
ထိုဆူပူမှုအား လက်ပိုက်ကြည့်နှေလျှင် တိုင်းပြည်တစ်ခုလုံး ဆူပူမှု ဖြစ်လာနိုင်သည်ဟုလည်း စိုးရိမ်နေ၏။
သို့သော် သူကိုးကွယ်ဆည်းကပ်သည့် မဟာဒေဝကိုတော့ သံဃာ့ခေါင်းဆောင် မင်းဆရာအဖြစ် မြင်တွေ့ချင်နေ၏။
ထို့ကြောင့် မဟာဒေဝအား နန်းတော်သို့ ပင့်ဆောင်ကာ သံဃာ့အဓိကရုဏ်းကိစ္စကို–တံခါးပိတ်ဆွေးနွေးလေတော့၏။
“အရှင်ဘုရား…–ဒီကိစ္စအတွက်–တပည့်တော်–ရွေးကောက်ပွဲကျင်းပပေးမယ်ဘုရား”
“မင်းကြီး..–ဘယ်လိုရွေးကောက်ပွဲလဲ”
“ဒီလိုလုပ်ဘုရား… ပါဋလိပုတ်အပိုင်ဒေသမှာရှိတဲ့ ရဟန်းသံဃာတော်အားလုံး လာမဲ့လ လပြည့်နေ့မှာ
ကုက္ကုဋာရာမကျောင်းတိုက်ကို ကြွရောက်ကြဖို့–ညီလာခံခေါ်ပေါ့ဘုရား”
“ထပ်ရှင်းပြပါဦး..–မင်းကြီး”
“သံဃာတော်အားလုံးကို ပင့်ခေါ်ပြီး အရှင်ဘုရားရဲ ့ အယူဝါဒကို ကြိုက်တဲ့ရဟန်းသံဃာနှင်
့မကြိုက်တဲ့ ရဟန်းသံဃာကို မဲပေးခိုင်းမယ်ဘုရား။ မဲအများဆုံးရတဲ့–သံဃာဘက်က–အနိုင်ပေါ့ဘုရား။–
နိုင်တဲ့ဝါဒကို–နိုင်ငံတော်ဘာသာအယူဝါဒအဖြစ်–သတ်မှတ်ပေးမယ်ဘုရား”
“ကောင်းပါပြီ–မင်းကြီး။–စီစဉ်လိုက်ပါ့မယ်”
မင်းကြီးသည် မဟာဒေဝဘက်မှ အနိုင်ရမည်မှန်း ကျိန်းသေတွက်ထား၏။
မဟာဒေဝဘက်မှ အင်အားပိုကြီးမားကြောင်း သိ၏။ ထို့ကြောင့် ဒီမိုကရေစီစနစ်ပုံစံဖြင့် မဲပေးဆုံးဖြတ်ကြရန် စီစဉ်လိုက်၏။
တစ်ချက်ခုတ်သုံးချက်ပြတ်ပင်တည်း။ မဟာဒေဝလည်းအနိုင်ရ၊ မင်းကြီးကိုလည်း အဂတိလိုက်သည်ဟု ဆိုမည်မဟုတ်။
ဆုံးရှုံးသည့်သံဃာများအားလည်း အာဏာစက်ဖြင့် နှိပ်ကွပ်နိုင်မည်ဖြစ်၏။ တိမ်တောင်သဖွယ် မင်းရေးကြွယ်လေစွတကား။
ရွေးကောက်ပွဲနေ့။
နှစ်ဘက်သံဃာတော်တို့သည် ကျောင်းတိုက်အတွင်းရှိမဏ္ဍပ်ထဲတွင် နေရာကိုယ်စီယူထားကြပြီဖြစ်၏။
သံဃာ့ပရိသတ်သည် များပြားလှ၏။ တစ်သွေးတစ်ရောင်တည်းဖြစ်၏။
အယူဝါဒကွဲပြားလင့်ကစား သင်္ကန်းဝတ်ရုံထားပုံမှာ အတူတူသာဖြစ်၏။
မင်း မှူးမတ် လူပရိသတ်တို့ အစုံအလင်ရောက်ရှိနေကြ၏။ အတိုက်အခံဖြစ်သည့်မဟာဒေဝနှင့်
လက်ရှိအာဏာရ (ဗုဒ္ဓဝါဒီ)သံဃာ့ခေါင်းဆောင်တို့၏ ရွေးကောက်ပွဲကား စတင်လေပြီတည်း။
ရဟန္တာအားလုံးနှင့်အရိယာသံဃာများသည် လက်ရှိဗုဒ္ဓဝါဒီရဟန်းတော်ဘက်မှ ရပ်တည်ကြ၏။
ပုထုဇဉ်ရဟန်းသာမဏေအချို့လည်း လက်ရှိအာဏာရဗုဒ္ဓဝါဒီရဟန်းတော်ကိုပင် ထောက်ခံမဲပေးကြ၏။
သို့သော် အရိယာမဟုတ်သေးသည့် ပုထုဇဉ်ရဟန်းသာမဏေအများစုတို့သည်
မဟာဒေဝအား တစ်ညီတစ်ညွတ်တည်း မဲပေးကြလေ၏။ အများစုက မဟာဒေဝအား မဲပေးကြခြင်းမှာ အကြောင်းနှစ်မျိုးရှိ၏။
မဟာဒေဝအား ယုံကြည်လေးစား၍မဲပေးခြင်းနှင့် မင်းပြစ်မင်းဒဏ်သင့်မည်စိုး၍ မဲပေးခြင်းတို့ဖြစ်၏။
ရွေးကောက်ပွဲမတိုင်ခင် ကောလာဟလ သတင်း ထွက်ပေါ်နေခဲ့၏။ မဟာဒေဝကို မထောက်ခံသည့်
ရဟန်းသာမဏေများအား မင်းအမိန့်ဖြင့် ကွပ်မျက်သုတ်သင်မည် ဟူ၏။ ထို့ကြောင့် မဟာဒေဝသည်–ထောက်ခံမဲ–များစွာရရှိသွားလေ၏။
ရွေးကောက်ပွဲကား–ပြီးဆုံးသွားလေပြီ။
အကြောင်းအမျိုးမျိုးတို့ကြောင့် လက်ရှိအာဏာရဗုဒ္ဓဝါဒီရဟန်းတော်တို့ဘက်မှ မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်လေ၏။
အတိုက်အခံ မဟာဒေဝဘက်မှ မဲအပြတ်အသတ်ဖြင့် အနိုင်ရလေ၏။
မင်းကြီး၏မျက်နှာ၌ နှစ်သက်မှုအရိပ်အရောင်များ ထင်ဟပ်နေ၏။
မဟာဒေဝ၏ မျက်နှာသည်လည်း ပီတိတို့ဖြင့် ဖုံးလွှမ်းနေလေ၏။
အောင်ပွဲရစစ်သူကြီးကဲ့သို့ ကြွားကြွားဝံ့ဝံ့ရှိနေ၏။
မဟာဒေဝ၏ အယူဝါဒသည် ပါဋလိပုတ်ပြည်၏ တရားဝင် ဘာသာအယူဝါဒ–ဖြစ်သွားလေပြီတည်း။
မင်းကြီးသည် ပေးထားသည့်ကတိအတိုင်း မဟာဒေဝ၏အယူဝါဒကို နိုင်ငံတော်ဘာသာ အဖြစ်
တရားဝင် စာထွက်ပေး၏။ ကြေငြာပေး၏။ အခမ်းအနား ကျင်းပပေး၏။
ပြည်သူပြည်သားတို့အားလည်း အနိုင်ရသူမဟာဒေဝ၏ ဘာသာကိုသာ ကိုးကွယ်ဆည်းကပ်ကြဖို့ ဥပဒေ ထုတ်ပြန်လေ၏။
ရွေးကောက်ပွဲ၌ ဆုံးရှုံးသွားကြသည့် ရဟန္တာအရှင်မြတ်များနှင့်တကွ အားလုံးသော ရဟန်းသာမဏေတို့ကို
မင်းမိန့်ဖြင့် ကက်ရှမီးယားပြည်ဘက်သို့ ပြည်နှင်ဒဏ်ပေးလိုက်၏။ အချို ့ရဟန်းတို့ကို ရိုက်နှက်နှိပ်စက်၏။
အချို ့ရဟန်းတို့ကို ဖမ်းဆီးချုပ်နှောင်ပြီး မြစ်အတွင်းသို့ ပစ်ချကြ၏။
သို့သော် ထို ရဟန်း–အများစုတို့သည်–ဈာန်အဘိညာဉ်တန်ခိုးဖြင့်–အသက်ချမ်းသာရာ–ရကြကုန်၏။
ရွေးကောက်ပွဲ အနိုင်ရသူ မဟာဒေဝသည် သူ၏ အယူဝါဒကို နာမည်တစ်ခု ပေးလိုစိတ်ပေါ်လာ၏။
အဖွဲ့အစည်း ဖွဲ့တော့မည်ဆိုလျှင် အဖွဲ့အစည်း နာမည်ရှိဖို့ လိုအပ်လာသကဲ့သို့ ဖြစ်၏။
သူ၏ ဝါဒကို နာမည်ပေးဖို့ မဟာဒေဝသည် စဉ်းစား၏။ တွေးတော၏။ ကြံစည်၏။
နောက်ဆုံး၌ အဖြေတစ်ခု ရရှိသွားလေ၏။ သူစဉ်းစားသည်မှာ– ငါ၏ အယူဝါဒကို သံဃာအများစုက လက်ခံကြ၏။
ငါ၏အယူဝါဒသည် အလွန်မြင့်မြတ်၏။ ထို့ကြောင့် ငါ၏ အယူဝါဒကို–မဟာသင်္ဃိကဝါဒ၊–
ငါ၏–အဖွဲ့အစည်းဂိုဏ်းကို–မဟာသင်္ဃိကဂိုဏ်း–ဟု–ခေါ်တွင်တော့မည်–ဟူ၏။
ထိုအချိန်မှစ၍ နေ့မအား ညမအား လုံ့လစိုက်ထုတ်ပြီး ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ဖွဲ့စည်းပေးထားခဲ့သည့်
သံဃာ့အဖွဲ့အစည်းကြီးသည် နှစ်ခြမ်းကွဲသွားလေပြီတည်း။ နှစ်ဂိုဏ်း ကွဲသွားလေပြီတည်း။
မဟာဒေဝတို့၏ဂိုဏ်းကို မဟာသင်္ဃိကဂိုဏ်းဟု ခေါ်တွင်ပြီး
ဘုရားရှင် လက်ထက်ကစပြီး သံဃာ့ထေရ် အဆက်ဆက်သို့ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့် (ရွေးကောက်ပွဲရှုံးနိမ့်သွားသည့်)
ရဟန်းတော်တို့၏ ဂိုဏ်းကို ထေရဝါဒဂိုဏ်းဟု ခေါ်တွင်လေ၏။
(ယနေ့ထိ မြန်မာနိုင်ငံ၌ ကိုးကွယ်ဆည်းကပ်နေကြသည့် ဗုဒ္ဓဘာသာသည် ထေရဝါဒဂိုဏ်းဝင် (ဗုဒ္ဓဝါဒီစစ်စစ်) ဗုဒ္ဓဘာသာပင်ဖြစ်လေ၏။ ။ စကားချပ်)
********
အပိုင်း (၁၀) ဆက်ရန်
********